မိခင်ဖြစ်သူ မေသဉ္ဇာဦးကို ငယ်ငယ်လေးကတည်းက အားကျခဲ့ရကြောင်း မင်းသုခိုင်ဖွင့်ဟ

0
150

အကယ်ဒမီမေသဉ္ဇာဦးရဲ့ အနုပညာမျိုးဆက်သစ်ဖြစ်တဲ့သား မင်း သုခိုင်ကတော့ အနုပညာလောကထဲကို ဝင်ရောက်လာပြီဖြစ်ပါတယ်။ မကြာခင်က ကျင်းပပြုလုပ်ခဲ့တဲ့ အကယ်ဒမီပေးပွဲမှာတော့ အကူ မောင်မယ် အနေနဲ့ ပါဝင်ဆောင်ရွက် ခဲ့တဲ့ မင်းသုခိုင်က အခုလတ်တလော မှာတော့ မိခင်ဖြစ်သူရဲ့ရှူတင်တွေကို လိုက်ပြီး သရုပ်ဆောင်မှု ပညာသင်ယူ နေပါတယ်။ မိခင်ဖြစ်သူကိုတော့ ငယ်ငယ်လေးကတည်းက အားကျခဲ့ တဲ့အကြောင်းကိုလည်း မင်းသုခိုင်က …

“အမေကတော့ ကျွန်တော့်ကို ပံ့ပိုးပေးဖြစ်ပါတယ်။ အရင်ကတည်းက အမေက ကျွန်တော့်ကို မင်းသားသိပ်ဖြစ်စေချင်ခဲ့တာ။ ဒါပေမဲ့ ကျွန်တော် ကျောင်းမပြီးသေးတော့ မလုပ်ဖြစ်ခဲ့ဘူး။ အခုကျွန်တော်ဘွဲ့ လည်း ရသွား ပြီဆိုတော့ ဒီအနုပညာ အလုပ်ကို စလုပ်ဖြစ်သွားမှာပါ။အကုန်လုံးကလည်း ဝိုင်းပြီး မင်းသားလုပ်ဖို့တိုက်တွန်းကြတာနဲ့ ကျွန်တော် လည်း စိတ်ပါလာလို့ လုပ်ဖြစ်သွားမှာ ပါ။ ကျွန်တော် အမေနဲ့အတူ နောက် ပိုင်းမှာ ဇာတ်ကားတွေ ရိုက်ကူးဖို့ ကမ်းလှမ်းခဲ့ရင်လည်း ရိုက်ကူးသွား မှာပါ++လို့ ပြောပါတယ်။
အနုပညာအလုပ်ကို ကျောင်းပြီး တော့မှ ဝါသနာပါလာတဲ့ မင်းသုခိုင် ကတော့ အခုချိန်မှာ အနုပညာနဲ့ပတ်သက်ပြီး သင်ယူနေဆဲကာလ ဖြစ်တဲ့ အတွက် အိုင်တင်တော့ မလုပ်တတ်သေးကြောင်း ပြောပါတယ်။

“ကျွန်တော် ခုကျောင်းလည်း ပြီးသွားပြီဆိုတော့ အနုပညာအလုပ်တွေ ဆက်လုပ်သွားမှာပါ။ အခုတော့ ဇာတ်ကားရိုက်ကူးမှုတွေ လက်ခံ ထားတာမရှိသေးပါဘူး။ ကြော်ငြာတွေ ကမ်းလှမ်းခဲ့ရင်လည်း ရိုက်ဖြစ် သွားမှာပါ။ ကျွန်တော် အခုအမေ့ ရှုတင်တွေတော့ လိုက်သွားပြီး လေ့ လာနေပါတယ်။ အိုင်တင်တော့ မလုပ်တတ်သေးဘူး။ လေ့လာ နေတုန်း ပဲရှိပါသေးတယ်။ ကျွန်တော့်အနေနဲ့ ခုမှအနုပညာအလုပ်ကို စလုပ်ရ မှာဖြစ်တဲ့အတွက် ပရိသတ် တွေအနေနဲ့ ကျွန်တော့် အမေ ကိုချစ်သလို ကျွန်တော့်ကို လည်းချစ်ပေးကြပါလို့ပြော ချင်ပါတယ်”လို့မင်းသုခိုင် ကပြောပါတယ်။

တွယ်တာ
ဓာတ်ပုံ မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here