ထာဝရအမေ’ ရုပ်ရှင်ဇာတ်ကားဖြင့် ဆုရရှိခဲ့ကြသည့် အကယ်ဒမီဆုရှင်များနှင့် အနုပညာရှင်များကို ပါမောက္ခဒေါက်တာခင်မောင်ဝင်းက ဂုဏ်ပြုညစာစားပွဲကျင်းပ

0
158

‘ထာဝရအမေ’ ရုပ်ရှင်ဇာတ် ကားနဲ့၂ဝ၁၇ ခုနှစ်အတွက် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အကယ် ဒမီဆုရရှိခဲ့ကြတဲ့ အနုပညာရှင် ၃ ဦး နဲ့ လက်တွဲလုပ်ကိုင်ခဲ့ကြတဲ့ အနု ပညာရှင်၊ အတတ်ပညာရှင်များကို ထုတ်လုပ်သူ ဒေါက်တာခင်မောင်ဝင်း က ဂုဏ်ပြုတဲ့ညစာစားပွဲကို မတ်လ ၂၉ ရက်နေ့က ညနေပိုင်းက ရန်ကုန် မြို့SKY STARျ ဟိုတယ်မှာ ပြုလုပ် ခဲ့ပါတယ်။

‘ထာဝရအမေ’ ရုပ်ရှင်ဇာတ် ကားဟာ ပါမောက္ခ ဒေါက်တာခင် မောင်ဝင်းရဲ့ မိခင်အကြောင်းကိုကျေး ဇူးဆပ်တဲ့အနေနဲ့ ရေးသားထားတဲ့ ဇာတ်လမ်းဖြစ်ပြီး ဒါရိုက်တာစင်ရော် မောင်မောင်က ရုပ်ရှင်ဇာတ်ကား အဖြစ် ပုံဖော်ဖန်တီးခဲ့တာဖြစ်ပါ တယ်။ ဒီဇာတ်ကားနဲ့ အကောင်းဆုံး ဒါရိုက်တာဆုရရှိခဲ့တဲ့ စင်ရော်မောင် မောင်က …

“ဒီလို အဖြစ်အပျက်တွေ၊ ဒီလို အောင်မြင်မှုတွေရတာ၊ ဒီလိုအကယ် ဒမီစင်မြင့်ပေါ်မှာ ကျွန်တော်တို့ကို ဖန်တီးပေးခဲ့တဲ့ ဆရာကြီးဒေါက်တာ ခင်မောင်ဝင်းကို ရင်ထဲအသည်းထဲ ကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင် ပါတယ်။ ပထမဆုံးပြောရမှာက ရုပ် ရှင်ချစ်ပရိသတ်တွေရဲ့ ကြီးမားတဲ့ အားပေးမှုတွေကြောင့်’ထာဝရအမေ’ ဇာတ်ကားက စင်မြင့်ပေါ်ရောက်ရှိခဲ့ တာပါ”လို့ ကျေးဇူးတင်စကား ပြော ခဲ့ပါတယ်။

‘ထာဝရအမေ’ရုပ်ရှင်ဇာတ်ကား ကြီးကိုတော့ ကမ္ဘာ့အဆင့်မီအောင် အကောင်းဆုံးပုံဖော်ရိုက်ကူးခဲ့တာ ဖြစ်ပြီး အကယ်ဒမီဆု ၃ ဆုရရှိခဲ့တဲ့ အပေါ် ဒါရိုက်တာစင်ရော်မောင် မောင်က …

“သူတို့အတွက်လည်း ဝမ်းသာ ပါတယ်။ ငယ်ငယ်တုန်းက စာအတူ တူ ကျက်ကြတော့ ဂုဏ်ထူးနဲ့ အတူ တူအောင်တဲ့ သူငယ်ချင်းတွေလိုပဲ သဘောထားပါတယ်”လို့ ပြောပါ တယ်။ ‘ထာဝရအမေ’ ရုပ်ရှင်ဇာတ် ကားမှာ အကောင်းဆုံး ဒါရိုက်တာ ဆုအဖြစ် စင်ရော်မောင်မောင်၊ အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆု အဖြစ် အိုဝင်နဲ့ အကောင်းဆုံး ရုပ် ရှင်အသံဆုအဖြစ် သိန်းအောင်တို့က အကယ်ဒမီဆု အသီးသီး ရရှိခဲ့ကြပါ တယ်။ ဒါရိုက်တာစင်ရော်မောင် မောင်က ‘ထာဝရအဖေ’ ရုပ်ရှင်ဇာတ် ကားကိုလည်း ရိုက်ကူးပုံဖော်သွားဖို့ စီစဉ်နေပြီး စတင်ပြင်ဆင်ချိန်ကနေ ရိုက်ကူးပြီးစီးချိန်ထိ ၉ လကျော် ကြာ မြင့်တတ်တာကြောင့် ပရိသတ်တွေ ရှေ့မှောက် ဘယ်တော့ချပြနိုင်မလဲဆို တာ ခန့်မှန်းလို့ မရနိုင်သေးဘူးလို့ ဆိုပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here