ဒီနှစ်သင်္ကြန် အနုပညာရှင်တို့ ဘယ်မှာရှိမလဲ (၁)

0
101

မြန်မာလူမျိုးတို့ နှစ်စဉ်နှစ်တိုင်း ပျော်ရွှင်စွာဆင်နွှဲကြတဲ့ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကြီးကား မကြာမီရောက်ရှိလာတော့မှာဖြစ်ပါတယ်။ ဒီသင်္ကြန်ပွဲတော်ရက်အတွင်းမှာ ပြည်သူတွေချစ်ခင်မြတ်နိုးကြတဲ့ အနုပညာရှင်များကလည်း သင်္ကြန်မဏ္ဍပ်အသီးသီးမှာ တစ်တပ်တစ်အား ပါဝင်ဆင်နွှဲကြမှာဖြစ်ပါတယ်။ တချို့အနုပညာရှင်များကတော့ ခရီးထွက်ခြင်း၊ ဘာသာရေးဆိုင်ရာ ဥပုသ်သီလဆောက်တည်ခြင်း၊ တရားစခန်းဝင်ခြင်း၊ ငြိမ်းအေးစွာနားနေခြင်းစတာတွေ ဆောင်ရွက်ရင်း သင်္ကြန်ပွဲတော်ကို ဆင်နွှဲကြမှာဖြစ်ပါ တယ်။ ပြည်သူတွေအနေနဲ့ကလည်း မိမိတို့ ချစ်ခင်မြတ်နိုးကြတဲ့ အနုပညာရှင်တွေ ဒီနှစ်သင်္ကြန်မှာ ဘယ်မှာရှိကြမလဲဆိုတာ သိချင်ကြမှာဖြစ်တာကြောင့် အနုပညာရှင်များနဲ့ တွေ့ဆုံမေးမြန်းပြီး ဖော်ပြပေးလိုက်ပါတယ်။

နေတိုး

 

 

နှစ်သစ်မှာစိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံ ကြပါစေ။ ကျွန်တော်တို့ဖန်တီးထား တဲ့ အနုပညာတွေကိုကြည့်ရှုရင်း နှစ် သစ်ကိုကြိုဆိုကြရအောင်။ ဒီနှစ် သင်္ကြန်ကတော့ ခရီးသွားဖို့မရှိသလို ဖျော်ဖြေရေးလည်း မရှိပါဘူး။ ကျွန် တော်အိမ်မှာပဲ ရှိမှာပါ။

 

***********************

 

အောင်မင်းခန့်

 

 

သင်္ကြန်မှာ ရန်ကုန်မှာပဲရှိနေမှာ ပါ။ နှစ်တိုင်းကတော့ အိမ်မှာနေ တယ်။ ခဏတစ်ဖြုတ် အပြင်ထွက် လည်တယ်။ ဒီလောက်ပါပဲ။ သင်္ကြန် အမှတ်တရရယ်လို့တော့ သိပ်မရှိပါ ဘူး။ ဒီလိုပဲ ပုံမှန်ပါပဲ။ဒီနှစ်သင်္ကြန်မှာ ကဲကြမယ့် ပျော်ကြမယ့် ညီအစ်ကို များ၊ ချစ်ပရိသတ်ကြီးများ အားလုံး ဘေးရန်ကင်းစွာနဲ့ ပျော်ရွှင်နိုင်ကြပါ စေ။ နှစ်သစ်မှာလည်း လုပ်သမျှ အလုပ်အကိုင်များ၊ စီးပွားရေးများ အဆင်ပြေချောမွေ့ပါစေ၊ လိုအင် ဆန္ဒတွေတစ်ထပ်တည်း ပြည့်ဝကြပါ စေလို့ ဆုတောင်းပေးပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here