Saturday, February 22, 2025

ကီရှီဒါကို ပိုက်ဗုံးဖြင့် ပစ်ပေါက်သူ ထောင်ဒဏ်...

ဂျပန်ဝန်ကြီးချုပ်ဟောင်း ဖူမီယို ကီရှီဒါကို ၂၀၂၃ ခုနှစ် မဲဆွယ်စည်းရုံးရေး အခမ်းအနားတွင် လက်လုပ် ပိုက်ဗုံးဖြင့် ပစ်ခဲ့သူ အမျိုးသားကို တရားရုံးက ထောင်ဒဏ်...

တရားသောစစ်ကိုဆက်လက်ဆင်နွှဲသွားမည်ဟု ပြတ်သားစွာပြောကြားခဲ့သည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

တပ်မတော်အနေဖြင့် တည်ငြိမ်အေးချမ်းရေးကို လိုလားသည့် ဒေသခံများနှင့်ပူးပေါင်းကာ တရားသောစစ်ကိုဆက်လက်ဆင်နွှဲသွားမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြတ်သားစွာပြောကြားခဲ့သည်။ ၎င်းမှ ယနေ့ ဖေဖော်ဝါရီ...

အိမ်ရှင် နီပေါနိုင်ငံအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် မြန်နာလက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း...

အိမ်ရှင် နီပေါနိုင်ငံ လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ယှဉ်ပြိုင်ကစားကြရမည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည် ယနေ့ ဖေဖော်ဝါရီ (၂၁)ရက် မွန်းလွဲပိုင်းအချိန်၌ လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းသည့်...

နိုင်ငံပေါင်း (၁၄)နိုင်ငံပါဝင် ယှဉ်ပြိုင်မည့် မြင်းစီးတန်းခုန်ပြိုင်အတွက်...

နိုင်ငံပေါင်း (၁၄)နိုင်ငံပါဝင် ယှဉ်ပြိုင်မည့် မြင်းစီးတန်းခုန်ပြိုင်အတွက် မြန်မာကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် မြင်းစီးကစားသမား ကျော်ဝဏ္ဏအောင်သည် ယနေ့ ထိုင်းနိုင်ငံသို့ ထွက်ခွာပြီဖြစ်ကြောင်း သိရသည်။ ၎င်းအနေဖြင့် ဖေဖော်ဝါရီ...
HomeCelebrities' Newsသိန်းပေါင်း ၂ထောင်ကျော် အကုန်အကျခံ...

သိန်းပေါင်း ၂ထောင်ကျော် အကုန်အကျခံ ရိုက်ကူးထားတဲ့ Reflection ရုပ်ရှင်ဇာတ်ကား

လူမှုကွန်ရက် စာမျက်နှာထက်မှာ နာမည်ကြီးရေပန်း စားနေပြီး ပရိသတ်များ စိတ်ဝင်တစားနဲ့ မျှော်လင့်စောင့်စားနေတဲ့ အကယ်ဒမီပြေတီဦးနဲ့၊ အကယ်ဒမီ မင်းသမီးချော အိန္ဒြာ ကျော်ဇင်တို့ရဲ့ သုဒြာရုပ် ရှင်ထုတ်လုပ်ရေးရဲ့ ပွဲဦးထွက် ရောင် ပြန်( Reflection) ရုပ်ရှင် ဇာတ်ကားကြီးရဲ့ The Gala Show ပြပွဲကြီးကို ဧပြီလ ၅ ရက်နေ့ ညက သမ္မတ အဆင့်မြင့် ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။ဒီပြသပွဲကြီးရဲ့ ပွဲခင်းအစမှာဆိုရင် အက်ရှင်နဲ့ဖက်ရှင်ကို အဓိကပုံဖော်ရိုက်ကူးတင်ပြထားတဲ့ ရောင်ပြန်ရုပ်ရှင်ဇာတ် ကားကြီးရဲ့ပုံရိပ်ကို ပေါ်လွင်အောင် ဇာတ်ဆောင်မင်းသမီး ၄ ဦးတို့က ထူးခြားဆန်းပြားတဲ့ ဖက်ရှင် ဒီဇိုင်းများ ကိုဝတ်ဆင်ကာ ဒီပွဲကိုတက်ရောက်လာ ခဲ့ကြ ပါတယ်။ ရောင်ပြန်ရုပ်ရှင်ဇာတ်ကားထဲမှာဆိုရင်လည်း ထိုမင်းသမီး ၄ ယောက်ရဲ့ စွဲမက်ဖွယ်ကောင်း လှတဲ့အလှအပတွေနဲ့အတူ ခပ်မိုက်မိုက်အလန်းစားဖက်ရှင် တွေကို ပရိသတ်များမြင်တွေ့ကြ ရမှာပါဖြစ်တယ်။ဒီလိုအလန်းစားဖက်ရှင် ပုံစံတွေနဲ့မြင်တွေ့ရမယ့် မင်းသမီးလေး ယောက်ကတော့ မြန်မာနိုင်ငံရဲ့ထိပ်တန်း မင်းသမီးများဖြစ်ကြတဲ့ အကယ်ဒမီ ထွန်းအိန္ဒြာဗို၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ အကယ်ဒမီဝတ်မှုန် ရွှေရည်တို့နဲ့ မင်းသမီး ပက်ထရစ်ရှာတို့ဖြစ် ပြီး ပုံဖော်ရိုက်ကူးတဲ့ ဒါရိုက်တာ ကတော့ အကယ်ဒမီ လူမင်းပဲဖြစ်ပါတယ်။ နုနုရွရွနဲ့လှပနေတဲ့ မင်းသမီး တွေကို အက်ရှင်ဇာတ်ကားအတွက်ရိုက်ကူးပုံဖော်ရတဲ့ အခါမှာ သူ့အတွက်စိန်ခေါ်မှုတွေများကြောင်းကို လူမင်းက…

”ဒီဇာတ်ကားကတော့ စိန်ခေါ်မှုတွေအများကြီးပဲ။ ဖိုက်တင် တွေ မှာလည်း လူကြမ်းတွေနဲ့ ဖိုက်သလို အကွက်မျိုး မဟုတ်ဘဲ သူတို့ကိုယ်တိုင်လုပ်လို့ရမယ့် ပလောစ့်မျိုးကို ဆင်န်း ပေါ်မှာ စဉ်းစားရတာပေါ့နော်။ လိုကေးရှင်းကို ကြည့်ပြီး မိုက်လည်း မိုက်အောင်တော့ လုပ်ရတာတွေက ဦးနှောက် ခြောက်ရတာပေါ့။သူတို့ကိုယ်တိုင်ကလည်း တစ်စက်မှ မလျှော့ မခံဘူးဒေါက်ကြီး တွေနဲ့ပြေးတာလွှားတာကအစပေါ့။ နားကွင်း တွေတိုးလိုး တန်းလန်းနဲ့ ဖိုက်တင်တွေချရတာကအစ ပေါ့။ ဖက်ရှင်ကိုလည်း သူတို့ကတစ်ပြားသားမှ မလျှော့နိုင်တော့ အက်ရှင်လည်း ဖြစ်အောင်အဲဒါတွေကိုလည်း လူစားထိုးသင့် တာထိုးသူတို့ ကိုယ်တိုင်လည်း လုပ်နိုင်တယ်ဆိုတာထက် ပိုပြီးကြိုးစားပြီး လုပ် ကြတယ်။ တည်းဖြတ်လုပ်တဲ့အထိ အက်ရှင် တွေ မလေးအောင် အသံပိုင်းအဲဒါတွေကို သေသေချာချာ လုပ်ရ တော့ဒီဇာတ်ကား အတွက်တော့ကျွန်တော်တော်တော်ပင်ပန်းပါတယ်” လို့ပြောပါ တယ်။ဇာတ်ကားနဲ့ ပတ်သက်လို့ ထုတ်လုပ်သူ အိန္ဒြာကျော်ဇင် ကလည်း…

”အူဝဲအနေနဲ့ ပြောချင်တာက နံပါတ်တစ်က စေတနာပေါ့ နော်။ပရိသတ်တွေကို ကြည့်နေကျ ပုံစံ တွေထဲကနေ နည်းနည်း လေးကွဲထွက်သွားတဲ့ ပုံစံမျိုးလေးကြည့် ကြပါစေဆိုတဲ့ အူဝဲရဲ့ စေတနာပါ။အူဝဲအနေနဲ့က ရုပ်ရှင်ဇာတ်ကားကြီးတွေဟာ များ သောအားဖြင့် သိန်းတစ်ထောင်ကျော်ပတ်လည် မှာသွားကြ တယ်။ အူဝဲကတော့ စေတနာ အရင်းခံပြီးတော့ ဒီဇာတ်ကားကို သိန်းနှစ်ထောင်ကျော် အရင်းခံ ပြီးတော့ ရိုက်ကူးထားတယ်ဆိုတာ ကိုတော့အူဝဲပြောချင်ပါတယ်။ ပြီးတော့ ပရိသတ်အားပေး မှုက တော ပထမကစိုးရိမ်မှုတွေရှိတယ်။ ကိုယ်က နည်းနည်း မိုက်မဲပြီး တော့လုပ်ထားတာလေးရှိတယ်လေ။ကိုယ်က မင်းသားဈေးကွက် နဲ့သွားနေတဲ့ လမ်းကြောင်းကို မင်းသား လုံးဝမပါဘဲနဲ့ သွားထား တယ်။ နောက်တစ်ခု မင်းသမီးတွေကိုအက် ရှင်ရိုက်ထားတယ်။ဘာပဲဖြစ်ဖြစ်မင်းသမီးတွေက အက်ရှင်မပိုင်ပါဘူး ဆိုတဲ့ ဟာမျိုး ကိုဖြစ်ကိုဖြစ်လာမှာလေ။ ဒါပေမဲ့ပရိသတ်တွေကို အမြင် ဆန်း ဆန်းလေး ကြည့်စေချင်တာကြောင့် အခုလိုလုပ်ထားတာပါ။ဒီ ဇာတ်ကားနဲ့ပတ်သက်ပြီးလည်း ပရိသတ်တွေ ဝေဖန်တဲ့ အသံကို လည်းအူဝဲလက်ခံတယ်။ အဲဒီဝေဖန်သံတွေနဲ့ ဒီထက်မက ကြိုးစားပြီး တော့လည်း ရှေ့လျှောက်သွားမှာပါလို့ အူဝဲပြောချင် ပါတယ်။ပြီးတော့ ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း ၁ဝဝရာခိုင် နှုန်းလုံးဝမျှော်လင့်ထားပါတယ်” လို့ပြောပြခဲ့ပါတယ်။ဒီရုပ်ရှင် ဇာတ်ကားကို ဧပြီလ ၁၇ ရက်နေ့ ( မြန်မာနှစ်ဆန်း ၁ ရက်နေ့) မှာမြန်မာတစ်နိုင်ငံလုံးက ရုပ်ရှင်ရုံများတွင် တစ်ပြိုက်တည်း ရုံတင် ပြသသွားမှာဖြစ်ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ- အောင်ဇော်မင်း

 

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071