အ ချိန် တစ်ခု ရောက်လာရင် ဆရာဝန်ပြန်လုပ်ဖို့ ရည်ရွယ်ချက်ရှိပါတယ် ဖြိုးပြည့်စုံ

0
153

ဆရာဝန်ဘဝနဲ့ အဆိုတော်ဘဝ၊ ကာလအပိုင်းအခြားတစ်ခုမှာ ဘဝ ၂ ခုစလုံးကို ဖြတ်သန်းခဲ့သူ။ ဒေါက်တာ ဖြိုးပြည့်စုံရယ်လို့ ဖြစ်လာတဲ့အချိန်မှာ ဂီတလမ်းခရီးကိုလျှောက်လှမ်းဖြစ်ခဲ့သူ။ အဆိုတော်ဖြိုးပြည့်စုံရယ်လို့ ဖြစ်လာဖို့ အတွက်ကိုလည်း ကာလအတော်များများမှာ ပေးဆပ်ခဲ့ရတာတွေကလည်း အများကြီးဆိုတော့ကာ။ မိမိမှာလည်း ဂီတ ဘက်မှာ နာမည်ရလာပြီ။ ကြားဖူးတာ တစ်ခုကတော့ ဆရာဝန်တွေဆိုတာ သူတို့ရရှိထားတဲ့ ဆေးပညာတွေနဲ့ လူနာတွေကို ဆေးမကုသဘဲမနေနိုင် ကြဘူးလို့ကြားဖူးတယ်။ ဖြိုးပြည့်စုံ ရော အဆိုတော်အလုပ်လုပ်ကိုင်ရင်း ဆေးကုသပေးတာမျိုးတွေ ရှိ၊ မရှိနဲ့ ဆရာဝန် တစ်ယောက်အဖြစ် ပြန်လည်ရပ်တည်ဦးမလားလို့ မေးဖြစ်တဲ့အခါ …

“တကယ်တမ်းက အနုပညာ အပေါ်မှာအချိန်ပိုပေး ဖြစ်နေတာ။ အစ်ကိုတို့ ခရီးတွေသွားရတယ်။ ပြန်လာရင် သီချင်းသွင်းရတယ်။ အခွေထွက်ဖို့ကြိုးစား ရတယ်။ သီချင်း သစ်ထွက်မှပဲ ပရိသတ်တွေက ထပ်အားပေးမယ်။ အဲဒီလို သံသရာကလည်နေတာပေါ့နော်။ အမှန်အတိုင်းပြောရရင် ဆေးပညာမှာ အဲဒီလိုအဆက်ပြတ်သွားလို့ရှိရင် လူနာရဲ့ ယုံကြည်မှု၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကတော့ နည်းသွား တာပေါ့နော်။ အစ်ကိုတို့ကတော့ အခြေခံကျန်းမာရေး ကာကွယ်စောင့်ရှောက်မှုတွေ၊ ကုသမှုတွေကတော့ ခေါင်းထဲ မှာလည်းရှိတယ်။ ဒီလောက်ကတော့ အစ်ကိုတို့လုပ်နိုင် တယ်။Basic Management ကိုတော့ အစ်ကိုတို့ ခေါင်းထဲမှာ ရှိနေပြီးသားဆိုတော့ အစ်ကိုအပါအဝင် ကိုယ့် ပတ်ဝန်းကျင်က ရင်းနှီးသူတွေ အားလုံးကို အကြံဥာဏ် ပေးတာမျိုးပဲဖြစ်ဖြစ်၊ ရောဂါဖြစ်လာရင် ကုသပေးတာ ပဲဖြစ်ဖြစ် လုပ်ပေးနိုင်တာပေါ့နော်။ အဲဒီအတွက်ကတော့ ပီတိဖြစ်ပါတယ်။ ဆိုတော့ ကိုယ်တတ်နိုင်တဲ့အတိုင်းအတာ မှာ လက်လှမ်းမီတာလေးကို ကုပ်ကပ်ထားသေးတယ်။ ဘယ် အချိန်မှာတော့ မေ့သွားမလဲမသိဘူး။ မမေ့အောင်လည်း ကြိုး စားပါ့မယ်လို့။ ဘာဖြစ်လို့လဲဆိုတော့အချိန် တစ်ခုရောက်လာရင် ဆရာဝန်ပြန် လုပ်ဖို့ ရည်ရွယ်ချက်ရှိပါတယ်’လို့ ဖြိုးပြည့်စုံက ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here