ငွေကြေး မတတ်နိုင်တဲ့သူတွေကို ရဟန်းခံရှင်ပြုအလှူလုပ်ပေးမယ့်ခန့်စည်သူ

0
297

သီဟသုဓမ္မမဏိဇောတဓရ၊ အဘိ ဓမ္မဓရအကယ်ဒမီခန့်စည်သူက မိဘ နှစ်ပါးဖြစ်တဲ့ ဦးဝင်းဆွေနဲ့ဒေါ်မင်းသွယ် နုတို့ကို ဦးထိပ်ထားပြီး နှစ်သစ်အကြို အလှူမင်္ဂလာအဖြစ် ပိဋကဂုဏ်ရည် ၃ ထပ်ကျောင်းဆောင် ပိဋကတိုက်တော် ရတနာအုတ်မြစ်တော်စီမင်္ဂလာ၊ ရဟန်း ပဉ္ဇင်း ၁ဝ ပါး ၊ ရှင်သာမဏေ ၁ဝ၈ ပါး တို့ကို သာသနာ့အမွေခံယူမယ့် အလှူ တော်မင်္ဂလာကို ဧပြီလ ၇ရက်နေ့မနက် ၉နာရီမှာ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဓမ္မဝိ ဟာရပထမကျော်စာသင်တိုက်နှင့် ဓမ္မ ရိပ်သာမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ရဟန်းခံရှင်ပြုအလှူတော်မင်္ဂလာပွဲပြု လုပ်ဖြစ်ပုံကိုတော့ ခန့်စည်သူက …

“ကျွန်တော်တစ်ဦးတည်း ဒါယကာ အနေနဲ့ ရှင် ၁ဝ၈ပါးနဲ့ ရဟန်း ၁ဝ ပါး ကို ရဟန်းခံရှင်ပြုလုပ်ပါမယ်။ မြန်မာနှစ်ကူးခါနီးပြီလေ။ သင်္ကြန်နားနီးပြီဆိုရင် ရဟန်းခံရှင်ပြုတွေများကြပါတယ်။ ကျွန်တော်ကလည်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနဲ့ ငွေကြေးအင်အားမပြည့်စုံမတတ်နိုင်တဲ့ ကလေးတွေကို ရှင် ၁ဝ၈ ပါး ပြုပေးမှာပါ။ ဒုလ္လဘရဟန်းလည်း ၁ဝပါးပြုပေးမှာပါ။ ကျွန်တော် တစ်ယောက်တည်း အလှူမဟုတ်ပါဘူး။ ခုနစ်ရက်သားသမီး၊ ကျွန်တော်တို့ကို အားပေးနေတဲ့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ပရိသတ်တွေရဲ့အလှူပါ”လို့ ပြော ပါတယ်။ အဲဒီနေ့မှာပဲ ခန့်စည်သူဦးစီးဖွင့်လှစ်တဲ့ အလင်းပြကောင်းကင် ဒီဇိုင် နာပရဟိတအသက်မွေးသင်တန်းကျောင်း အပတ်စဉ် ၁ ဆင်းပွဲနဲ့ အပတ်စဉ် ၂ ဖွင့်ပွဲ မင်္ဂလာကိုလည်း ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဘာသာရေးနဲ့ အလှူ အတန်းတွေလည်း အမြဲမပြတ်လုပ်ဆောင်လေ့ရှိတဲ့ ခန့်စည်သူက ပဋ္ဌာန်းပါဠိ ၅ကျမ်းကို အနုပညာရှင်များ၊ မိတ်ဆွေသူငယ်ချင်းများနဲ့ပြင်ပက မသိကျွမ်းသူ များ၊ အလှူလာခံတဲ့အခါမှာလည်း တတ်နိုင်သလောက် လှူဒါန်းလေ့ရှိပါတယ်။ ကိုယ်တိုင်လည်း ပဋ္ဌာန်းရွတ်ဖတ်လေ့ရှိသူဖြစ်တဲ့ ခန့်စည်သူကပဋ္ဌာန်းရွတ်ဖတ်ရ တဲ့ အကျိုးကျေးဇူးနဲ့ပတ်သက်ပြီးတော့လည်း …

“ကျွန်တော်ကိုယ်တိုင်လည်း ပဋ္ဌာန်း ၅ ကျမ်း ရွတ်ဖတ်ရင်းနဲ့ စတုတÄတွဲ ပြီးပါတော့မယ်။ ကျွန်တော်တို့သိရတာတော့ ပဋ္ဌာန်းဆိုတာ အင်မတန် နက်နဲ ကျယ်ပြန့်တယ်။ ပြောမယ်ဆိုရင် မြတ်စွာဘုရားတောင်မှ ပဋ္ဌာန်း ဒေသနာတော် စီစဉ်တဲ့အခါမှာ ရောင်ခြည်တော်ကွန့်မြူးတယ်လို့ ဖတ်ရမှတ်ရပါတယ်” လို့ ပြောပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here