မြန်မာ့ရုပ်ရှင်နဲ့ ဗီဒီယိုကားများ တိုးတက်ဖို့ဘယ်သူ့မှာတာဝန်ရှိသလဲ

0
245

၂ဝ၁၇ ခုနှစ်အတွက် အကယ်ဒမီဆု ပေးပွဲကြီးကတော့ ကျင်းပပြီးစီး သွားပါပြီ၊ အကယ်ဒမီဆုရရှိတဲ့ဇာတ် ကားတွေမှာ စာရေးဆရာမတွေရေးသား တဲ့ ဝတ္ထုစာအုပ်တွေကို အနုပညာစိတ် နားလည်ခံစားတတ်မှုနဲ့ တန်ဖိုးကိုသိ ပြီး ဝယ်ယူရိုက်ကူးလို့၊ အနုပညာတန် ဖိုး သိစိတ်ရဲ့ တုံ့ပြန်ရရှိတဲ့ ထိုက်တန် ခြင်းလို့ဆိုရမှာပဲ ဖြစ်တယ်။

ရုပ်ရှင်ဆိုတာ ပရိသတ်ကို ငို စေ၊ ရယ်စေ၊ ပျော်ရွှင်စေ၊ ရင်ထဲမှာ တသိမ့်သိမ့် ခံစားကြည်နူးစိတ်ဖြစ်စေ၊ မကျေနပ်မှု ဒေါသဖြစ်စေ၊ မခံချင်မှု သွေးသတ္တိဖြစ်စေ၊ မကြောက်တရား တို့ ကင်းစင်စေပြီး အမှန်တရားကို မြတ်နိုးစေ၊ မတရားမှုကိုရင်ဆိုင်ရဲစေ၊ မကောင်းမှုအတွက်ပြုလုပ်ရမှာ အ ရှက်စိတ်ဖြစ်စေ၊ မကောင်းမှုကို ပြု လုပ်ရမှာ အကြောက်တရားဖြစ်စေ တတ်သော၊ ပရိသတ်များကို ပြုစားနိုင် စွမ်းရှိတဲ့အနုပညာအမျိုးအစားဖြစ် တယ်ဆိုတာကို ရုပ်ရှင်ထုတ်လုပ်သူ တိုင်း သိရှိထားဖို့လိုအပ်သလို၊ ဒါ ရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာ၊ သရုပ် ဆောင်တိုင်းလည်း သိရှိထားကြဖို့ လိုအပ်ပါတယ်။

ဘာကြောင့် အဲဒါတွေပြောရ သလဲဆိုတော့ ရုပ်ရှင်ဇာတ်ကား တစ် ကားရဲ့ အနုပညာအားကောင်းလာ ရင် ပရိသတ်ဆိုတာ အဲဒီအနုပညာ အသွင်သဏ္ဌာန်ရေစီးမှာ မျောပါလေ့ ရှိပါတယ်။ အဲဒီအခါ သရုပ်ဆောင် ဇာတ်ကောင်တို့ရဲ့ ဝေဒနာဟာ ပရိ သတ်များရဲ့ ဝေဒနာဖြစ်စေပါတယ်။ အဲဒါဟာ အနုပညာရသပဲဖြစ်တယ်။ ဒါကြောင့် ရုပ်ရှင်ဇာတ်ကားတစ်ကား ဖြစ်တည်လာတဲ့ အနုပညာပစ္စည်းဟာ တိုင်းပြည်အတွက် အရေးပါတယ် ဆို ရင် ကြီးကျယ်တယ်လို့ ထင်မယ်။ ရုပ် ရှင်ကို ပရိသတ်ကြည့်တယ်။ အဲဒီပရိ သတ်ဆိုတဲ့ ပြည်သူကြောင့် အစိုးရ ဆိုတာဖြစ်လာတာ။ အစိုးရဆိုတာ တိုင်းပြည်တစ်ပြည်ရဲ့ စီမံခန့်ခွဲပြုလုပ် ဆောင်ရွက်ခွင့်ရှိသူများပဲဖြစ်တယ်။

အစိုးရဟာ ဘယ်မူဝါဒနဲ့ စီမံဆောင် ရွက်အုပ်ချုပ်နေတာဖြစ်စေ၊ ပြည်သူ များအတွက် တရားဥပဒေဟာ အဂ တိကင်းရှင်းသော တန်းတူရည်တူရှိမှု၊ အမှန်တရားအတွက် မတရားမှုကို ရဲရင့်ရင်ဆိုင်ရဲမှုစတဲ့ အကြောင်း တရားနဲ့ ဖွဲ့စည်းတဲ့ဝတ္ထု မျိုးကို ရုပ်ရှင် အဖြစ် ဒါရိုက်တာက အသက်သွင်း ရှင်သန်စေပြီး၊ ပရိသတ်ထံ ပို့လွှတ် နိုင်ခြင်းဟာ တိုင်းပြည်တစ်ပြည်ရဲ့ အမှန်တရားထွန်းကားရေးတာဝန် ကျေခြင်းပဲဖြစ်တယ်။ တစ်ချိန်ကဆင် ဆာအကျပ်အတည်းကြောင့် အချစ် ဦးစားပေး၊ ပေါ်လစီ တစ်စိတ်တစ်ဖဲ့ ဇာတ်ကားမျိုးတွေနဲ့ ဖျော်ဖြေရေး ရုပ်ရှင်တွေ ရိုက်ကူးခဲ့ရတာလို့ နား လည်ထားပေးခဲ့တယ်။ အခုလို ပြည် သူ့အစိုးရလက်ထက် လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားခွင့်၊ ရိုက်ကူးပြသ ခွင့်ရတဲ့ကာလမျိုးမှာ အရင်အတိုင်းပဲ ဆိုရင်တော့ ပေါချောင်ကောင်းရုံလုပ် တတ်သူများလို့ဆိုရမှာပဲဖြစ်တယ်။

ဒါကြောင့် မြန်မာ့ရုပ်ရှင်နဲ့ ဗီဒီ ယိုဇာတ်ကားတွေ၊ ဘာတွေတိုးတက် လာသလဲလို့မေးရင် ခေတ်ကာလအရ ကုန်ကျစရိတ်တွေ တိုးတက်တယ်။ ခေတ်မီအဆောက်အဦများ၊ ဟို တယ်ကြီးများမှာ ရိုက်ကူးလို့ခံ့ညား တိုးတက်တယ်။ ကိုရီးယားဇာတ်ကား များလို လုပ်ငန်းရှင်၊ ကုမ္ပဏီပိုင်ရှင် ဆိုတဲ့ဇာတ်ကောင်မျိုးတွေ ဖန်တီးပြီး လုပ်ငန်းရှင်ပါးစပ်သူဌေးခန်းမျိုးတွေ များလာတာတိုးတက် (မှတ်ချက်- ပါးစပ်သူဌေးလို့ပြောရတာ လုပ်ငန်း ရှင်ဆိုပြီး လုပ်ငန်းမပြနိုင်လို့ ပြောရ တာပါ) ထူးခြားတဲ့ရိုက်ကွင်း ရိုက် ကွက်မပါဘဲ ကင်မရာနှစ်လုံး သုံးလုံး နဲ့ရိုက်ကူးတာ တိုးတက်တယ်။ ဘယ် တုန်းကမှ ဝတ္ထု တစ်ပုဒ်မရေးဖူးတဲ့ သူတွေက ဇာတ်လမ်း၊ ဇာတ်ညွှန်း တွေ ရေးကြသူမျိုးတွေ တိုးတက်၊ နိုင် ငံခြားရုပ်ရှင်ဇာတ်ကားတွေကို ဟိုက ဒီကဆက်စပ်ခိုးယူပြီး၊ ကိုယ်ပိုင်ဇာတ် လမ်းဖန်တီးမှုတွေ တိုးတက်တယ်။

နောက်တိုးတက်မှုတစ်မျိုးက လူ ငယ်ဒါရိုက်တာလေးတွေရဲ့ တွေးဆ မှုအသစ်၊ အယူအဆဒဿနတွေကို ရုပ်ရှင်အဖြစ်၊ ဗီဒီယိုအဖြစ် ရိုက်ကူး ပြီး ပြည်သူကို ပေးချင်တဲ့ ”message’ ကို ပေးတတ်တာမျိုးတွေ၊ အလင်းအမှောင်ပေးမှု အယူအဆ ကောင်းမှုတွေ ရုပ်ရှင်အနုပညာလော ကအတွက် အနာဂတ်ကျေနပ်စရာ ကောင်းတဲ့ တိုးတက်မှုတွေလည်း ရှိ ပါတယ်။ ဒါပေမဲ့ အလွန်နည်းပြီး ခပ်ပေါပေါ ဈေးကွက်မှာ အရောင်း သွက်ဖျော်ဖြေရေးဇာတ်ကားမျိုးတွေ ရိုက်ကူးသူတွေက များနေတယ်။ ဖျော်ဖြေရေးများရင် အပျော်လွန် တော့ပျက်၊ ဖျော်ဖြေမှုများတော့ ‘ဖျင်း’ စေတာမို့ ခေတ်ရဲ့ လူသားတွေ ‘ပျက်’စေအောင်၊ ‘ဖျင်း’စေအောင်လို့ ရိုက်ကူးပြသနေခြင်းလို့ပဲ ဆိုချင် တယ်။ အဲဒါဟာ ဆင်ဆာအဖွဲ့ရဲ့ ခွင့်ပြုမှုအပေါ် စဉ်းစားကြည့်စရာ ဖြစ်လာတယ်။ ရင်းနှီးလို့လား၊ အား နာလို့လား၊ မသိလို့လား၊ လွတ်လပ် ခွင့်ဆိုတဲ့ လူ့အခွင့်အရေး၊ လုပ်ပိုင်ခွင့် အခွင့်အရေးဆိုတာ တစ်ဦးတစ် ယောက် လွတ်လပ်မှုအခွင့်အရေးက တိုင်းပြည်အတွက် အကျိုးမပြု၊ ပြည်သူများအတွက် အကျိုးမပြု၊ အမျိုးဘာသာ သာသနာအတွက် အကျိုးမပြု၊ လူ့အဖွဲ့အစည်း လူ့ယဉ် ကျေးမှုတို့အတွက် အကျိုးပြုမှုမျိုး ”message’ကလေးမှ မပါဘူး ဆို ရင် ပြည်သူများ ကြည့်ရှုဖို့ ပို့လွှတ်ခွင့် ပြုသင့်သလား”ဆိုတာမျိုးကို ဆင်ဆာ အဖွဲ့က အများကြီးစဉ်းစားသင့်တဲ့ ကာလမျိုးပါ။

အခုအချိန်ဟာ ဒီမိုက ရေစီဆိုတဲ့ သဘောသဘာဝကို မြန်မာပြည်သူ ငါးပုံမှာ တစ်ပုံမျှသာ သိရှိနားလည်သေးတာမို့၊ ပြည်သူများ ကြား အိမ်တိုင်ရာရောက် ထိုးဖောက် စည်းရုံးခွင့်ရှိတဲ့ မြန်မာဗီဒီယိုဇာတ် ကားတွေ ရိုက်ကူးမှုမှာ အရေးကြီး တယ်လို့ ဆိုချင်ပါတယ်။ အဲဒါ ကြောင့် ဆင်ဆာအဖွဲ့ဟာ အထူး ဂရုစိုက်သင့်ပြီလို့ ဆိုချင်ပါတယ်။ ဆင်ဆာကသာ ပြည်သူတွေ သိပါစေ နားလည်ပါစေ၊ ထိန်းသိမ်းတတ်ပါစေ ဆိုတဲ့ စေတနာလေးရှိမယ်ဆိုရင် မြန်မာဗီဒီယိုဇာတ်ကားတွေ ယုတ္တိမဲ့ ဇာတ်လမ်း၊ အတွင်းကလိထိုး ဟာသ မျိုးတွေ ကင်းစင်လာသလို ခပ်ပေါ ပေါရိုက်၊ ခပ်ပေါပေါ ဗီဒီယို ဇာတ် ကားမျိုးတွေ ပျောက်သွားမှာပါ။ ဒါမှ အရည်အချင်းရှိ အနုပညာရသမြောက် ဗီဒီယိုဇာတ်ကားမျိုးတွေ ပြည်သူများ ထိုက်ထန်စွာ ကြည့်ရှုနိုင်သလို အမှတ် တရဝယ်ယူ သိမ်းဆည်းချင်စိတ်တွေ ဖြစ်လာမှာပါ။ ငှားကြည့်ပြန်ပေးအဆင့် မျိုးဟာ တိုးတက်ခြင်း မဟုတ်ပါဘူး။ အပျင်းဖြေ အသုံးတော်ခံအဆင့်မျိုးပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဂျပန်၊ ကိုရီး ယား၊ ထိုင်းဇာတ်ကားတွေ တောင် မမီနိုင်သေးတာကို မိမိကိုယ်ကိုယ်ပြန် လည် သုံးသပ်ပြီးဘယ်လိုကြိုးစားရ မယ်ဆိုတာကို ပြုပြင်ပြင်ဆင်ကြဖို့ လို အပ်ပြီလို့ မြန်မာ့ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားများ တိုးတက်စေချင်တဲ့စိတ် နဲ့ပြောလိုက်ပါရစေတော့ခင်ဗျား။

အောင်ဟိဏ်း (ကျိုက်ထော်)


LEAVE A REPLY

Please enter your comment!
Please enter your name here