ဥရောပမှာ နှစ်သစ်ကို ဖြတ်သန်းမယ့် ခင်လေးနွယ်

0
343

သရုပ်ဆောင်ခင်လေးနွယ်က ဒီနှစ်သင်္ကြန်မှာတော့ သူငယ်ချင်းတွေနဲ့အတူ ဥရောပကို အလည်အပတ်သွားရောက်မှာဖြစ်ပါတယ်။ ဒီခရီးစဉ်ကိုဧပြီလ ၁ဝ ရက်နေ့မှာသွားရောက်မှာဖြစ်ပြီး ဥရောပမှာ ၁ဝ ရက်တာကြာမြင့်မယ်လို့ သိရပါတယ်။ ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး ခင်လေးနွယ်က …

“ရှေ့သုံးလေးနှစ်တုန်းကလည်း ဥရောပကို တစ်ခါသွားပြီးပြီ။ အစ်မက ခရီးသွားတာကို ကြိုက်တဲ့အတွက် ဒီနှစ်လည်း သူငယ်ချင်းတွေနဲ့ ဒီခရီး စဉ်သွားကြမယ်ဟေ့ဆိုပြီး စီစဉ်ဖြစ်လိုက်တာပါ။ ဒါကတော့ ဒုတိယ အကြိမ်သွားတာပေါ့။ သူငယ်ချင်းတချို့လည်းပါတာကြောင့် ကိုယ်မ ရောက်ဖူးသေးတဲ့နေရာနဲ့ သူတို့မရောက်ဖူးသေးတဲ့နေရာတွေကိုသွား လည်မယ်။ အဓိကကတော့ မိန်းကလေးအများစုပါတယ်ဆိုတော့ မရောက်ဖူးတဲ့ နေရာလေးတွေကိုလေ့လာမယ်။ အမှတ်တရဓာတ်ပုံလေးတွေရိုက်ကြမယ်။ ဒီခရီးကို စိတ်ကို လွတ်လွတ်လပ်လပ်ထားပြီး သွားကြမယ်။ အခုလို သူငယ်ချင်း အများစုနဲ့ ခရီးသွားတယ်ဆိုတာ စိတ်တူကိုယ်တူမှ သွားလို့ရတာဆိုတော့ အ ပျော်ရွှင်ဆုံးခရီးတစ်ခုဖြစ်အောင်သွားကြမှာပါ”လို့ပြောပါတယ်။ သင်္ကြန်ရောက် ပြီဆိုလို့ရှိရင် ပြည်ပခရီးသွားဖြစ်သလို ပြည်တွင်းကရေကစားမဏ္ဍပ်တွေ မှာလည်း ထိုင်ဖြစ်တယ်လို့သိရပါတယ်။ နှစ်သစ်ဆုတောင်းစကားအနေနဲ့ တော့…

“နှစ်သစ်မှာ အားလုံးပျော်ရွှင်နိုင်ပါစေ။ ကိုယ့်ဘဝမှာ ကိုယ့်လိုအပ်ချက် ကိုယ့်အမှားလေးတွေကို ပြင်ဆင်နိုင်ပြီး ဘဝကို အကောင်းဆုံး လျှောက် လှမ်းနိုင်ပါစေ”လို့ ခင်လေးနွယ်က နှစ်သစ်ဆုမွန်ကောင်းစကားပြောပေးခဲ့ပါ တယ်။

ဇင်မာနွယ်

ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here