ရေမွန် (idiots) ရဲ့ ပရိသတ်ကို ကျေးဇူးဆပ်နည်း

0
230

 

Idiots အဖွဲ့ဆိုတာ မြန်မာပြည် ရော့ခ်ဂီတ ပရိသတ်တွေအတွက် ချစ်ခင်အားပေးမှုရရှိထားတဲ့အဖွဲ့။ ထို့အတူ Idiots အဖွဲ့ဆိုတာနဲ့ ရေမွန်ဆိုတဲ့ အဆိုတော်ကိုလည်း မေ့ထားလို့ မရတာအမှန်။ သူပြောတဲ့ ပရိသတ်ကို ဘယ်လို ပြန်ကျေးဇူးဆပ်သလဲဆိုတာကို ကြည့်လိုက်ပါဦး။

”ချစ်ဖို့ကောင်းပါတယ်။ အဆိုတော်တွေ အများကြီးပါတဲ့ ပွဲတွေ မှာလည်း သူတို့လာရောက်အားပေးတယ်။ idiots Group ထောင်ထား တဲ့သူတွေလည်း ရှိတယ်။ ဘယ်ပွဲမဆို တစ်ပွဲမကျန် လာကြတယ်။ ပြီးရင် ကာထားတဲ့ခြံကို ကျော်ပြီးတော့ ကျွန်တော်တို့ကို လာတွေ့ကြတယ်။ ကျွန်တော်တို့ရဲ့ အမာခံ ပရိသတ်တွေပေါ့နော်။ သူတို့ကို တကယ်ကျေးဇူး တင်တယ်ပေါ့နော်။ ကျွန်တော်တို့အနေနဲ့ကတော့ စင်ပေါ်မှာ အကောင်း ဆုံးဖျော်ဖြေပေးတယ်။ ကိုယ့်ရဲ့ အနုပညာကို အကောင်းဆုံးတင်ပြတဲ့ နေရာမှာ ကိုယ်တင်ပြတဲ့ မြူးဇစ်ကို အကောင်းဆုံးလုပ်ပြတဲ့အနေနဲ့ ပဲ သူတို့ကို ကျေးဇူးဆပ်ရတာပေါ့” လို့ ရေမွန်က ပြောပါတယ်။ သင်္ကြန်ပြီးတာနဲ့ Idiots အဖွဲ့ရဲ့ လှုပ်ရှားမှုတွေက ခပ်မြန်မြန် ထွက်လာလိမ့်မယ်။ သေချာတာက Idiots ရဲ့ သီချင်းတွေကို Music Video အနေနဲ့ တွဲမြင်ရတော့မှာပါ။ ဒီအကြောင်းကိုလည်း ရေမွန် က …

”Music Video တွေပဲများမယ် ထင်တယ်။ Music Video တွေက ပထမအခွေဆိုရင်လည်း လုံးဝမထွက်ရသေးဘူး။ ဒုတိယအခွေကလည်း တစ်ပုဒ်၊ နှစ်ပုဒ်လောက်ပဲ အွန်လိုင်းမှာ ပြနေတာဆိုတော့ အဲဒါတွေကို ကျွန်တော်တို့အပြီး လက်စသတ်ဖြစ်မယ်ထင်တယ်။ ဆိုတော့ Music Video ၂ ခွေပေါ့နော်။ ပထမ ‘လူအဂီတ’ ရယ်၊ ဒုတိယအခွေ ‘ခေတ် သစ်ကျောက်’ ရယ်ပေါ့နော်။ ပထမအခွေကတော့ ရိုက်ကူးထားတာ တော်တော်ကြာနေပြီ။ အချိန်တွေနည်းနည်းကြာသွားတော့ အပြိုင် အဆိုင်ရိုက်ကူးလာကြတာတွေ ရှိတာပေါ့လေ။ ဒါပေမဲ့ အကောင်းဆုံး ကျွန်တော်တို့လုပ်ထားပါတယ်။ ဒုတိယအခွေ ကတော့ Forever Group နဲ့ရော၊ တခြား Production တွေနဲ့ပါ စီစဉ်ထားတယ်။ ပြီးတော့ တတိယအခွေကို ဒီနှစ် ထဲမှာတီးဖြစ်မယ်ပေါ့နော်”လို့ ရေမွန်က ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here