ဟာသဇာတ်ကားရိုက်ကူးမှုတွေအပေါ် ဝေဖန်ကြတာနဲ့ပတ်သက်ပြီး ဒါရိုက်တာ ကျော်ဇောလင်း ဘာပြောလဲ

0
173

လက်ရှိမြန်မာဇာတ်ကားတွေမှာလည်း ပေါကားဆိုတဲ့ စကားလုံးတွေနဲ့ ဝေဖန်တိုက်ခိုက်မှုတွေကို ရင်ဆိုင်နေရ သလို အထူးသဖြင့် ဟာသဇာတ်ကားရိုက်ကူးမှုတွေနဲ့ပတ်သက်ပြီးလည်း ဖေ့စ်ဘုတ်ခ်စာမျက်နှာများမှာ ဝေဖန်ရေး သားကြပါတယ်။ ဟာသဇာတ်ကားတွေကို စွဲစွဲမြဲမြဲရိုက်ကူးနေတဲ့ ဒါရိုက်တာကျော်ဇောလင်း(အတွေးပုံရိပ်)ကလည်း ဟာသဇာတ်ကားတွေကို သူဘယ်လိုပုံဖော်သလဲဆိုတာကို အခုလိုပြောပြပါတယ်။

”ကျွန်တော်က အရင်ကလည်းမင်းသားကြီး ဦးကျော်ဟိန်းနဲ့ လေးငါးနှစ်လောက် ဗီဒီယိုဇာတ်ကားတွေ ရိုက်ခဲ့ပါ တယ်။ အဲဒီအချိန်တုန်းကတော့ ဦးကျော်ဟိန်းနဲ့ လိုက်ဖက်မှုရှိတဲ့ ဒရာမာဇာတ်ကားတွေ၊ အကျိုး ပြုဇာတ်ကားတွေကိုပဲ နှစ်ရှည်လများရိုက်ခဲ့တာပါ။ ဒီဘက်ခေတ်ကို ပြောင်းသွားတဲ့အခါမှာ လက်ရှိမြန်မာ ရုပ်ရှင်ကြည့် ပရိသတ်အားလုံးက စိတ်ချမ်းသာချင်ကြတဲ့အတွက် ဟာသကို လက်ခံအားပေးကြတဲ့အတွက် ကျွန်တော်တို့ကလည်း ဟာသကို ရိုက်ကူးရတယ်။ ဟာသကို ရသမတူအောင် မြန်မာ ပေါကားဆိုတဲ့ စာရင်းထဲမဝင်အောင် ဝမ်းစာဖြည့်တင်းပြီး နေ့စဉ်ကျွန်တော်တို့ လမ်း ကြောင်းကို ချီတက်နေပါတယ်။ နှစ်ဆန်းတစ်ရက်နေ့မှာ ဗစ်တိုးရီးယား ရုပ်ရှင်ထုတ်လုပ် ရေးနဲ့ဟာသနဲ့ ၅၂၈ ရောထားတဲ့ ဇာတ်လမ်းပုံစံလေးကိုရိုက်မှာပါ။ ရန်အောင်၊ ရဲ အောင်၊ လွင်မိုး၊ လူမင်း၊မို့မို့မြင့်အောင်၊ ပိုင် ဖြိုးသုတို့နဲ့ ‘ဘယ်သူ့ကို အဖေခေါ်ရမှာလဲ’ ဆိုတဲ့ဇာတ်ကားကို အောင်ပန်းမှာ ရိုက်မှာပါ”လို့ ပြောပြပါတယ်။

လက်ရှိဝေဖန်သံတွေအပေါ်မှာတော့ ဒါရိုက်တာကျော်ဇောလင်းက ခံစား မနေတော့ဘူးဆိုတဲ့ စကားသံက …

”ကျွန်တော်တို့ နိုင်ငံ့အရေးတွေ၊ လိုချင်တဲ့ငြိမ်းချမ်းရေးတွေ၊ ပဋိပက္ခတွေ၊ ဖေ့စ်ဘုတ်ခ်ဂယက်တွေ၊ အခြားခြားသော မိသားစုအခက် အခဲတွေနဲ့ မွန်းကျပ်နေတဲ့ ကျွန်တော်တို့ တိုင်းသူပြည်သားတွေ ခဏ လောက် အမောပြေစေဖို့ ဟာသဇာတ်ကားတွေရိုက်တယ်။ အနုပညာ အလုပ်လုပ်တယ်တယ်ဆိုတာ ဘယ်လောက်ခက်ခဲသလဲ၊ ဘယ်လောက် နက်နဲသလဲ၊ ဘယ်လောက်ပင်ပန်းသလဲဆိုတာ လုပ်ဖူးတဲ့ ကာယကံရှင် တွေ သိပါတယ်။ ခံစားနားလည်တတ်တဲ့ ပရိသတ်တွေသိပါတယ်။ ခံစား နားလည်မှုမပေးနိုင်ဘူး။ စိတ်ပါဝင်စားမှု မရှိဘူး။ ဝေဖန်ရရင်ပြီးရော ကိုယ်ပြောခွင့်ရတဲ့အချိန်မှာ ပြောရပြီးရောဆိုတဲ့လူတွေရဲ့ ပြောစကားတွေ ကိုတော့ ကျွန်တော်က လိုက်ပြီးခံစားမနေပါဘူးဗျာ။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့နဲ့ ရင်းနှီးမှုရှိနေတဲ့၊ ကျွန်တော်တို့နဲ့ စဉ်ဆက်မပြတ်ထိတွေ့နေ တဲ့ ပရိသတ်အတွက် တာဝန်ကျေဖို့ပဲ နေ့စဉ်နဲ့အမျှ ကျွန်တော်ကြိုးစားနေ ပါတယ်”လို့ ပြောပြပါတယ်။

မြတ်မိုးပွင့်၊ မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here