ပုဂံရာဇဝင်ထဲက မယ်တော်လှစေတီတော်

0
290

မြန်မာ့ရာဇဝင်တွင် တကောင်း အဘိရာဇာမှသည် ကုန်းဘောင်ခေတ် နောက်ဆုံးမင်းဆက် သီပေါအထိ တိုင်းပြည်အုပ်ချုပ်သူများကို မင်းသို့ မဟုတ် ဘုရင်ဟု သတ်မှတ်ကြ၏။ ထိုသို့သော မင်းအပေါင်းတို့သည် တိုင်းသူပြည်သားများအပေါ်တွင် သက်ဦးဆံပိုင်ပဒေသရာဇ်စနစ်ဖြင့် စိုးမိုးအုပ်ချုပ်ခဲ့ကြ၏။ မြန်မာ့ရာဇဝင် ၌ ပုဂံခေတ်သည် အနှစ်တစ်ထောင့် သုံးရာနီးပါးရှည်လျားခဲ့ပြီး မင်း ၅၅ ဆက်အထိ စိုးမိုးအုပ်ချုပ်ခဲ့သည်။

မြန်မာ့ရာဇဝင်ထဲက ဘုရင်များ အနက် ပုဂံပြည်ကို ကောဇာသက္ကရာဇ် ၄၅၅ ခုနှစ်မှ ၅၃၁ ခုနှစ်ထိ ၇၅ နှစ် ကြာ ထီးနန်းစိုးစံခဲ့သော အလောင်း စည်သူမင်းသည် များစွာထူးခြားမှုရှိ သောသူဖြစ်သည်။ မိခင်က မွေးဖွား ပြီးနောက် နို့စို့အရွယ် ပုခက်တွင်းမှာ ပင် ထီးနန်းစံရန် လျာထားခံရသော အိမ်ရှေ့စံ (သို့မဟုတ်) ရင်ခွင်ပိုက် ဘုရင်ဖြစ်လာခဲ့သူဖြစ်သည်။ စောလူး မင်း၏ သားတော် စောယွန်းမင်းသား နှင့် ကျန်စစ်သား၏ သမီးတော် ရွှေအိမ်စည်မင်းသမီးတို့မှ မွေးဖွား လာသူ။ ကျန်စစ်မင်းကြီး၌ သားတော် ရာဇကုမာရ မင်းသားသားတော် ရှိလျက် မြေးတော် အလောင်းစည်သူ က ထီးနန်းဆက်ခံခွင့်ရသူ နန်းညွန့် နန်းလျာဖြစ်ခဲ့၏။ မြန်မာ့ရာဇဝင်တွင် အလောင်းစည်သူနှင့် အလောင်း ဘုရား ဦးအောင်ဇေယျတို့ နှစ်ဦးသာ အလောင်းဟူသော ဂုဏ်ထူးဝိသေ သနာ ပါသူများဖြစ်ကြသည်။

ကွမ်းခေတ်ကြောင်ဖြူသည် သိ ကြားမင်းထံမှ ကြိမ်စကြာနှင့် အရိန္ဒ မာလှံကို ဆက်သခံရသော်လည်း အလောင်းစည်သူအား သိကြားမင်း သရက္ခန်ဗုဒ္ဓရုပ်ပွားတော်များ ဆက် သခဲ့သည်။ မြင်းမိုရ်တောင်အထိ သွား ချင်သူမှာလည်း အလောင်းစည်သူ ဖြစ်၏။ သီဟိုဠ်ဘုရင်က သင်္ဃန်းနက် ဖောင်တော်နှင့် ဗုဒ္ဓဆင်းတုတော် ဆက်သခံရပြီး ရှင်ဖြူရှင်လှဘုရား ၂ ဆူကို နတ်တို့ ဆက်သခဲ့သည့် လက် ညှိုးညွှန်ရာ ရေဖြစ်သောသူမှာလည်း အလောင်းစည်သူတစ်ယောက်သာရှိ ပေသည်။

တကောင်းခေတ်၊ သရေခေတ္တ ရာခေတ်၊ ပုဂံခေတ်၊ ပင်းယခေတ်၊ စစ်ကိုင်းခေတ်၊ အင်းဝခေတ်၊ အမရ ပူရခေတ်၊ တောင်ငူခေတ်၊ ဟံသာဝ တီခေတ်၊ ကုန်းဘောင်ခေတ်တို့တွင် စိုးစံခဲ့သော ဘုရင်များအနက် ဇမ္ဗူ ဒိတ်တစ်ကျွန်းလုံးကို ဖောင်စကြာဖြင့် လှည့်လည်ခဲ့သော မင်းမှာလည်း အလောင်းစည်သူပင်ဖြစ်သည်။

အလောင်းစည်သူသည် သူ၏ မင်းနေပြည်တော်ထီးနန်းစိုက်ရာ ပုဂံ တွင် ရွှေကူကြီးနှင့် သဗ္ဗညုဘုရား ၂ ဆူသာ တည်ခဲ့သော်လည်း ပုဂံ၏ ပြင်ပဒေသအနှံ့အပြားတွင် ဘုရားပု ထိုးအများဆုံးတည်ခဲ့သူလည်းဖြစ် သည်။ ကွမ်းခေတ်ကြောင်ဖြူကို သိ ကြားမင်းဆက်သသော ကြိမ်စကြာ သည် အလောင်းစည်သူ၏ လက် ထက်တိုင်ရှိနေသေးသော်လည်း ¤င်း နောက် မင်းများ၏ လက်ထက်တွင် အလိုအလျောက် ပျောက်ကွယ်ခဲ့ပုံရ သည်။ အရိန္ဒမာလှံနှင့် ကြိမ်စကြာတို့ ရာဇဝင်ထဲမှ တိမ်မြုပ်ပျောက်ကွယ် သွားတော့သည်။

အလောင်းစည်သူမင်း၏ ကျေး ဇူးကြောင့် သိကြားမင်းဆက်သခဲ့ သော သရက္ခန်ဗုဒ္ဓရုပ်ပွားတော်မြတ် များကို မြန်မာနိုင်ငံတွင် ယနေ့တိုင် ဖူးမြော်နေရခြင်းဖြစ်သည်။ ယခု ပခုက္ကူဒေသသည် အလောင်းစည်သူ မင်းနှင့် မယ်တော်ရွှေအိမ်စည်တို့ ပဋ္ဌာန်းဆက်မကင်းဆိုရပေမည်။ အလောင်းစည်သူမင်းအား သီဟိုဠ်ဘု ရင်ဆက်သလိုက်သော ဗုဒ္ဓဆင်းတု တော်သည် ယခုပခုက္ကူမြို့ရှိ သီဟိုဠ် ရှင်မြတ်စွာဘုရားကြီးအတွင်း၌ အနှစ် ၉ဝဝ တိုင်တိုင် ကိန်းဝပ်စံပယ် တော်မူလျက်ရှိသည်။ သိကြားမင်း ဆက်သလိုက်သော သရက္ခန်ဗုဒ္ဓရုပ် ပွားဆင်းတုတော်မြတ်များသည် လည်း ပခုက္ကူဒေသရှိ ရွှေကန့်တစ် ရွာ၊ ဆင်ကြို့ရွာ၊ ပခန်းကြီးရွာ၊ ရှင်မ တောင်တို့၌ အသီးသီးကိန်းဝပ်တော် မူလျက်ရှိသည်။ ပုဂံ၌ တစ်ဆူမျှ ကိန်းဝပ်တော်မမူခြင်းကလည်း လွန် စွာထူးခြားလှပါသည်။

အလောင်းစည်သူမင်းသည် ကောဇာသက္ကရာဇ် ၄၈၁ ခုနှစ်တွင် ဆင် ၁၄ စီးခံသည့် ဒုတိယသရက္ခန် ဗုဒ္ဓဆင်းတုတော်မြတ်ကို ပုဂံ၏ အထက်မြစ်ညာဒေသကွန်းရွာအနီး နာဂရွှေကြီးဆင်တော်တန့်တစ်သည့် နေရာ၌ ချုံနွယ်ပိတ်ပေါင်းများကြား တွင် သီရိဓမ္မသောကမင်းတည်ထားခဲ့ သော စေတီပေါင်း ၈၄ဝဝဝ အနက် မှ တစ်ဆူကို ပျက်စီးယိုယွင်းလျက် တွေ့မြင်ရသဖြင့် ပြန်လည်ပြုပြင်ပြီး နောက် သရက္ခန်ဗုဒ္ဓရုပ်ပွားတော် မြတ်ကိန်းဝပ်စံပယ်တော်မူရန် လိုဏ် မုခ်ပါစေတီကို တည်တော်မူသည်။ ထိုစေတီတော်သည် ယခုအခါ ပခုက္ကူ မြို့နယ်ရှိ ရွှေတန့်တစ် သရက္ခန် မြတ်စွာဘုရားပင်ဖြစ်လေသည်။

ပုဂံနေပြည်တော်မှ ဗိသုကာ ပညာကျွမ်းကျင်သော အမတ်တစ်ဦး နှင့် ကွန်းရွာသံပျင်တို့ကို ကြီးကြပ်စီမံ စေလျက် ၄ လနီးပါးကြာဆောင်ရွက် ခဲ့ရသည်။ ဘုရားတည်စဉ်ကာလတွင် မင်းကြီးသည် အခါအားလျော်စွာ ကြွရောက်ရှုစားတော်မူသလို လိုဏ် တော်ပိတ်ပွဲကိုလည်း ကိုယ်တိုင်ကြွ တော်မူသည်။ ထိုသို့ကြွရောက်တိုင်း ဖောင်စကြာဖြင့် လာရောက်လေ့ရှိရာ အလောင်းစည်သူမင်း၏ မယ်တော် ရွှေအိမ်စည်လည်း လိုက်ပါလာလေ့ ရှိ၏။ အခါတစ်ပါးတွင် မယ်တော်ရွှေ အိမ်စည် အပြင်းအထန်နာ မကျန်း ဖြစ်သောကြောင့် ဖောင်တော်ဖြင့် ပုဂံသို့ ပြန်လည်စုန်ဆင်းလာရာ ကွန်းရွာနှင့် မြင်သာရွာ၏ အကြား တစ်နေရာတွင် ရောက်ရှိခိုက် မယ် တော်ရွှေအိမ်စည်မှာ ပြင်းထန်သော ဝေဒနာကို မရှုမလှခံစားလျက် ကံ တော်ကုန်ခဲ့ရလေသည်။ ထိုဧရာဝတီ မြစ်ဆိပ်ကမ်းနေရာကို အမှတ်တရ အဖြစ် စေတီတစ်ဆူတည်စေခဲ့ပြီး “မယ်တော်မလှ” စေတီဟု ဘွဲ့တော် နာမခေါ်တွင်ခဲ့သော်လည်း ခေတ် ကာလရွေ့လျောလာသောအခါ မယ် တော်လှဟူ၍ ဘွဲ့တော်တွင်သည်။ ရွှေ တန့်တစ်ရွာ၏ အောက်ဘက်ဧရာဝတီ မြစ်ကမ်းနဖူး၏ တစ်နေရာတွင် ယနေ့ တိုင်တည်ရှိနေဆဲဖြစ်၍ အနှစ် ၉ဝဝ ပြည့်မြောက်တော့မည်ဖြစ်ပါသည်။

ယခုအခါ “မယ်တော်လှ” စေတီ တော်၏ ဥာဏ်တော် ၃၂ တော်ခန့် ရှိ စေတီအဖြစ် ဖူးမြှော်ရသည်။ မဟာရံတံတိုင်း၊ အာရုံတန်ဆောင်းတို့ နှင့်အတူ သစ်ပင်ကြီးများ အုပ်ဆိုင်း ဝန်းရံလျက် တိတ်ဆိတ်ငြိမ်းချမ်းသော နေရာတစ်ခုအဖြစ် တည်ရှိနေသည်။ မယ်တော်ရွှေအိမ်စည်မှာ အယူတိမ်း ၍ နတ်စိမ်းဖြစ်သည်ဆိုကာ ¤င်းအ တွက် နတ်နန်းတစ်ခုကိုပါ ဆောက် လုပ်သတ်မှတ်ပေးထားသဖြင့် နှစ်စဉ် နှစ်တိုင်းပင် နတ်ကတော်များ လာ ရောက်၍ ကနားပေးလေ့ရှိသည်။ ပဋ္ဌာန်းဆက်ရှိသူတို့ကို စေတီတော် အနီးတစ်ဝိုက်မှ ရွှေအိုး၊ ငွေအိုး၊ ရွှေ လင် ဗန်း၊ ငွေလင်ဗန်းများပေးလေ့ရှိ သည်။ အစောင့်အရှောက်လည်း ကြီး လှသည်။

ရှေးမင်းတို့သည် ဘုရင်၊ မိဖု ရား၊ မင်းညီမင်းသားများ သေဆုံး လျှင် ခမ်းနားထည်ဝါစွာ သင်္ဂြိုဟ်ခြင်း ပြုလေ့ရှိပြီး အရိုးပြာကိုယူ၍ အိုးဖြင့် ထည့်ကာ အုတ်ဂူသွင်းလေ့ရှိသည်။ အင်းဝ ခေတ်ကုန်းဘောင်ခေတ်ဘုရင် များ၏ အုတ်ဂူများကို ယနေ့တိုင်တွေ့ မြင်ရသော်လည်း ပုဂံခေတ်က ဘုရင် အုတ်ဂူများကိုမူ မတွေ့ရတော့ချေ။ မယ်တော်လှစေတီတော်သည် ရွှေ အိမ်စည်မယ်တော်၏ အရိုးပြာအိုးကို ဋ္ဌာပနာ၍ စေတီတည်ထားခြင်းတော့ မဖြစ်တန်ရာပေ။ ပေါက်အင်းအရပ်၌ သေဆုံးခဲ့သော မယ်စိမ့်ညိုကဲ့သို့ပင် နတ်စိမ်းဖြစ်သောအခါ ကိုယ်ထင်ပြ ၍သော်လည်းကောင်း၊ အိမ်မက်ပေး ၍သော်လည်းကောင်း နတ်ကွန်း တောင်းခဲ့သောကြောင့်လာလျှင် ထို နေရာ၌ အမှတ်တရစေတီနှင့် နတ် ကွန်းတို့ တည်ထားခြင်းဖြစ်ဖွယ်ရှိ သည်။

အလောင်းစည်သူမင်းသည် “မယ်တော်လှစေတီ”တည်ထားပြီး နောက် အနှစ် ၅ဝ ခန့်ကြာမှ နတ် ရွာစံခဲ့သည်ဖြစ်၍ မယ်တော်၏ ဝိညာဉ်ရှိရာ မယ်တော်လှစေတီသို့ အနည်းဆုံးတစ်နှစ်တစ်ခေါက်တော့ အလွမ်းပြေလာရောက်ခဲ့ပေလိမ့် မည်။ မိခင်ကို လွမ်းဆွတ်ပေလိမ့် မည်။ သတိရပေလိမ့်မည်။ အောက် မေ့ပေလိမ့်မည်။ အလောင်းစည်သူ နတ်ရွာစံပြီးနောက် နာမ်လောတွင် လည်း သတိရပေလိမ့်မည်။ လာ ရောက်ပေလိမ့်မည်။ အလောင်းစည် သူမင်းနှင့် မယ်တော်ရွှေအိမ်စည်တို့ သည် မြန်မာ့ရာဇဝင်ထဲမှာ ထွက်ခွာ သွားကြပြီဖြစ်သော်လည်း သူတို့၏ သမိုင်းခြေရာအဖြစ် လွမ်းမောဖွယ် ရာ မယ်တော်လှစေတီသည်ကား ဧရာဝတီမြစ်၏ ကမ်းနဖူးတစ်နေရာ ဝယ် တိတ်ဆိတ်ငြိမ်းချမ်းစွာဖြင့် ယခု တိုင်တည်ရှိနေဆဲဖြစ်သလို စေတီ တော်၏ အောက်ရှိ ကမ္ဘာမြေကြီးမှာ လည်း ကျောက်ဆောင်ကျောင်းသား အတိဖြစ်၍ သာသနာနှစ် ၅ဝဝဝ တိုင် သာမက ကမ္ဘာဆုံးတိုင် အဓွန့် ရှည်ကြာ တည်တံ့ခိုင်မြဲလျက်ရှိနေ မည်မှာ အမှန်ပင်ဖြစ်ပါတော့သ တည်း။

သန်းလင်း (ရွှေချောင်း-ပခုက္ကူ)


LEAVE A REPLY

Please enter your comment!
Please enter your name here