ဒီဂျေနဲ့ ပတ်သက်လို့ လူငယ်မျိုးဆက်သစ်တွေကိုကြိုဆိုတယ်ဆိုတဲ့ ဒီဂျေသော်သော်

0
168

 

ပြည်ပကEDM Artist တွေ မြန်မာနိုင်ငံကို လာရောက်ဖျော်ဖြေ ကြတဲ့အခါ သူတို့ရဲ့ အနုပညာကြေးက သိန်းထောင်ချီနီးပါးပေးရပေမယ့် ပြည်တွင်းက EDM Artis တွေရဲ့ရရှိတဲ့အနုပညာကြေးကတော့ ဆယ် ဂဏန်းလောက်ပဲရှိတယ်လို့ ဒီဂျေ သော်သော်က ပြောပါတယ်။
ဒါကြောင့်လည်း ပြည်တွင်းက EDM Artistတွေအနေနဲ့လည်း ကြိုးစားဖို့ အချိန်တစ်ခုကို ရောက်လာပြီလို့ထင်ကြောင်း သူက ဆက်လက်ပြောပြပါ တယ်။

“ကိုယ့်ရဲ့ Creation ကိုယ်လုပ် နိုင်မယ့် Skill တွေကိုပြရမှာပါ။ ကျွန်တော်တို့ မြန်မာတွေက အားနာတတ်တယ်။ အလုပ်တစ်ခုရဖို့အတွက်ပဲ ငဲ့ပြီးတော့ ကိုယ့်ရဲ့ ရသင့်ရထိုက်တာ တစ်ခုကို မရယူဘူးလို့တော့ ထင်ပါတယ်။ အရင်တုန်းကလို သီချင်းတွေ ဖွင့်လိုက် လူတွေက ပြန်သွားလိုက်ဆိုတဲ့ ပုံစံမျိုးလည်း မဟုတ်တော့ပါဘူး။ အကုန်လုံးက Music ကို နားလည်လာတယ်။ ပိုပြီးတော့တတ်ကျွမ်းလာတယ်။ အဲဒီ့အတွက် ပိုပြီးတော့ ကောင်းစေချင်ပါတယ်။ ကျွန်တော် တို့ကတော့ ဒီ Music နဲ့ သွားနေ တာ နှစ်၂၅ လောက်ရှိနေပါပြီ။ နောက်ထပ် နြတ New GenerationကိုWelcome လုပ်ပါတယ်။ ဘယ်ဒီဂျေ တွေကတော့ ဘယ်လိုတွေကောင်း လာတယ်ဆိုတာမျိုးတွေ ကြားလာရရင် ကျွန်တော်တို့တွေ ဝမ်းသာ ရပါတယ်”လို့ လက်ရှိEDM နဲ့ ပတ်သက်လို့ ဒီဂျေသော်သော်က ပြောပါတယ်။ ဒါ့အပြင် အခု လက်ရှိမှာ အမျိုးသမီးဒီဂျေတွေလည်းများလာပြီဖြစ်ပြီး သူတို့တွေအနေနဲ့လည်း ပြည်တွင်း ပွဲတွေ ပဲဖြစ်ဖြစ် ပြည်ပပွဲတွေပဲဖြစ်ဖြစ်သွားရောက်တဲ့အခါ ကိုယ့်ရဲ့Skill တွေကို ပြင်ဆင်သွားဖို့ လိုကြောင်း သူကပြောပါတယ်။ဒါ့အပြင် လူငယ်ဒီဂျေတွေ အနေနဲ့ ကိုယ်ဘာနဲ့ရပ်တည်ချင်တာလဲဆိုတာကိုလည်း သိရမှာဖြစ်ပြီး ကိုယ့်လမ်းကြောင်းနဲ့ ကိုယ်သွားစေ ချင်ကြောင်း ဒီဂျေသော်သော်က ပြောပြပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here