မမများအဖွဲ့သင်္ကြန်ယိမ်းထွက်ခြင်းက စီးပွားရှာခြင်းမဟုတ် အလှူလုပ်ခြင်းဖြစ်ကြောင်းသိရ

0
423

နာမည်ကျော် ဝါရင့်ဇာတ်ပို့ အမျိုးသမီးအဖွဲ့တွေနဲ့ ၂ဝဝဝ ပြည့် နှစ်ကတည်းက စတင်ဖွဲ့စည်းထား ခဲ့တဲ့ မမများအကအလှအဖွဲ့ရဲ့ တည် ထောင်မှုဟာဆိုရင် အခုနှစ် သင်္ကြန်မှာ ၁၈ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါ တယ်။ အခုနှစ်သင်္ကြန်ယိမ်းအတွက် အက အလှတွေကိုတိုက်ပြီး သင်္ကြန် ကာလဖျော်ဖြေရေးတွေအတွက် အသင့်အနေအထားဖြစ်အောင် ပြင်ဆင်နေကြပြီဖြစ်ပါတယ်။ မမ များအဖွဲ့ရဲ့ တည်ထောင်သူ တစ်ဦး ဖြစ်သူ ဝါရင့်သရုပ်ဆောင် မတူးက တော့ အခုနှစ် ပြင်ဆင်ထားတာတွေနဲ့ ပတ်သက်ပြီး…

”ရန်ကုန်မှာ သင်္ကြန်အကြိုကို ဖြတ်သန်းပါမယ်။ နောက်နေ့မှာ တော့ နေပြည်တော်ပါ။ ပြီးတော့ ရမည်းသင်း၊ မန္တလေး၊ မုံရွာတို့ကို သွားပါမယ်” လို့ဆိုပါတယ်။

ဒါ့အပြင် မမများအဖွဲ့တည် ထောင်ခဲ့စဉ်က ရည်ရွယ်ထားတဲ့ ရည်ရွယ်ချက်တွေကိုလည်း ၁၈ နှစ် တာ ကာလအတွင်းမှာ ပရဟိတ လုပ်ငန်းတွေကအစ အတော်များများ ကို လုပ်နိုင်ခဲ့ပြီ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

”မမများအဖွဲ့ စခဲ့တုန်းက သင်္ကြန်တွင်း ကပြခဲ့မှုတွေကနေ ငွေကျပ် ၃၆ သိန်းတိတိကိုရရှိခဲ့ တယ်။ အဲဒီကရတဲ့ငွေတွေကို ပရဟိ တ စလုပ်ခဲ့တယ်။ ရသမျှ ပိုက်ဆံအား လုံးကို လှူဖြစ်ခဲ့တယ်။ အဲဒီက နေစခဲ့တာ အခုအချိန်အထိဆိုရင် ကျပ်သိန်းတစ်ထောင် နီးပါးအထိ လှူဒါန်းမှုတွေ ရှိခဲ့ပါပြီ။ ၁၈နှစ်ကာ လအတွင်းမှာပါ။ မမများအဖွဲ့အနေနဲ့ ရဟန်းခံရှင်ပြု အလှူတွေကိုလည်း လုပ်ခဲ့ပြီးပါပြီ။ အခု သိမ်ဆောက်နေ တာလည်း ပြီးပါတော့မယ်။ ဖောင် ဒေးရှင်းတွေကိုလည်း လှူဒါန်းခဲ့ ပါတယ်။ မမများအဖွဲ့သင်္ကြန်မှာ ထွက်ပြီးတော့ ယိမ်းကကြတယ် ဆိုတာ ကျွန်မတို့ စီးပွားရှာနေကြတာ မဟုတ်ပါဘူး။ တချို့က ကျွန်မ တို့အဖွဲ့ကို စီးပွားရှာစားနေတယ်လို့ ထင်ကြတာ။ အဲဒီတော့ အမှန်ပြောရ ရင် ဒါသည်စီးပွားတစ်ဝက်၊ ပရဟိတ တစ်ဝက်ပါ။ အဲဒီလိုမျိုးပါ။ ပြောရရင် ပရဟိတဆိုတာ လွန်ခဲ့တဲ့ ၁၈ နှစ်က တည်းက မမများအဖွဲ့ကလုပ်ခဲ့ တာပါရှင့်။ အခု သိမ်ဆောက်နေတာ ဆိုရင်လည်း နှစ်စဉ်ကပြလို့ရခဲ့တဲ့ အနုပညာငွေကြေးတွေနဲ့ သိမ် ဆောက်ခဲ့ကြတာ။ နှစ်ပေါင်းများစွာ ကပြစုစည်းခဲ့တဲ့ ငွေတွေနဲ့ မွန်မွန် မြတ်မြတ်ကို လှူဒါန်းတာဖြစ်ပါတယ်။ အခုနှစ်အတွင်း သိမ်ဆောက်တာပြီး စီးမယ်လို့ ခန့်မှန်းထားပါတယ်” လို့ သရုပ်ဆောင် မတူးကပြောပြပေး ပါတယ်။

မမများအဖွဲ့ဟာ တစ်ယောက် သဘောထားကို တစ်ယောက်အ လေးထားပြီး ဆောင်ရွက်ခဲ့ကြတာမို့ ရည်မှန်းချက်တွေဟာ အတော်များ များပြည့်ခဲ့တယ်လို့လည်း မမများအ ဖွဲ့ဝင်ဖြစ်တဲ့ သရုပ်ဆောင် ဂွမ်းပုံကြီး ကဆိုပါတယ်။

”တစ်ယောက်နဲ့တစ်ယောက် ၁၈နှစ်တာ ကာလအတွင်း စိတ် ကောက်တယ်ဆိုတာမျိုးတော့ ရှိပါ တယ်။ ဒါပေမဲ့ အဲဒါတွေက ခဏပါ။ သိပ်မကြာပါဘူး ။ တစ်ယောက်နဲ့တစ် ယောက် မွှေးမွှေးပေးလိုက်တာနဲ့တင် စိတ်ကောက်ပြေကုန်ရော” လို့ သရုပ်ဆောင် ဂွမ်းပုံကြီးက ရယ်လျက် ပြောပြပါတယ်။

မမများအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ အကယ်ဒမီ ခင်မို့မို့အေးကတော့ မမများအဖွဲ့နဲ့ ပတ်သက်တဲ့ အမှတ် တရတွေကို အခုလိုဆက်လက် ပြော ပြတာကတော့ ”ပြီးခဲ့တဲ့ နှစ်တွေမှာ တီတီခြေထောက်ကျိုးသွားတော့ အရင်ဆုံး တီတီ ဆီကို ရောက်လာတာ မမများအဖွဲ့တွေပါ။ တီတီတို့က တစ်ယောက်နဲ့တစ်ယောက်တအား ချစ်ကြတယ်။ ဒီနှစ်ဆိုရင်လည်း တီတီကခြေထောက်က အရွတ်ဟ ထားတဲ့အတွက် တီတီ မကသေး ပါဘူးလို့ပြောတယ်။ ဒီတစ်နှစ် နားပါရစေပေါ့။ အဲဒီ လိုပြောလည်း ဘယ်လိုမှ မရဘူ။း တီတီကိုလုံးဝ သူတို့မချန်ခဲ့ကြဘူး။ မန္တလေး၊ နေပြည်တော်တို့ ရောက်လို့ မကနိုင် လည်းထိုင်နေ။ ထိုင်နေလည်း ဝေစု ကဒီအတိုင်းပဲပေးမှာလို့ ပြောပြီး တော့ အတင်းခေါ်ကြတယ်။ လုံးဝ မချန်ခဲ့ဘူး။ မကနိုင်လည်း လိုက်ထိုင် ခိုင်းပါတယ်။ အနိုင်ကျင့် တာပေါ့လေ (ရယ်လျက်)။ ညီမတွေဆိုတော့ တစ်ယောက်ပဲ့လို့ မဖြစ်ဘူး တဲ့။ မမ များအဖွဲ့ အပျော်ဆုံးအချိန်တွေက တော့သင်္ကြန်ကာလတွေပါပဲ”လို့ ရယ်မောပျော်ရွှင်စွာနဲ့အကယ် ဒမီ ခင်မို့မို့အေးကပြောပြပါခဲ့ပါတယ်။

ထက်လူ

ဓာတ်ပုံ-မင်းမင်းထွန်း 


LEAVE A REPLY

Please enter your comment!
Please enter your name here