ဒီနှစ်သင်္ကြန်ကို မိသားစုနဲ့အတူ လန်ဒန်မှာ ဖြတ်သန်းမယ့်မယ်လိုဒီ

0
162

ဧပြီလ ၃ ရက်နေ့မှာ အသက် ၃ နှစ်ပြည့်သွားတဲ့ သားလေး သိဒ္ဓိစစ် မွေးနေ့မှာတော့ မယ်လိုဒီက ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသကို နဝကမ္မ အလှူတော်ငွေ ကျပ်ဆယ် သိန်းကို လှူဒါန်းခဲ့ပါတယ်။ သားအတွက် မိခင်ကောင်းတစ်ယောက် လည်း ဖြစ်ချင်တယ်ဆိုတဲ့ မယ်လိုဒီက အချိန်ရှိတိုင်း သားအတွက်ပဲ စဉ်း စားပေးဖြစ်နေကြောင်းဆိုပါတယ်။

“သားသားကြော်ငြာရိုက်ထား တဲ့ သားသားရဲ့ လုပ်အားခနဲ့ပါမောက္ခ ချုပ် ဆရာတော်ကြီးကို ဝတÄုငွေလှူ ဖြစ်ပါတယ်၊ ဒီနှစ်နဲ့ဆို ဆရာတော် ၃ နှစ်ဆက်တိုက်ကို လှူဖြစ်တယ်။ သားသားကို မွေးနေ့လက်ဆောင်ဆိုပြီး ပေးတာမျိုးတော့မရှိပါဘူး။ သူ့ကို မွေးနေ့မှ မဟုတ်ဘူး။ သူ့ဘဝတစ်သက်တာမှာ ဘာလုပ် လို့ရမလဲ ဆိုတာကို အချိန်တိုင်း စဉ်းစားတယ်။ ကြိုပြီး စူညေ လုပ်ပေးလို့ရသမျှ အကုန်လုံးကို ကြိုတင် စီစဉ်ပေးတယ်။ သားအတွက် အကောင်းဆုံး ဆိုတာကို ရွေးချယ်တယ်။ ကိုယ် လုပ်နိုင်မယ့်ထဲ ကအကောင်းဆုံးဆိုတာကို ရွေး ချယ်ပေး တယ်။ မွေးနေ့မို့လို့ ပေးရ မယ်ဆိုပြီး အမှတ် တရမရှိပါဘူး။ သားအတွက်က အချိန်တိုင်း ကို သူ့ အတွက် စဉ်းစားဖြစ်တယ်။ ကိုယ့်ရဲ့ အပြုအမူအနေအထိုင် အပြောအဆိုက အစသားကိုထိခိုက်မှာ သိပ်ကြောက်တယ်။ သူ့အတွက် မိခင်ကောင်းတစ်ယောက် ဖြစ်ချင်တယ်။ ကိုယ့်မိဘတွေ အ တွက်လည်း သမီးကောင်း တစ်ယောက် ဖြစ်ချင်=တယ်။ အဲဒါ့ကြောင့် သူ့အတွက်က မွေးနေ့မှ မဟုတ် ပါဘူး။ မွေးနေ့မှာလှူတယ်ဆိုတာကလည်း အထိမ်း အမှတ်တစ်ခုပါပဲ။ မွေးနေ့မတိုင် ခင်ကလည်း သူ့အဖေလှူပေး တာတွေ လည်း ရှိတယ်” လို့ ပြောပါတယ်။

ဧပြီလ ၈ ရက်နေ့မှာတော့ မယ် လိုဒီက မိသားစုနဲ့အတူ အင်္ဂလန်နိုင် ငံ လန်ဒန်ကို သွား ရောက်လည်ပတ်မှာဖြစ်ပြီး မေလ ၃ ရက်နေ့မှ မြန်မာနိုင်ငံကို ပြန်လည်ရောက် ရှိမှာဖြစ်ကြောင်းသိရပါ တယ်။ ဒါ့ကြောင့် ဒီနှစ်သင်္ကြန် ကိုတော့ မိသားစုနဲ့အတူ လန်ဒန်မှာ ဖြတ်သန်းမှာ ဖြစ်ကြောင်းကို မယ်လိုဒီက …

“သင်္ကြန်ကို အစ်မတို့ လန်ဒန် မှာရှိမယ်။ ပြင်သစ်တို့ တခြားနိုင်ငံ ဘက် တွေလည်း ဆက်သွားဖြစ်မယ်၊ အင်္ဂလန် မှာကအစ်မအမျိုးသားရဲ့အစ်ကို တစ် ယောက်နဲ့ညီတစ်ယောက်ရယ်၊ သူတို့ ညီအစ်ကို ၃ ယောက်ဆုံကြမှာ၊ သူ့ရဲ့ အဖေရော၊ အမေရော လန်ဒန် မှာရောက်နေတာလည်းပါတယ်။ အဓိကကတော့ မိသားစုဆုံကြတာ ပေါ့။ နောက်တစ်ခု က အစ်မ အမျိုး သားရဲ့ အစ်ကိုရဲ့ သားလေးနဲ့ သားသား နဲ့ကလန်ဒန်မှာ မဆုံဖူးဘူး။ အဲဒါနဲ့ သား သားနဲ့ သူ့အစ်ကိုကို ဆုံပေးချင်တာလည်း ပါ တယ်။ မေလ ၃ ရက်နေ့မှ ပြန်ရောက်မယ်။ မေ ၅ ရက်နေ့မှာ ပွဲတစ်ပွဲရှိ တယ်။ မေ ၁ဝ ရက်နေ့မှာကျတော့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ဖို့ရှိပါတယ်”လို့ ပြောပါတယ်။

တွယ်တာ
ဓာတ်ပုံ အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here