ဘန်ကောက်သွားပြီး မျက်လုံးသွားပြရဦးမယ့် တင်မောင်ဆန်းမင်းဝင်း

0
107

 

 

တင်မောင်ဆန်းမင်းဝင်းက ခွဲစိတ်ထားတဲ့မျက်လုံးကို ပြန်လည်ပြသဖို့အတွက် သင်္ကြန်မှာ ဘန်ကောက်ကို သွားဖို့ ရှိတယ်လို့ ပြောလာပါတယ်။ ဘန်ကောက်မသွားဖြစ်ရင်တော့ ရန်ကုန်မှာပဲရှိမှာဖြစ်ပြီး သူ့အနေနဲ့ မျက်လုံးကို ခွဲစိတ် ထားရတာဖြစ်တဲ့အတွက် မျက်မှန်အမြဲတပ်ထားရတာများပြီး မီးရောင်တွေကိုတော့ စူးစိုက်ကြည့်လို့ သိပ်မရသေးပါဘူး။

”သင်္ကြန်မှာ အလုပ်မရှိရင်တော့ မိသားစုနဲ့ ဘန်ကောက်သွားမယ်။ ကျွန်တော်ကလည်း မျက်လုံးကိုပြန်ပြရမယ့် အချိန်ရှိနေတော့လေ။ သွားပြရင်းနဲ့အလည်ထွက်မယ်ပေါ့။ မျက်လုံးကတော့ကောင်းနေပါပြီ။ ဒါပေမဲ့ မီးရောင်ကို တအား ကြည့်ရင် မျက်လုံးက နည်းနည်းတော့ နီတက်လာတယ်။ အလင်းကြောက်တယ်။ ခွဲစိတ်ပြီးသား အရာတစ်ခုဆိုတော့ အရင်တုန်းကလိုတော့ တအားကြီးကြည့်လို့မရဘူးပေါ့။ မျက်လုံးက နှစ်ဖက်စလုံး ဖြစ်ထားတာဆိုတော့လေ။ စိုးရိမ်စရာ အနေအထားတော့ မရှိပါဘူး”လို့ တင်မောင်ဆန်းမင်းဝင်းက ပြောပါတယ်။ မျက်လုံးက ဒဏ်ရာဖြစ်ရခြင်းကလည်း ငယ်စဉ်က ပြဇာတ်တွေကတဲ့အခါ ငိုတဲ့အခန်းတွေဆိုရင် မျက်ရည်တွေကျအောင် မျက်လုံးထဲကို ပရုတ်ဆီတွေ ထည့်ရာ ကနေ တဖြည်းဖြည်းနဲ့ မျက်လုံးကို ထိခိုက်လာတာလို့ သိရပါတယ်။ တင်မောင်ဆန်းမင်းဝင်းက သဘင်နဲ့ပတ်သက်ပြီး သဘင်ရာသီ အသစ်ပြောင်းတိုင်း တင်ဆက်မှုအသစ်တွေကို အမြဲလုပ်ဆောင်လေ့ရှိပြီး ယခုနှစ်မှာလည်း တင်ဆက်မှု အသစ်တွေကို မြင်တွေ့ရဦးမှာဖြစ်တယ်လို့ သိရပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here