ရွှေသမီးရဲ့နွေရာသီ အသားအရေ ထိန်းသိမ်းမှုနဲ့ Summer Fashion

0
314

နွေရာသီကာလကို တဖြည်းဖြည်း ဝင်ရောက်လာ တာနဲ့အလျောက် ပူပြင်းလှတဲ့နွေ နေရောင်ခြည်၊ နွေအပူအတွက် ဝတ် စားဆင်ယင်မှုကိုလည်း အထူးဂရု စိုက်ရပါတယ်။ အထူးသဖြင့် လူငယ် တွေကြားမှာတော့ အရောင်အသွေး စုံလင်တဲ့ Summer Fashion ဒီဇိုင်းသစ်လေးတွေ ဝတ်ဆင်ကြ တာကို သတိပြုမိကြမှာပါ။ သရုပ် ဆောင်ရွှေသမီး ကလည်း နွေရာသီ ဆိုရင် ဘယ်လိုဖက်ရှင်တွေ ဝတ် ဆင်ရတာကို ကြိုက်နှစ်သက် တယ်။ ဘယ်လိုမျိုးအသား အရေကိုထိန်းသိမ်းဖြစ်တယ်ဆို တာမျိုးကို အခုလို ပြောပြပါ တယ်။

“နွေရာသီဆိုရင်တော့ ကိုယ့်အတွက် ဝတ်လိုက်ရင် သက်သောင့် သက်သာဖြစ် မယ်။ ချွေးတွေ စုပ်နိုင်တဲ့ ချည်သား အင်္ကျီလေးတွေဝတ်တယ်။ နောက်ပြီး တစ်တစ် တုတ်တုတ်မဟုတ်ဘဲ ပွပွ ရွရွလေး ဖြစ်တဲ့ ယောက်ျားဆန်တဲ့ ဒီဇိုင်းတွေကို ဝတ်ရတာကြိုက်ပါ တယ်။ ဂျင်းအတိုအပွတွေနဲ့ အင်္ကျီ လေးတွေတွဲဝတ်ပါတယ်။ အဝတ်အ စား ဖက်ရှင်ဆိုတာ ကလည်း ကိုယ် ဝတ်ချင်တိုင်းဝတ်လို့ ဖြစ်တာမျိုးတော့ မဟုတ်ပါဘူး။ နေရာ ဒေသရာသီ ဥတုနဲ့လိုက်တဲ့ ဖက်ရှင်မျိုးကို တွဲ ဖက်ဝတ်ဆင်တာကတော့ အကောင်း ဆုံးပါပဲ။ ညီမအတွက်ကတော့ နွေရာ သီဖက်ရှင်က ကိုယ့်အတွက် အကြိုက် ဆုံးလို့လည်း ပြောလို့ရပါတယ်။ အသားအရေပိုင်းနဲ့ပက်သက်လို့ ကတော့ ဘေးပတ်ဝန်းကျင်က အစ်မ တွေ၊ ညီမလေးတွေ ဘယ်လိုမျိုးအ သားအရေကို ဂရုစိုက်တယ်။ ဘယ် လိုမျိုးနေထိုင်ကြတယ်ဆိုတာ ကို ကြည့်ပြီး ကိုယ်က အတုယူရပါတယ်။ ကိုယ်ကလည်း တဖြည်းဖြည်းလှချင်တဲ့အချိန်မှာနွေရာသီမှမဟုတ်ပါဘူး။ ညီမက အသားအရေကိုတော့ တကယ်ကိုဂရုစိုက်ပါတယ်။ ညီမက အရေပြားပါးတော့ ငယ်ငယ်ကတည်း က မိတ်ကပ်တွေ ဘာတွေလိမ်းရင်လည်း ပါးပါးပဲ လုပ်ဖြစ်တယ်။ နေရောင် ကိုလည်း တတ်နိုင်သမျှတော့ရှောင် တယ်။ တကယ်လို့ ရှုတင်ရှိလို့ နေပူ ထဲထွက် ရတယ်ဆိုရင်တော့ အပြင် မသွားခင်ထဲက Face,Bodyပ နှစ်ခု လုံးကို Sunblock လိမ်းပါတယ်” လို့ ရွှေသမီးက ခန္ဓာကိုယ်ထိန်းသိမ်း မှုအကြောင်းကိုပြောပြပါတယ်။

နေပူပူမှာအပြင်ထွက် အလုပ်လုပ်ကိုင်ကြတဲ့လူများအတွက်လည်း နေပူဒဏ်ကို ကာကွယ်နိုင်ဖို့အတွက် ရွှေသမီးရဲ့ အကြံပြုစကားက…

“နွေရာသီဆိုပြီး နေပူထဲမ ထွက်ပါနဲ့လို့တော့ ပြောလို့မရဘူးပေါ့ နော်။အလုပ်လုပ်ရတဲ့လူတွေရှိတဲ့ အတွက် အလုပ်ကိုတော့နားနားပြီး မှလုပ်ပါ။ နောက်ပြီး ကိုယ့်ရဲ့ အသား အရေအတွက်လည်း ပိုက်ဆံလေး နည်းနည်း အကုန်ခံလိုက်တာက အသက်ကြီးတဲ့အခါမှာတော့ သိသာ ပါတယ်။ ဖြစ်နိုင်ရင်တော့အရိပ်ရတဲ့ နေရာမှာ များများနေပြီး အပြင်ထွက် ရရင်လည်း ထီးတို့ ရေဘူးတို့တော့ ဆောင်သွားပါလို့ပြောချင်ပါတယ်။ ဓာတ်ဆားရည်သောက်တယ်။ အသီး များများစားတယ်။ အရည်ရွှမ်းတဲ့ အသီးတွေနဲ့ ရေကို အဓိကထား သောက်တယ်။ ဒီလိုမျိုးလည်း စား သောက်ကြရင်လည်း အကောင်းဆုံး ပါ။ ညီမကတော့ အပြင်သွားတဲ့ အခါမှာလည်း မေမေကဘေးကအမြဲ ပါတော့ ။ မေမေက ထီးအမြဲပါတယ်။ထီးဆောင်းဖို့ပြောတယ်။ ညီမက တော့ဦးထုပ်ဆောင်း ရတာကို ကြိုက် တယ်။ နေကာမျက်မှန်တော့ သိပ်ပြီး မကြိုက်ဘူး။ ဒါကြောင့်အပြင်သွား ရင် ဦးထုပ်နဲ့ အင်္ကျီလက်ရှည် ဝတ် သွားတယ်။ ရေဘူးယူသွားတယ်”လို့ ရွှေသမီးကအကြံပြုပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here