တစ်သက်လုံး သီချင်းဆိုချင်တဲ့အတွက် ဖက်ရှင်ဆိုင်ဖွင့်ခဲ့ခြင်းဖြစ်ကြောင်း နေဝင်း (Snare) ပြောပြ

0
236

 Snare အဖွဲ့အနေနဲ့ သီိချင်း ဆိုတယ်။ နောက်ပြီးOMG ဆိုတဲ့ Clothing ဆိုင်လည်းဖွင့်ထားတယ်။ သူ့နာမည်က နေဝင်း (Snare)၊ အဖွဲ့က သီချင်းတွေ သိပ်မဆိုတော့ဘူး။ အင်္ကျီချည်းပဲ ရောင်းစားနေတယ် ဆိုတဲ့ ဝေဖန်သံတွေလည်း ကြားနေရတယ်။ အဲဒီအပေါ် နေဝင်းကို မေးမြန်းခဲ့တာလေးရှိပါတယ်။ သူပြောတဲ့ စကားလေးကလည်း သဘာဝကျလှပါတယ်။ လောကမှာ ကိုယ့်လမ်း ကိုယ်လျှောက် ရတာပါ။ လဲကျတဲ့အခါမှာလည်း ကိုယ့်ဘာသာကိုယ် ပြန်ထရတာပါ။ နေဝင်းပြောပြ တာက …

“ကျွန်တော်တို့က ၂ ယောက်ဖြစ်တော့ ရတဲ့ပိုက်ဆံကို တစ်ယောက် တစ်ဝက်ခွဲရတယ်။ ကျွန်တော်တို့ ဘဝရပ်တည်မှုအတွက် အခက်အခဲ အများကြီးရှိတယ်။ အဲဒီအတွက် ကျွန်တော်တို့ သီချင်းကို ကျွန်တော် တို့ထိန်းထားပြီးလုပ်လို့ရဖို့ အတွက်ကို ကျွန်တော်တို့စဉ်းစားတယ်။ ကျွန်တော့်ကောင်မလေးက အရင်တုန်းက နိုင်ငံခြားနဲ့ အဆက် အသွယ်လုပ်ပြီး ပစ္စည်းတွေရောင်းတယ်။ ကျွန်တော့်သူငယ်ချင်း တွေကို နိုင်ငံခြားကနေ အင်္ကျီတွေ မှာပေးတယ်။ လုပ်ရင်း၊ လုပ် ရင်းနဲ့ ကျွန်တော် လမ်းကြောင်းကို တွေ့သွားတယ်။ ဆီးဂိမ်းလုပ် တော့ မြန်မာနိုင်ငံမြေပုံနဲ့ ဦးထုပ်ရယ်၊ အင်္ကျီရယ်ထုတ်တယ်။Local Brand တွေထဲမှာTraditional နဲ့ Brand ထုတ်ပြီး ရောင်းတာ ကျွန်တော် ပထမဦးဆုံးပဲ။ အကြောင်းအမျိုးမျိုး ကြောင့် ကျွန်တော့်ဘာသာ ဆိုင်ဖွင့်တာ နည်းနည်းလေး နောက် ကျသွားတယ်။ ဒါပေမဲ့ အဲဒီလိုမျိုးတွေလုပ်ဖြစ်ခဲ့ရင်း ပေါက် သွားတယ်။ ကျွန်တော်တို့ရဲ့ရပ်တည်မှုက အဆင်ပြေသွားတယ်။ အဲဒီ တော့ ရှိုးပွဲတွေကို အေးအေးဆေးဆေး ဆိုချင်တဲ့ရှိုးကို ဆိုလို့ရပြီး ရပ်တည်လို့ရအောင် ကျွန်တော်တို့ ဖန်တီးထားတာ။ ဒါလေးကိုတော့ ပရိ သတ်က ကျွန်တော်တို့ကို နားလည်စေ ချင်ပါတယ်။ ကျွန်တော်တို့ရလာ တဲ့နာမည်အပေါ်မှာ ရောင်း ချတာတော့မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘဝ နေထိုင်မှု အတွက်ကို လမ်းကြောင်းဖောက်တာပါ။ ကျွန်တော်တို့ ဝါသနာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့လုပ်တာ သက်သက်ပါ။ အဲဒါကို ကျွန်တော်တို့ မရောထွေးထားပါဘူး။ အဲဒါလေးကို ပြောပြချင်တာပါ” လို့ နေဝင်းက ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here