သင်္ကြန်ကို ဖြတ်သန်းမယ့် မေခလာ

0
161

 

နေပြည်တော်၊ ထားဝယ် ၂ နေရာစလုံးက သင်္ကြန်မှာ ခေါ်နေတဲ့အတွက် ၂ ကိုယ်ခွဲသွားရမလား တွေဝေနေမိတယ်လို့ တေးသံရှင်ကြီး မေခလာက ပြောပါတယ်။ သို့သော်လည်း ထားဝယ်ဘက်ကို မဲသာသွားတဲ့အတွက် ထားဝယ်မှာ သီချင်းဆိုရင်း သင်္ကြန်ကိုဖြတ်သန်း ဖြစ်ပါတော့မယ်တဲ့။ မေခလာ ပြောတဲ့ သင်္ကြန်ဆိုတဲ့ အနှစ်သာရကဘာလဲဆိုတော့-

”မကြာခင်မှာ နှစ်သစ်ရောက် တော့မယ်ပေါ့နော်။ မြန်မာတွေရဲ့ New Year။ ဒါမှ New Year အစစ်လို့ခေါ်တယ်။ ချစ်ငယ်ကတော့ မြန်မာ့ရိုးရာ သင်္ကြန်ကို မြန်မာ့နှစ်သစ်ကူးလို့သတ်မှတ်တယ်။ အဲဒါကြောင့်မို့လို့ မြန်မာ့နှစ် သစ်ကူးမှာ ၇ ရက်သားသမီးတွေ စီးပွားဥစ္စာတိုးတက်ပါစေ။ နောက်ပြီးတော့ ဖြစ်ပေါ်နေတဲ့ ကပ်ကြီးတွေ ကျော်လွှားနိုင်ပါစေ။ အဓိကက အဲဒါပါပဲ။ ချစ် ငယ်တစ်ခါတလေကျရင် ဖေ့စ်ဘုတ်ခ်မှာကြည့်ပြီးတော့ စိတ် မချမ်းသာဘူး။ ကပ်တွေအားလုံးပြီးဆုံးသွားပါစေလို့ ချစ်ငယ်ဆုတောင်းတယ်နော်။ မြန်မာပြည်သူလူထုကို လည်း ချစ်ငယ် ချမ်းသာစေချင်တယ်။ ချစ်ငယ် လူမျိုး ကိုချစ်တယ်။ မြန်မာလူမျိုးဖြစ်ရတာကိုလည်း ဂုဏ် ယူတယ်” လို့ မေခလာက ပြောပါတယ်။

ဧပြီလ ၉ရက်နေ့၊ အမျိုးသား ဇာတ်ရုံမှာ ကျင်းပပြုလုပ်မယ့် နှစ်ဖက်လှနိုင်ငံကျော် ဂီတစာဆို ကိုလေးလွင် အမှတ်တရဖျော်ဖြေပွဲကြီးမှာ မေခလာလည်း ပါဝင်ဖျော်ဖြေမှာဖြစ်ပါတယ်။ ကိုလေးလွင်က သူမရဲ့ကျေးဇူးရှင်ပါလို့ပြောတဲ့ မေခလာ က-

”အန်ကယ်ဦးလေးလွင် ကတော့ ချစ်ငယ်ရဲ့ ‘ပြန်ပေတော့’ ဆိုတဲ့ စီးရီးကို ရေးပေးတဲ့ တေးရေးဆရာကြီး။ ချစ်ငယ် ရဲ့ကျေးဇူးရှင်ဆိုရင်လည်း မမှားပါဘူး။ အန်ကယ်ဦးလေးလွင်မဆုံးခင်တုန်းကလည်း ချစ်ငယ်သူ့ကို ကန်တော့ခဲ့ဖူး ပါတယ်။ သူအသက် ရှင်စဉ်ကာလ၊ သူဆေးဖိုးတွေအတွက် ဒုက္ခရောက် နေချိန်ကာလမှာ သူ့မှာကျေးဇူးတွေအများကြီးရှိတဲ့အခါကျတော့ ချစ်ငယ် တတ်နိုင်သလောက်လေး ပြန်ပြီး ကျေးဇူးပြုနိုင်ခဲ့တယ်။ အဲဒါလေးကို တော့ ချစ်ငယ်ဒီနေ့အထိ ဝမ်းသာ တယ်။ သူသက်ရှိ ထင်ရှားရှိနေစဉ်မှာ ကန်တော့ခဲ့လိုက်ရတာကိုပဲ ချစ်ငယ် တအား ပီတိဖြစ်နေတယ်။ အဲဒါကြောင့် မို့လို့ ဒီပွဲလေးကို မသိင်္ဂီပြောတဲ့ အချိန်မှာ ကြိုဆိုပြီးတော့ လက်ခံခြင်းဖြစ်တယ်” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here