ဖက်ရှင်ဒီဇိုင်နာတစ်ယောက်အနေနဲ့ ရပ်တည်နေတဲ့ တစ် ချိန် က မင်းသမီး မြပွင့်ဖြူ

0
326

တစ်ခေတ်တစ်ခါက အနုပညာလောကမှာ အောင်မြင်မှု ရရှိပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် မြပွင့်ဖြူက အခုချိန်မှာတော့ သရုပ်ဆောင်အလုပ်မလုပ်ဖြစ်တော့ဘဲ ဖက်ရှင်ဒီဇိုင်နာတစ်ယောက်အဖြစ် ရပ်တည်နေတာ ကို တွေ့ရပါတယ်။ အနုပညာလောကကို Miss တစ်ယောက်အနေနဲ့ ဆုရရှိခဲ့ဖူးသူတစ်ဦးလည်းဖြစ်တဲ့ မြပွင့်ဖြူ ကတော့ အဆိုပါအချိန်မှာကတည်းက ဖက်ရှင်ဒီဇိုင်နာကို ဝါသနာပါသူတစ်ဦးလည်း ဖြစ်ခဲ့ပါ တယ်။ အိမ်ထောက်ကျပြီးတဲ့ နောက်ပိုင်းမှာတော့New York မှာ ဖက်ရှင် ဒီဇိုင်းပညာကို သွားရောက်သင်ယူခဲ့ပြီး ၂ဝ၁၂ ခုနှစ်မှာတော့ ဒီဇိုင်နာတစ်ယောက် အနေနဲ့ ရပ်တည်ခဲ့တဲ့ မြပွင့်ဖြူကို မေးမြန်းကြည့်ခဲ့ရာ …

“အစ်မဇာတ်ကားတွေ ရိုက်ကူးကတည်းက ဖက်ရှင်ကို သိပ်မြတ်နိုးတယ်။ အဲဒါ့ ကြောင့် အခုလို ဖက်ရှင် ဒီဇိုင်နာတစ်ယောက်အနေနဲ့ အစ်မရပ်တည်ဖို့အတွက်ကို အစ်မ အမျိုးသားနဲ့ အိမ်ထောင်ကျပြီးတဲ့နောက်မှာ အစ်မ New York မှာ ဖက်ရှင် ဒီဇိုင်းပညာကို သင်ကြားခဲ့ပါတယ်။ အစ်မက အနုပညာလောကကို Miss ရပြီး ဝင်ဖြစ်ခဲ့တယ်။ ၁၉၉၁ ခုနှစ်တုန်းလောက်ကဆိုတော့ အစ်မ တို့ နိုင်ငံက ဖက်ရှင်နဲ့ ပတ်သက်ပြီး တော်တော်လေးကို ဝေးပါသေးတယ်။ အစ်မ Miss ဆုရခဲ့လို့ စင်ကာပူနိုင်ငံကို သွားတုန်းကဆိုရင်လည်း သူများ နိုင်ငံက တအားကို တိုးတက်နေကြတာတွေ့ရတယ်။ အဲဒါနဲ့ ကိုယ်ကိုယ် တိုင်လည်း ဖန်တီးချုပ်လုပ်ချင်တာရယ်၊ လိုအပ်ချက်တွေကို ဖန်တီးပေး ချင်တာကို အခုမှ အကောင်အထည်ဖော်ဖြစ်ခဲ့တာပါ” လို့ ပြောပါတယ်။

အခုချိန်မှာတော့ မြပွင့်ဖြူက သရုပ်ဆောင် အလုပ် မလုပ်ဖြစ်တော့ ပေမယ့်လည်း လက်ရှိရိုက်ကူးနေတဲ့ ဇာတ်လမ်းတွဲတွေမှာ အနုပညာရှင် တွေ ဝတ်ဆင်တဲ့ ဖက်ရှင်ဒီဇိုင်းတွေကို ဖန်တီးချုပ်လုပ်ပေးဖြစ်နေကြောင်း သိရပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here