ကပြရင်းနဲ့ စင် ပေါ်မှာပဲ အ သေခံမယ်ဆိုတဲ့ လူရွှင်တော် ပွမ်ပွမ်

0
234

လူရွှင်တော်ပွမ်ပွမ်က လိပ်ခေါင်းရောဂါနဲ့ပတ်သက်လို့ ဆေးကုသမှုခံယူလျက် ရှိပါတယ်။ မကြာခင်မှာလည်း ခွဲစိတ်ကုသဖို့ စီစဉ်ထားပြီး အဲဒီ့အတွက်လည်း ငွေကြေး စုဆောင်းနေရတယ်လို့ သိရပါတယ်။

“ဆေးရုံတက်ရောက်ခွဲစိတ်ကုသရက်ကတော့ ချိန်နေတုန်းပါပဲ။ သူ့မှာရှိတဲ့ ငွေကြေးနဲ့ ချိန်နေရတာပေါ့လေ။ ကုန်ကျမယ့်စရိတ်နဲ့ နိုင်မနိုင် ပြန်စဉ်းစားနေရတာ ပေါ့လေ။ အခုကလည်း ယောင်နေတော့ ချက်ချင်းကြီး ခွဲစိတ်လို့မရဘူးဖြစ်နေတယ်။ နေမကောင်းဘူးဆိုလို့ စိုးရိမ်နေကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ပရိသတ်တွေရဲ့မေတ္တာတရားက အေးမြပါတယ်။ ဒီလိုအေးမြမှုတွေရယ် ပီတိတွေနဲ့ ရှင်သန်နေရတာပါ။ ပရိသတ်တွေရဲ့ မေတ္တာတွေကြောင့် ရောဂါက တစ်ဝက်သက်သာ ရပါတယ်။ နောက်ထပ်လည်း ပရိသတ်တွေအတွက်ကို အနုပညာတွေအများကြီးနဲ့ ပေးဆပ်ပါဦးမယ်လို့ သူငယ်ချင်းကိုယ်စားပြောချင်ပါတယ်” လို့ သူငယ်ချင်းဖြစ်သူ ပွမ်ပွမ်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး လူရွှင်တော်ချစ်ချောက ပြောပြ ပါတယ်။ လူရွှင်တော်ချစ်ချောနဲ့ ပွမ်ပွမ်တို့ သူငယ်ချင်းနှစ်ယောက်ရဲ့ သူငယ်ချင်း သက်တမ်းက နှစ်၂ဝ ကျော်ခဲ့ပြီဖြစ်ပြီး မခွဲအတူတူနဲ့ အနုပညာလောကထဲမှာ လျှောက် လှမ်းနေကြသူ နှစ်ဦးပဲဖြစ်ပါတယ်။ တစ်ယောက် အခက်အခဲဖြစ်ရင် တစ်ယောက် အကူအညီပေးသလို တစ်ယောက် နေမကောင်းဖြစ်ရင်လည်း တစ်ယောက်က ဘေးမှာ အမြဲစောင့်ရှောက်ပေးလျက် ရှိပါတယ်။ အခုဆိုရင်လည်း သူငယ်ချင်းဖြစ်သူ ပွမ်ပွမ်ရဲ့ ဘေးမှာ ချစ်ချောက အမြဲရှိနေပြီး သူငယ်ချင်းဖြစ်သူရဲ့ လိုအပ်မှုမှန်သမျှကို ကူညီ လုပ်ဆောင်ပေးနေလျက်ရှိပါတယ်။

“ကျွန်တော်ဆေးရုံတက်တဲ့ အချိန်ကနေ အခုအချိန်အထိ ငွေကြေးထောက်ပံ့ပေးတဲ့ ရန်ကုန်လူရွှင်တော်အသင်းမှ အသင်းသားများနဲ့ အနယ်နယ်အရပ်ရပ်က အနုပညာ ညီအစ်ကိုမောင်နှမများအားလုံး၊ အနုပညာချစ်သူများ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်က ကရင်းပဲ စင်ပေါ်မှာ အသေခံမယ်လို့ ပရိသတ်တွေ၊ အလှူရှင်တွေ စိတ်ချမ်းသာဖို့ ရွေးချယ်လိုက်ပါပြီ” လို့ လူရွှင်တော် ပွမ်ပွမ်က ပြောပြပါတယ်။ လူရွှင် တော်ချစ်ချောနဲ့ ပွမ်ပွမ်တို့နှစ်ယောက်က ရွှေဖလားလူရွှင်တော်ပြိုင်ပွဲကနေ ပရိသတ်တွေ ရဲ့ အားပေးမှုကို ရရှိလာခဲ့ကြတဲ့ လူရွှင်တော်နှစ်ဦးပဲဖြစ်ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here