ဂျပန်နိုင်ငံတွင် ပြုလုပ်တဲ့ မြန်မာသင်္ကြန် မှာ ဇာတိမြေသီချင်းကို သီဆိုခဲ့တဲ့ မိုရီဆာကီဝင်း

0
180

၂၇ ကြိမ်မြောက် မြန်မာမိသားစု အတာသင်္ကြန်ပွဲတော်ကို ဂျပန်နိုင်ငံ တိုကျိုမြို့ Hibiya ပန်းခြံမှာ ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့ပါတယ်။ အဆို ပါသင်္ကြန်ပွဲတော်မှာ သရုပ်ဆောင် မိုရီ ဆာကီဝင်းကလည်း တေးသီချင်း များနဲ့ သီဆိုဖျော်ဖြေခဲ့ပြီး မြန်မာနဲ့ ဂျပန်တို့ပူးပေါင်းရိုက်ကူးတဲ့ ‘ဇာတိမြေ’ ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ဝင်တေးသီချင်းကိုလည်း သီဆိုခဲ့တယ်လို့ သိရပါတယ်။

”သူ့အတွက်ဂုဏ်ယူပါတယ်။ ဇာတိမြေကို မမေ့တဲ့အတွက်ပေါ့။ ကျွန်တော့်ကို မြန်မာပြည်မှာမွေးတာပါ ဆိုပြီး ‘ဇာတိမြေ’ သီချင်းကို သူသီဆိုသွားခဲ့ပါတယ်” လို့ ဒါရိုက်တာကြည်ဖြူသျှင်ကလည်း မိုရီဆာ ကီဝင်း နဲ့ပတ်သက်လို့ ပြောပါတယ်။

ဒါ့အပြင်သရုပ်ဆောင် မိုရီဆာကီဝင်းအပါအဝင် ဂျပန်ရောက် မြန်မာ မိသားစုများကလည်း ပရိသတ်များကိုအဆိုအကများနဲ့ ဖျော်ဖြေခဲ့ကြကာ မြန်မာ အစားအသောက်များကိုလည်း ခင်းကျင်းရောင်းချခဲ့ကြကြောင်း သိရပါတယ်။

ဓာတ်ပုံ – Myint Zaw


LEAVE A REPLY

Please enter your comment!
Please enter your name here