မြန်မာ့ရုပ်ရှင်ဇာတ်ကားများနဲ့ မြန်မာ့ရုပ်၇ှင်အဆင့်အတန်း ပရိသတ်တွေ ဘယ်လို သတ်မှတ်ထားကြသလဲ

0
235

 

ကိုချမ်းမော်

မြန်မာဇာတ်ကားတွေကတော့ အခုနောက်ပိုင်းမှာကြည့်ရတာ ပို အဆင်ပြေလာတယ်လို့မြင်မိတယ်။ ဒါပေမဲ့တချို့ ဇာတ်ကားတွေကတော့ အရည်အသွေးပိုင်းဆိုင်ရာ လိုအပ် ချက်တွေရှိနေသေးတယ်။ ဇာတ်လမ်း ဆိုရင်လည်း ကောင်းတာတွေက ရှား နေသေးတယ်။ ကော်ပီကားနဲ့ပေါကား တွေက ပိုများနေတယ်။ ပြီးတော့ဝတ္ထု ကောင်းတစ်ပုဒ်က ဇာတ်ကားရိုက် လိုက်ရင် ပေါ့သွားတယ်။ ဒါမျိုးတွေ တော့ ရှိနေသေးတယ်။ ဟာသဇာတ် ကားတော်တော်များများဆိုရင်လည်း အောက်ပိုင်းပြက်လုံးတွေပါတာက များတယ်။ ဒါပေမဲ့ အခု ‘မုဒြာ ရဲ့ခေါ်သံ’ဇာတ်ကားဆိုရင်တော်တော် ကြိုးစားပြီး ရိုက်ကူးထားတာကို တွေ့ရတယ်။ တခြားဇာတ်ကားတွေ နဲ့ယှဉ်ရင်အရည်အသွေးကပိုကောင်း တယ်လို့ မြင်မိတယ်။

မဆုဆုအေးလှိုင်နှင်း

မြန်မာ့ရုပ်ရှင် အဆင့်အတန်းကို ကြိုးစားနေဆဲ အခြေအနေတစ်ခုလို့ မြင်မိတယ်။ အခုနောက်ပိုင်းမှာဇာတ် လမ်းတွေကလည်း အတိုင်းအတာ တစ်ခုထိကောင်းလာပြီဖြစ်သလို မင်း သား၊ မင်းသမီးသရုပ်ဆောင်တွေက လည်း သူ့ထက်ငါအပြိုင်ပိုကြိုးစား လာကြတာကို တွေ့ရတယ်။ အရင် ခေတ်ဇာတ်ကားတွေနဲ့ ယှဉ်မယ်ဆို ရင်တော့ လိုအပ်ချက်တွေရှိနေသေးတယ်လို့ထင်တယ်။ အရင်ခေတ်က ဇာတ်ကားတစ်ကားကိုကြည့်လိုက်ပြီ ဆိုတာနဲ့တော်ရုံနဲ့မမေ့ဘူး။ ပရိသတ် အပေါ်မှာ စေတနာထားတယ်။ ဒါ ပေမဲ့အခုနောက်ပိုင်း ဇာတ်ကား တွေက ကော်ပီတွေများလာတယ်။ ပြီးတော့ဇာတ်ကားတွေက လက်တွေ့ သိပ်မဆန်ဘူး။ ပေါကားတွေများ တယ်။ ဒါပေမဲ့အခုနာမည်ကြီးနေတဲ့ ‘ရွှေကြာ’တို့ ‘မုဒြာရဲ့ခေါ် သံ’ တို့ဆိုရင် ဇာတ်လမ်းကောင်းတယ်။ ဒီလိုဇာတ် လမ်းမျိုးလေးတွေ ဆိုရင်တော့ ကြည့် ရတာအချိန်ကုန်တယ်လို့ မထင်မိ ဘူး။ ဒီလိုမျိုးပရိသတ်ကို စေတနာ ထားတဲ့ ဇာတ်ကားတွေ များများရိုက် ကူးစေချင်တယ်။

ကိုဇေယျ

လက်ရှိမြန်မာ့ရုပ်ရှင်အဆင့် အတန်းက လိုအပ်ချက်တွေ အများ ကြီးရှိနေသေးတယ်လို့ မြင်မိတယ်။ အရင်ဇာတ်ကားတွေဆိုရင် ဇာတ် အိမ်ခိုင်တယ်။ မင်းသား၊ မင်းသမီး သရုပ်ဆောင်တာတွေက အပိုအလို မရှိဘူး။ အခုခေတ်ကားတွေက ဆား မပါတဲ့ ဟင်းတစ်ခွက်စားရသလိုပဲ ရင်ထဲကို မရောက်ဘူး။ တချို့ဇာတ်ကား တွေဆိုရင် ဇာတ်လမ်းကအစ လုံးဝမ ကောင်းဘူး။ ပရိသတ်ရဲ့ရင်ထဲကို ရောက်နိုင်မယ့် ဇာတ်ကားဆိုတာ ရှားတယ်။ ဒါပေမဲ့ ‘မုဒြာရဲ့ခေါ်သံ ‘ ဆိုရင်တော့ကြည့်ရတာ အဆင်ပြေ တယ်။ ဇာတ်လမ်းကလည်း လက် တွေ့ဆန်တယ်။ ‘မုဒြာရဲ့ခေါ်သံ’ ဇာတ်ကားမှာဆိုရင် ကိုယ့်နိုင်ငံမှာရှိတဲ့သဘာဝအလှတွေကို တင်ဆက်ပြ သွားတာက တကယ့်တော်တယ်။ တချို့ဇာတ်ကားတွေလည်း ကောင်း ပါတယ်။ ဒါပေမဲ့ပရိသတ်ရင်ထဲ ရောက်အောင် ရိုက်ကူးနိုင်ဖို့တော့ လိုအပ်ချက်တွေ ရှိနေသေးတယ်။

မဇင်နွယ်ဖြိုး

မြန်မာ့ရုပ်ရှင်အဆင့်အတန်းက တော့ နိုင်ငံအနေအထား၊ သုံးစွဲနိုင်တဲ့ ဘတ်ဂျက်အတိုင်းအတာနဲ့ ရိုက်ကူးရ တာဆိုတော့ မဆိုးပါဘူး။ ဒါပေမဲ့ လို အပ်ချက်တွေ ရှိနေသေးတယ်လို့ မြင် မိတယ်။ ဘောလိဝုဒ်တို့၊ ဟောလိဝုဒ် တို့ကိုတော့ မမီနိုင်ဘူးပေါ့။ ဝတ္ထုဖတ် တဲ့အခါ ရသအပြည့်ခံစားရပေမယ့် တကယ်တမ်းရုပ်ရှင်ကြည့်လိုက်ရင် ပေါ့သွားတယ်။ ဒါပေမဲ့ ‘ဥပါယ်တံ မျဉ်’တို့ ‘မုဒြာရဲ့ခေါ်သံ’တို့ဆိုရင် ဇာတ်လမ်းကောင်းတယ်။မင်းသား မင်းသမီးတွေကလည်း သရုပ်ဆောင် တာအသက်ပါတယ်။ တခြားဇာတ် ကားတွေနဲ့ကွာတယ်။ အရည်အသွေး ပိုင်းရော၊ သရုပ်ဆောင်တဲ့အပိုင်းမှာ ရောကြည့်ရတာတန်တယ်။ အဓိက ကတော့ကြည့်တဲ့ ပရိသတ်တွေအ ပေါ်စေတနာထားတာကွာတယ်လို့ မြင်မိတယ်။

မမေမျိုး

လက်ရှိမြန်မာ့ရုပ်ရှင်အဆင့် အတန်းကတော့ အခုခေတ်ကို မီဖို့ဆို တာထက် ဟိုအရင်ခေတ်ကိုတောင်မမီနိုင်ဘူးလို့ မြင်မိတယ်။ ခေတ်မီ စက်ကိရိယာတွေ သုံးနေပေမယ့် လူ တွေရဲ့ ဖန်တီးနိုင်မှုကပဲ ကျဆင်းတာ လားတော့မသိဘူး။ ဇာတ်လမ်းဇာတ် အိမ်ခိုင်မာမှုမရှိဘဲ ဆူလွယ်နပ်လွယ် တွေများနေတယ်။ ထုတ်လုပ်သူ၊ ဒါရိုက်တာ၊ ဇာတ်ညွှန်း ရေးဆရာ အားလုံးပြုပြင်ဖို့ လိုတယ် လို့မြင်မိ တယ်။ ‘မုဒြာရဲ့ခေါ်သံ’တို့ အောင်မြင် တယ်ဆိုတာ Pre Production၊ Post Production ကို သေချာလုပ် နိုင်လို့ပဲ။ အခုမြန်မာကားတွေ မအောင်မြင်တာ အဲ့ဒါတွေကို သေ ချာမလုပ်နိုင်တာကြောင့်လည်း ပါ တယ်။ အဓိကကတော့ ငွေကုန် ကြေးကျမခံနိုင်တာပေါ့။ အရင်း နည်းနည်းအမြတ်များများလိုချင်တာ ကြောင့်ပေါ့။

ကိုသစ်ရာ

မြန်မာဇာတ်ကားတွေက အခု နောက်ပိုင်းပြိုင်ဆိုင်မှုတွေနဲ့ ဒါရိုက် တာအသစ်တွေရဲ့ လက်စကပြင်း တော့ ပိုကောင်းတဲ့ဇာတ်ကားတွေကြည့် ရတော့မယ်လို့ မျှော်လင့်မိပါတယ်။ မြန်မာ့ကားတွေက ဟာသကားတွေ ရုံမတင်သေးခင် ခေတ်အထိတော့ ကောင်းပါသေးတယ်။ အဲ့ဒီပေါကား တွေ ရုံတင်တာ များလာပြီးနောက် ပိုင်း မြန်မာရုပ်ရှင်ကားတွေ ကြည့် ဖို့ တော်တော်စဉ်းစားရပါတယ်။ အရင် ခေတ်က ဇာတ်ကားတွေဖြစ်တဲ့ ‘ပန်း မြိုင်လယ်က ဥယျာဉ်မှူး’၊ ‘သူ့ကျွန် မခံ’၊ ‘ဘယ်သူပြိုင်၍ လှပါတော့နိုင်’နဲ့ ‘ဝေလည်းမွှေး ကြွေလည်းမွှေး’ ဇာတ် ကားတွေကို နိုင်ငံခြားကားတွေထက် ပိုကြိုက်ပါတယ်။ အခုခေတ် ကားတွေထက် ကောင်းတယ်။ အခု ‘ရွှေကြာ’ဆိုရင် ကြည့်နေရင်းနဲ့ ကြာ လာတယ်လို့ခံစားရတယ်။ သမားရိုး ကျ ဇာတ်ကားတွေထဲက ခွဲထွက် မသွားသေးဘူး။ စကားလုံးတွေကို ခပ်ရဲရဲ သုံးသွားတာကတော့ ကောင်း ပါတယ်။ ‘မုဒြာရဲ့ခေါ်သံ’ ဇာတ် ကားကတော့ ကောင်းတယ်ဆိုတာက လွဲပြီး ဘာမှပြောစရာ မရှိပါဘူး။

မခင်ခင်

မြန်မာ့ရုပ်ရှင် အဆင့်အတန်းက ကြည့်ရတာ နည်းနည်းပိုအဆင်ပြေ လာတယ်လို့မြင်မိတယ်။ အရင်ခေတ် ဇာတ်ကားတွေကိုတော့ မယှဉ်နိုင် သေးဘူးပေါ့။ သရုပ်ဆောင်တာတွေ ကလည်း လက်တွေ့ဘဝနဲ့ ကွာခြား နေသေးတယ်။ ပေါကားတွေလည်း ရှိနေသေးတယ်။ ဒါပေမဲ့ ‘မုဒြာရဲ့ခေါ် သံ’ဇာတ်ကားကိုတော့ တော်တော် လေးကောင်းတယ်လို့မြင်မိတယ်။ အဓိကကတော့ ဇာတ်လမ်းလည်း ကောင်းတယ်။ တခြားကောင်းတဲ့မြန် မာကားတွေလည်း ရှိပါသေးတယ်။ ဒါပေမဲ့ ရှားတယ်။ အခုနောက်ပိုင်း တော့ ဒါရိုက်တာတွေရော မင်းသား၊ မင်းသမီးတွေပါ သူ့ထက်ငါ အပြိုင် ကြိုးစားလာကြတဲ့အတွက် ပေါကား တွေထက်သာတဲ့ ဇာတ်ကားတွေကြည့် ရဖို့တော့ မျှော်လင့်မိပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here