သ ဘင် လူမှုကူညီစောင့်ရှောက်ရေး ကော်မတီ အတွက် အဓိကလိုအပ်ချက် ရန်ပုံငွေဖြစ်ကြောင်း သိရ

0
306

သဘင်လူမှုကူညီစောင့်ရှောက်ရေးကော်မတီအနေနဲ့ သဘင် လောကသားများနဲ့ ပြည်သူများကို ကူညီထောက်ပံ့ လှူဒါန်းခဲ့တာဆိုရင် ၂ နှစ်တာကာလအတွင်းမှာ သိန်း ပေါင်း ကျပ်လေးထောင်နီးပါးခန့် ရှိခဲ့ကြောင်း သိရပါတယ်။ ဒီလှူဒါန်း မှုက မြန်မာပြည်အနှံ့ လှူဒါန်းမှုဖြစ် ပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီးများမှာ ဖွဲ့စည်းထားတဲ့ သဘင်လူမှုကူညီစောင့်ရှောက်ရေးကော်မတီများကနေ မြန်မာနိုင်ငံ အနှံ့အပြားမှာ လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်။ အခုလိုလှူဒါန်းနိုင်ဖို့အတွက် ဇာတ်အဖွဲ့တွေကလည်း ပွဲကရာ နေရာဒေသတွေ တိုင်းမှာ ပွဲခင်းအတွင်းဆင်းကာ ပရိသတ်တွေထံမှ လိုက်လံအလှူငွေကောက်ခံခဲ့ကြပါတယ်။ ဒါ့အပြင် ရန်ပုံငွေဖျော်ဖြေ ပွဲတွေ ပြုလုပ်ခဲ့ရာကနေ ရရှိလာတဲ့ ငွေကြေးများကို စုဆောင်းပြီး ပြန်လည်လှူဒါန်းခြင်းလည်းဖြစ်တယ်လို့ သိရပါတယ်။

“ကျွန်မတို့အတွက် အဓိကလို အပ်ချက်ကတော့ ရန်ပုံငွေဖြစ်ပါတယ်။ ကူညီစောင့်ရှောက်ရေးကော်မတီအတွက် အလှူခံပေးတဲ့ ဇာတ်အဖွဲ့က တစ်နိုင်ငံလုံးအတိုင်းအတာအရဆိုရင် တအားကို နည်းပါတယ်။ လက်ဆယ်ချောင်းတောင် မပြည့်ပါဘူး။ ဒါကြောင့်မို့လို့ ကျွန်မအနေနဲ့ အထူးမေတ္တာရပ်ခံတောင်း ဆိုချင်တာက တစ်နိုင်ငံလုံးမှာရှိတဲ့ ဇာတ်သဘင် အဖွဲ့များက ဝိုင်းဝန်းပြီးတော့ ကော်မတီကို ကူညီစေချင်ပါတယ်။ ကူညီပြီးတော့ ရန်ပုံငွေတွေအတူတူ ရှာပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ ပြီးတော့ ဆိုင်းအဖွဲ့တွေအနေနဲ့လည်း ကော်မတီကို ဘယ်လိုမျိုးလေးနဲ့ လှူဒါန်းပေးလို့ရမလဲ ပေါ့။ ကျွန်မအများကြီးလည်း မတောင်းဆိုပါဘူး။ တစ်ဖွဲ့အနေနဲ့ ဘယ်လောက်ဆိုပြီး နှစ်စဉ် ပုံမှန်လေး နှစ်ကြိမ်ဖြစ်ဖြစ် သုံးကြိမ်ဖြစ်ဖြစ် လှူဒါန်းပေးစေချင်ပါတယ်။ ပြီးတော့ လူရွှင်တော်အဖွဲ့တွေကိုလည်း မေတ္တာရပ်ခံချင်ပါတယ်။

ကျွန်မတို့လုပ်နေတာက ကျွန်မတို့အတွက် မဟုတ်ပါဘူး။ အားလုံးအတွက်ပါ။ လှူဒါန်းနေတာကလည်း အားလုံးရဲ့ မျက်မြင်လည်း ဖြစ်ပါတယ်။ အလှူငွေနဲ့ပတ်သက်ပြီးလည်း ဗဟိုသဘင် အစည်းအရုံးမှာ သွားပြီးတော့ စုံစမ်းလို့ရပါတယ်။ သူတို့ဘာတွေသုံးထားလဲ၊ သူတို့ ဘာတွေလုပ်ထားလဲပေါ့။ အချိန်မရွေးစာရင်းစစ်လို့ရပါတယ်” လို့ သဘင်လူမှုကူညီ စောင့်ရှောက်ရေးကော်မတီအတွင်းရေးမှူး ဒေါ်တင်ဇာမိုးဝင်းက ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here