လူငယ်နဲ့ သင်္ကြန်

0
99

ကိုသူရအောင်

ဒီနှစ်သင်္ကြန်ကတော့ထွေထွေထူးထူးမရှိပါဘူး။ ဒါပေမဲ့အမျိုးတွေရှိတဲ့တောင်ကြီးမှာ အချိန်ကုန်ဖြစ် ဖို့များပါတယ်။ မနှစ်ကသင်္ကြန်ကို တော့ အိမ်မှာပဲ ဖြတ်သန်းခဲ့ပါတယ်။ ရေကစားတယ်။ နောက်ပြီးဆိုင်ကယ် တွေနဲ့ သင်္ကြန်လည်ဖြစ်တယ်။ ပြီး တော့ သူငယ်ချင်းတွေ စုပေါင်းပြီး စတုဒိသာကျွေးဖြစ်ပါတယ်။ ဆယ် တန်းဖြေပြီးခါစ သင်္ကြန်ကတော့ ကိုယ့်အတွက် အမှတ်တရပါပဲ။ အ တက်နေ့ကကားနဲ့ သင်္ကြန်လည်တာ အိမ်ပြန်တော့မဏ္ဍပ်သိမ်းတဲ့သူတွေ က မူးရူးပြီးကားကိုလိုက်ရိုက်ကြတာ။ အဲဒီနေ့ကတော့တော်တော်အမှတ်တရဖြစ်သွားတာပေါ့။ သင်္ကြန်လည် မယ့်လူငယ်အချင်းချင်းအကြံပြုချင် တာကတော့ ပျော်တာလည်းပျော်ကြ ပါ။ ဒါပေမဲ့ အပျော်ကနေ အပျက် မဖြစ်ပါစေနဲ့။ ပြီးတော့ အရက်တွေ လည်း လျှော့သောက်ကြဖို့ အကြံပြု ချင်ပါတယ်။ သင်္ကြန်မှာ မတော်တဆ ထိခိုက်မှုတွေ ခဏခဏဖြစ်နေတာ လည်း မြင်တွေ့နေရတော့ ဆိုင်ကယ် တွေကိုသတိထားပြီးမောင်းဖို့ အကြံ ပေးချင်ပါတယ်။

*******************

မမိုးကဗျာ

ဒီနှစ်သင်္ကြန်ကိုမိသားစုနဲ့အတူအိမ်မှာပဲပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းဖို့စဉ်းစားထားတယ်။ အပြင်သွား လည်ဖို့တော့ အခုထက်ထိ အစီအစဉ် မရှိသေးဘူး။ အရင်နှစ်တွေကလည်း အိမ်မှာပဲမိသားစုနဲ့အတူ မြန်မာ့ရိုးရာ မုန့်တွေလုပ်စားဖြစ်တယ်။ သင်္ကြန် လည်တာက ပျော်ဖို့ကောင်းပေမယ့်အန္တရာယ်လည်းများတယ်လေ။ ပြီး တော့ တချို့တွေက ကားတွေ၊ ဆိုင် ကယ်တွေ တအားမောင်းကြတော့ အန္တရာယ်များတယ်။ ဒါကြောင့် မိ သားစုနဲ့အတူတူ အိမ်မှာပဲ မုန့်လုပ်စား ကြမယ်လို့စဉ်းစားထားတယ်။ လူငယ် တွေကို အကြံပြုချင်တာကတော့ ပျော်တာကလည်းပျော်ပါ။ သိပ် လည်း အလွန်အကျွံဖြစ်အောင် မ ပျော်ကြပါနဲ့လို့ ပြောချင်ပါတယ်။

*******************

မစိုးစံငြိမ်း

ခုနှစ်သင်္ကြန်ကတော့ထွေထွေထူးထူးအစီအစဉ်ရယ်လို့တော့မရှိပါ ဘူး။ ဒါပေမဲ့တရားစခန်းဝင်ဖို့တော့ စဉ်းစားထားတယ်။ တရားစခန်းကို တစ်ပတ်လောက်ဝင်မယ်လို့တော့ ဆုံးဖြတ်ထားတယ်။ သင်္ကြန်ရက်မှာ အလုပ်တွေလည်း ပိတ်တယ်ဆိုတော့ ကုသိုလ်ရအောင် တရားစခန်းဝင်မှာ ပါ။ အရင်နှစ်သင်္ကြန်ကလည်း တရား စခန်းဝင်ဖြစ်တယ်။ ဘုရားရိပ်၊ တရား ရိပ်ဆိုတာ အေးချမ်းတယ်လေ။ သင်္ကြန်ရက်မှာ စိတ်ရော၊ လူရောအ နားပေးပြီး ဘုရားတရားတွေပဲ လုပ် ဖြစ်မှာပါ။ ကုသိုလ်လည်းရတယ်။ ပြီးတော့အန္တရာယ်လည်းကင်းတယ် လေ။ အိမ်ကလည်းအားပေးပါတယ်။ ဒါကြောင့် နောင်နှစ်တွေဆိုရင်လည်း တရားစခန်းပဲဝင်မှာပါ။ သင်္ကြန်တွင်း မှာ လူငယ်တွေကိုအကြံပြုချင်တာက တော့ အပျော်ကနေအပျက်မဖြစ်စေ နဲ့ပေါ့။ ပြီးတော့ဘီယာတွေ ဘာတွေ သောက်ပြီး ရန်ဖြစ်သောင်းကျန်းတာ မျိုးကို အတတ်နိုင်ဆုံးရှောင်ဖို့ ပြော ချင်ပါတယ်။

*******************

မသီရိရွှေစင်

ဒီနှစ်သင်္ကြန်ကိုတော့ဇီးကုန်းကထွေအုပ်မဏ္ဍပ်မှာရှိမယ်။ ဇီးကုန်းကို ပထမဆုံးရောက်ဖူးမှာဆိုတော့ ရင် ခုန်တယ်။ ပြီးတော့သင်္ကြန်အ ကြတ် နေ့က ကိုယ့်မွေးနေ့ဆိုတော့ စတုဒိ သာလုပ်ဖို့စဉ်းစားထားတယ်။ အတက် နေ့တစ်ရက်လောက်တော့ အပြင် ထွက်လည်ဖြစ်မယ်။ အရင်နှစ်သင်္ကြန် တုန်းကတော့ အကျနေ့အထိ ရွှေစက် တော်မှာရှိနေတာ။ နေ့လယ်ကျတော့ ပြည်မြို့ပြန်တယ်။ လမ်းမှာရှိတဲ့ မြို့ တွေကရေတွေပက်၊ သနပ်ခါးတွေ လိမ်းပေးတာ ပျော်ဖို့ကောင်းပါတယ်။ ကျန်တဲ့သင်္ကြန်ရက်တွေကတော့ ပြည် မှာပဲ ဘုန်းကြီးဆွမ်းကပ်ခဲ့ပါတယ်။ မ နှစ်ကသင်္ကြန်ကတော့ ပျော်စရာတွေ အများကြီးပါပဲ။ ဒီနှစ်သင်္ကြန်မှာ လူငယ်အချင်းချင်း အကြံပြုချင်တာ ကတော့ ဘီယာတွေ၊ အရက်တွေ မ သောက်ဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းဖို့ပါ။ အဲဒါတွေမသောက်လည်း စိတ်ကမြူးပါတယ်လို့ပြောချင်ပါ တယ်။ ပြီးတော့သင်္ကြန်မှာ ကိုယ့်အ သားအရေကိုလည်း ဂရုစိုက်ကြဖို့မှာချင်ပါတယ်ရှင့်။

*******************

နော်ထားလယ်ဖော

ဒီနှစ်သင်္ကြန်မှာတော့ ကိုယ် တက်နေတဲ့ သင်တန်းက သင်္ကြန်ပြီး တာနဲ့ စာမေးပွဲရှိတယ်ဆိုတော့ အိမ်မှာပဲ စာကြည့်ဖြစ်မယ်ထင်တယ်။ တစ်ရက်လောက်ပဲသူငယ်ချင်းတွေ နဲ့အပြင်ထွက်ပြီး သင်္ကြန်လည်ဖြစ် မယ်။ အရင်နှစ်တွေကတော့ အိမ် မှာမိသားစုတွေနဲ့ မုန့်တွေလုပ်စား ဖြစ်တယ်။ သူငယ်ချင်းတွေနဲ့ ရေ ပက်ခံထွက်တာတွေတော့ ရှိတယ်။ သင်္ကြန်မှာလူငယ်တွေကို အကြံပြုချင် တာကတော့ အရက်တွေအလွန်အ ကျွံမသောက်ဖို့၊ နောက်ပြီးရန်ဖြစ် တာမျိုးတွေကို ရှောင်ကြဉ်ဖို့မှာ ချင်ပါတယ်။ ဘာပဲဖြစ်ဖြစ်မြန်မာ့ရိုးရာသင်္ကြန်ပွဲမှာ အားလုံးစည်းကမ်းရှိရှိ ပျော်ကြပါလို့ပြောချင်ပါတယ်။

*******************
မသီရိမွန်

 

ဒီနှစ်သင်္ကြန်ကတော့ ကားနဲ့ပဲ လည်ဖြစ်ပါမယ်။ ဒါမှမဟုတ်အိမ်မှာမုန့်လုပ်စားဖြစ်မယ်ထင်တယ်။ အရင်နှစ်သင်္ကြန်ကတော့ ပိတ်ရက် တွေမှာ ကားနဲ့ပဲလည်ဖြစ်တယ်။ ကားနဲ့လည်တာက ဆိုင်ကယ်ထက် စာရင်တော့ စိတ်ချရတယ်လေ။ သင်္ကြန်နဲ့ပတ်သက်တဲ့ အမှတ်တရ တွေကတော့ နှစ်တိုင်းရှိပါတယ်။ နှစ်တိုင်းစတုဒိသာ လိုက်စားတာတွေ ကလည်း အမှတ်တရတွေထဲက တစ်ခုပါပဲ။ သင်္ကြန်မှာလူငယ်တွေကို အကြံပြုချင်တာက ဘေးရန်ကင်း ကွာစွာနဲ့ ရေကစားကြပါလို့။ ပြီး တော့ဆိုင်ကယ်တွေ၊ ကားတွေလည်း တအားမမောင်းကြဖို့အကြံပြုချင်ပါ တယ်။

*******************

မကျော့ကေကို

ဒီနှစ်သင်္ကြန်ကတော့ အစီအ စဉ်ဆွဲထားတာတွေတော့ မရှိပါဘူး။အခြေအနေအရပါပဲ။ သူငယ်ချင်း တွေနဲ့ပဲ လည်ဖြစ်မလား၊ အိမ်မှာပဲ မုန့်လုပ်စားဖြစ်မလားမသိသေးပါဘူး။ အရင်နှစ်တွေကတော့ သူငယ် ချင်းတွေနဲ့အတူ ရေပက်တယ်။ သ င်္ကြန်လည်တယ်။ ပြီးတော့မုန့်လုံးရေပေါ်တွေလုံးတယ်။ ကုသိုလ်ယူတယ်။သင်္ကြန်နဲ့ပတ်သက်ပြီး ထွေထွေထူး ထူး အမှတ်တရတွေတော့ မရှိပါဘူး။နှစ်တိုင်းကိုပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းခဲ့တာပါပဲ။ သင်္ကြန်လည် မယ့်လူငယ်တွေကို ပြောချင်တာက တော့ အားလုံးသတိဝီရိယရှိကြပါ။ အားလုံးကို အန္တရာယ်ကင်းစေချင် တယ်။ ပြီးတော့အရက်၊ ဘီယာတွေ သောက်ပြီး ဆိုင်ကယ်တွေ တအား မောင်းတာကို အတတ်နိုင်ဆုံးရှောင်ဖို့ အကြံပြုချင်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here