ကမ္ဘာက ရွာဖြစ်နေတဲ့အခါမှာ ပရိသတ်က အချဉ်မဟုတ်ဘူးလို့ ပြောတဲ့ မနော

0
201

‘ဗိုလ်အောင်ဒင်’ နဲ့ တစ်နိုင်ငံလုံး သိမ်းပိုက်ခဲ့တယ်လို့ ပြောရင် လူပြိန်းကြိုက်ကြီးပါကွာလို့ ပြောနေဦးမယ်။ တကယ်တော့ မနောဆိုတဲ့ အဆိုတော်ဟာ မြန်မာသံ၊ ခေတ်ပေါ် နှစ်မျိုးစလုံးပိုင်နိုင်တဲ့ အဆိုတော်၊ နေရာအနှံ့မှာ သူ့သီချင်းတွေကြားနိုင်တယ်။ ဘယ်သူ့ကိုမေးမေး မနော ဆိုတာနဲ့ သူ့ပေါက်တဲ့ သီချင်းများစွာကို လက်တန်းပြောပြနိုင်တဲ့ ပရိသတ် တွေများစွာ ရှိတယ်။ သူဘာဖြစ်လို့ တစ်ရှိန်ထိုးအောင်မြင်သွားတာလဲ။ အဖြေက ရှင်းရှင်းလေးပါ။ သူ့အနုပညာကို ပစ်စလက်ခတ်မလုပ် ဘူး။ သေသေချာချာ၊ စနစ်တကျလုပ်ခဲ့တယ်ဆိုတာကိုပါပဲ။ မနောရဲ့ သီချင်းအသစ်တွေ အများကြီးထွက်လာဦးမှာနော်။

”တကယ်တမ်းကျတော့ ဒီဘက်နှစ်ပိုင်းမှာ လုပ်ထား တဲ့ သီချင်းလေးကRock N Roll သီချင်းလေး၊ တော်တော် ကောင်းပါတယ်။ ဒါပေမဲ့ ပွဲတွေဘာတွေနဲ့ ရက်ကျော်သွား တော့ထုတ်ဖို့ မမီလိုက်ဘူး။ အဲဒီအတွက် မထုတ်ဖြစ်လိုက်ဘူး။ နောက်ထပ် သင်္ကြန်အပြီးထွက်မယ့်သီချင်းတွေကတော့ ဖန်တီးမှုအသစ်တွေနဲ့ အများကြီးရှိသေးတယ်။ အနုပညာဖန်တီး တဲ့ နေရာမှာကတော့ လောလို့မကောင်းဘူးလေ။ မပြသေးတာ ဘာမှမဖြစ်ဘူး။ ပြပြီးမှ အားနည်းသွားတာတွေ့ရရင် မကောင်းဘူး။ အဲဒီလိုမျိုးဖြစ်မှာစိုးတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ သီချင်း တွေကို သေသေချာချာ အချိန်ရတဲ့အခါကျမှ ပရိသတ်ကို တင်ပြချင် တာ။ ကမ္ဘာက ရွာဖြစ်နေတဲ့အခါမှာ ပရိသတ်က အချဉ်မဟုတ်ဘူး။ သူတို့ကို ပေါပေါပဲပဲနဲ့ လုပ်လို့မရဘူး။ ကျွန်တော်တို့ဘက်ကလည်း တလေးတစားနဲ့ ဘဝကို မှတ်ကျောက်အနေနဲ့လုပ်တဲ့အခါကျတော့ ကျွန်တော်တို့က တစ်ပုဒ်ဆိုရင် တစ်ပုဒ်သေသေချာချာလုပ်တယ်။ ကျွန်တော် တတ်စွမ်းသမျှပေါ့။ ကြွားရမယ်၊ ကောင်းရမယ်မဟုတ်ဘူး။ ကျွန်တော်တို့ Group တတ်စွမ်းသမျှအားလေးနဲ့ အကောင်းဆုံးလုပ်လိုက်တာ။ ပရိသတ် ကြိုက်နှစ်သက်ခြင်းကတော့ ကျွန်တော် တို့ရဲ့ ကံပေါ့နော်။ ကျွန်တော်တို့အတွက် အကျိုးကျေးဇူးလေးပြန်ရတာပေါ့။ ကျွန်တော်တို့ကတော့ အပုဒ်တိုင်း၊ အပုဒ်တိုင်းကို အားထည့်ပြီးတော့ လုပ်နေပါ တယ်။ စနစ်တကျ လုပ်နေပါတယ်။ အခုလည်း ရိုက်ကူးရေးပိုင်းကို သေသေချာချာ လေ့လာထားပါ တယ်။ နောက်ထပ်သီချင်းတွေမှာ အားကောင်းအောင်လို့” လို့ မနော က ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here