ဥပဒေရေးရာနဲ့ပတ်သက်လို့ တရားရုံးတွေ ဘာတွေသွားရမယ်ဆိုရင် လူတွေကရှောင်ကြတယ် ဆုပန်ထွာ

0
246

ဆုပန်ထွာကိုတော့ ပရိသတ်တွေက ရှေ့နေမလေးမေနှင်းဆီကာရိုက်တာနဲ့ နောက်ထပ်တစ်ကြိမ်ထပ်မံမြင်တွေ့ ရဦးမှာပါ။ တရားစီရင်ရေး၊ ဥပဒေတွေနဲ့ပတ်သက်ပြီး အသိပညာပေးရိုက်ကူးတဲ့ ‘နေရယ်၊ လရယ်၊ အမှန်တရားရယ်’ ဇာတ်လမ်းတွဲရဲ့Season 2 ရိုက်ကူးမှုမှာတော့ ဆုပန်ထွာနဲ့အတူ ဘုန်းသိုက်၊ နေယံတို့က အဓိကပါဝင်သရုပ်ဆောင်ထား ပါတယ်။ ဒီဇာတ်လမ်းတွဲကို ရိုက်ကူးရင်းနဲ့လည်း ဝမ်းသာပျော်ရွှင်တဲ့ ခံစားမှုတွေရရှိခဲ့တယ်ဆိုတဲ့ ဆုပန်ထွာက …

”နေရယ်၊ လရယ်၊ အမှန်တရားရယ် (၂)ဇာတ်လမ်းတွဲက မြန်မာပြည်သူပြည်သားတွေအတွက် အကျိုးပြုတဲ့ ဇာတ်လမ်းတွဲလေးပါ။ အပြင်မှာက ဥပဒေရေးရာနဲ့ပတ်သက်လို့ တရားရုံးတွေ ဘာတွေသွားရမယ်ဆိုရင် လူတွေကရှောင် ကြတယ်။ တချို့ဆိုရင် ပိုက်ဆံမရှိတဲ့အခါမှာ အမှုလိုမျိုးကို ရင်မဆိုင်တော့ဘူးဆိုပြီးဖြစ်တာမျိုးလည်းရှိတယ်။ ဒါတွေကို ပြည်သူတွေ သိရအောင်ဆိုတဲ့အနေနဲ့ ဇာတ်လမ်းမှာ မပန်ကဆင်းရဲချို့တဲ့သူများအတွက် တရားမျှတမှု စင်တာကအခမဲ့ ရှေ့နေလိုက်ပေးတဲ့ ရှေ့နေမလေး မေနှင်းဆီအဖြစ်ပါဝင်ထားတယ်။ အပြင်မှာလည်း ဒီလိုစင်တာတွေ မြို့တော်တော်များ များမှာရှိနေပါပြီ။ မပန်လည်း ဒီဇာတ်ကားရိုက်တော့ အပြင်မှာ မပန်ကိုယ်တိုင်ကူညီနေရ သလိုမျိုးခံစားရပါတယ်။ အမှန်တရားတစ်ခုသာရှိရင် မပန်လက်ကိုဆွဲလိုက်ဆိုတဲ့ ပုံစံ မျိုးလေးပါ။ တကယ်ကို ပြည်သူတွေအတွက် ဗဟုသုတရဖွယ်ရာ ဇာတ်လမ်းလေး ကလည်း တိုက်ဆိုင်မှုရှိတဲ့လူတွေ ကြည့်မိရင်ပြဿနာကို ဘယ်လိုကိုင် တွယ်ဖြေရှင်းရ မလဲဆိုတာ သိသွားတာပေါ့”လို့ ပြောပြပါတယ်။

ဆုပန်ထွာက မြန်မာဆန်တဲ့ မျက်နှာကိုပိုင်ဆိုင်ထားတဲ့အတွက် ဇာတ်ကားတွေ ရိုက်ကူးတဲ့အခါ တချို့သော ကာရိုက်တာတွေအတွက်တော့ အခက်အခဲတွေရှိတယ်လို့ ဆိုပါတယ်။

”မပန်မျက်နှာကတော့ မြန်မာဆန်တဲ့ မြန်မာမျက်နှာပေါက်လို့ပြော ရမှာပဲ။ နောက်ပြီး မပန်က အသားလည်းညိုတော့ မျက်လုံးတွေကလည်း ကုလားဆင်ရုပ်ပုံစံလေးဖြစ်တယ်လို့တောင်ပြောကြတယ်။ ဒါကြောင့် မြန်မာလိုလေးတွေ ရိုးရိုးလေးတွေနဲ့လည်း ပိုလိုက်တယ်လို့ ကိုယ့်ကိုယ် ကိုယ်ခံစားရတယ်။ မပန်တို့ သရုပ်ဆောင်ရင်တောင်မှ တအားဟော့ တဲ့ ပုံစံဆိုရင် ဘယ်လိုမှ အိုက်တင်လုပ်လို့ မရဘူးဖြစ်တတ်တယ်။ Mood ဝင်အောင် တော်တော်လေးလုပ်ယူရ တာမျိုးတွေရှိတယ်။ အခုတော့ မပန်က အန်တီဝါရိုက်တဲ့ ရှင်ဥပဂုတ္တ ရဟန္တာမထေရ် မြတ်ကြီးရဲ့ ထေရုပ္ပတ္တိဇာတ်ကားမှာ အသောကမင်းကြီးရဲ့ ဇနီး မိဖုရားခေါင်ကြီးနေရာက သရုပ်ဆောင်ထားပါတယ်။ ရိုက်ကူးတော့ လည်း မပန်ကို အန်တီဝါက သူ့စိတ်ကြိုက်စီစဉ်ပေးပါတယ်။ ဒိုင်ယာ လော့ကတော့ နည်းနည်းထောက်တယ်။ မပန်လည်းအမှားအယွင်းမရှိ အောင်လို့ လေယူလေသိမ်းကအစ တော်တော်လေးကြိုးစားလိုက်ရတယ်။ အန်တီဝါရဲ့ သင်ကြားမှုကလည်း ဒိုင်ယာလော့တစ်ခုချင်း၊ အိုက်တင်တစ် ခုချင်းကို စိတ်ရှည်ရှည်နဲ့ သင်ပေးတယ်”လို့ ဆုပန်ထွာက ပြောပြပါ တယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here