ဒီနှစ်သင်္ကြန် အနုပညာရှင်တို့ ဘယ်မှာရှိမလဲ (၃)

0
87

မြန်မာလူမျိုးတို့ နှစ်စဉ်နှစ်တိုင်း ပျော်ရွှင်စွာဆင်နွှဲကြတဲ့ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကြီးကား မကြာမီရောက်ရှိလာတော့မှာဖြစ်ပါတယ်။ ဒီသင်္ကြန်ပွဲတော်ရက်အတွင်းမှာ ပြည်သူတွေချစ်ခင်မြတ်နိုးကြတဲ့ အနုပညာရှင်များကလည်း သင်္ကြန်မဏ္ဍပ်အသီးသီးမှာ တစ်တပ်တစ်အား ပါဝင်ဆင်နွှဲကြမှာဖြစ်ပါတယ်။ တချို့အနုပညာရှင်များကတော့ ခရီးထွက်ခြင်း၊ ဘာသာရေးဆိုင်ရာ ဥပုသ်သီလဆောက်တည်ခြင်း၊ တရားစခန်းဝင်ခြင်း၊ ငြိမ်းအေးစွာနားနေခြင်းစတာတွေ ဆောင်ရွက်ရင်း သင်္ကြန်ပွဲတော်ကို ဆင်နွှဲကြမှာဖြစ်ပါ တယ်။ ပြည်သူတွေအနေနဲ့ကလည်း မိမိတို့ ချစ်ခင်မြတ်နိုးကြတဲ့ အနုပညာရှင်တွေ ဒီနှစ်သင်္ကြန်မှာ ဘယ်မှာရှိကြမလဲဆိုတာ သိချင်ကြမှာဖြစ်တာကြောင့် အနုပညာရှင်များနဲ့ တွေ့ဆုံမေးမြန်းပြီး ဖော်ပြပေးလိုက်ပါတယ်။

 

စိုးပြည့်သဇင်

 

 

စိုးပြည့် အသက် ၁၃ နှစ်ကနေ စပြီးတော့ အခုအသက်အရွယ်ထိ စိုးပြည့်နှစ်တိုင်း သီချင်းဆိုဖြစ်တယ်။ တစ်နှစ်မှမပျက်ခဲ့ဘူး။ နှစ်တိုင်း ပရိသတ်တွေနဲ့ သီချင်းဆိုပြီး ဖြတ် သန်းဖြစ်တယ်။ ဒီနှစ်လည်း သီချင်း ဆိုဖို့ ပြောထားတာတွေ အများကြီး ရှိပါတယ်။ဘယ်မှာဆိုဖြစ်မလဲဆို တာသာ မသိသေးတာ။ သေချာရင် ပရိသတ်ကို အသိပေးပါ့မယ်။သင်္ကြန် ဆိုရင်တော့ စိုးပြည့်သီချင်းဖြစ်တဲ့ ကိုစိုးလင်းရေးပေးထားတဲ့ ‘တွဲရုံပဲ ချစ်လား’ဆိုတဲ့ သီချင်းလေးကို ပရိသတ်တွေကလည်း တောင်း ဆိုတော့ အမြဲဆိုပြဖြစ်ပါတယ်။သင်္ကြန်ဖီလင်ကတော့ ကလေးဘဝ တုန်းကတော့ ဒီလိုပဲပျော်ခဲ့တယ်။အခုကျတော့လည်းပျော်တာလည်း ပျော်တယ်။ အလုပ်လည်းဖြစ်တယ် ပေါ့နော်။အလုပ်နဲ့အပျော်နဲ့ပေါ့။ဘာလို့လဲဆို ကိုယ်တွေက သင်္ကြန်မှာ သီချင်းဆိုတဲ့အတွက် အလုပ်နဲ့ပျော်ရ တယ်လေ။အလုပ်ပြီးတော့လည်းရေ ပက်တယ်။ အဲဒီလိုမျိုးဆိုတော့ ပျော် စရာကောင်းပါတယ်။သင်္ကြန်မှာ စိုးပြည့် အမြဲဆုတောင်းပေးဖြစ်တာက ပရိသတ်အားလုံး ဘေးရန်ခပ်သိမ်း ကင်းငြိမ်းပျော်ရွှင်နိုင်ကြပါစေ။ သင်္ကြန်တွင်းမှာ အန္တရာယ် ကင်းကင်း နဲ့ ပျော်နိုင်ပါစေလို့ ဆုတောင်း ပေးပါတယ်။

 

***********************

 

စုလင်းရှိန်

 

 

ဒီနှစ်သင်္ကြန်ကတော့ သီချင်း ဆိုဖို့ ပြောထားတာရှိတယ်။ Confirm တော့ မဖြစ်သေးဘူး။ အရင်နှစ်တွေ ကတော့ မန္တလေးမှာ မဏ္ဍပ် ထိုင် တယ်။ ငယ်ငယ်တုန်းကတော့ မေမေ နဲ့အတူ ကားနဲ့လျှောက်လည်ကြတယ်။ကြီးလာတော့ ဘယ်မှမသွား ဖြစ် တော့ဘဲ မိသားစုနဲ့ ခရီးထွက်တယ်။ခရီးမထွက်ဘူးဆိုလည်း အိမ်မှာပဲ နေလိုက်တာပဲ။ သင်္ကြန်အမှတ်တရ ကတော့ ဟိုးငယ်ငယ်လေးတုန်းက လမ်းထဲမှာ ရေပက်ကြတာတော့ ပျော်စရာကြီးပေါ့။ အခုနောက်ပိုင်း ကျတော့ ရေပတ်ကြမယ့် သူငယ် ချင်းတွေကလည်းမရှိကြတော့၊ မပက် ဖြစ်တော့ဘူး။ အတူပက်ဖြစ်မယ် ဆိုရင်တော့ ပျော်စရာကောင်းမယ် ပေါ့နော်။ ဒီနှစ်သင်္ကြန်မှာ ရေကစား ကြမယ့် ပရိသတ်တွေ အားလုံး ပျော် ရွှင်ကြပါစေ။ အပျော်ကနေ အပျက် မဖြစ်အောင်တော့ထိန်းကြပါ။ အား လုံးပျော်ရွှင်ကြပါစေ။ မြန်မာ့နှစ် သစ်မှာ ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြ ပြီး လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေလို့ ဆုတောင်းပေးပါတယ်။

 

***********************

 

ဘေဘီမောင်

 

 

ညီမက သင်္ကြန်ရောက်ရင် ဘုရား တရားလုပ်ချင်တယ်။ ပိုက်ဆံ ရှာချင်တယ်။ ပိုက်ဆံရှာတယ်ဆိုတာ က အလှူအတန်းလုပ်ချင်လို့ပါ။ ဝင်ငွေ မရရင်လည်း ကုသိုလ်ယူမယ်။ ငယ်ငယ်ကတည်းက ရဲစခန်းရှေ့မှာ ရေပက်ပြီး ကစားခဲ့ရတာဆိုတော့ မဏ္ဍပ်ထိုင်ပြီး ရေပက်ရတာတွေ သိပ်စိတ်မဝင်စားဘူး။ သင်္ကြန်အမှတ် တရကတော့ တာမွေရဲစခန်းရှေ့မှာ ကိုယ့်ဘာသာကိုယ် ရေခပ်၊ ရေခဲ တုံးလေး ၂ဝဝ ဖိုးလောက်ဝယ်ထည့် ပြီး ပက်ခဲ့ရတဲ့ ဘဝကိုပျော်တယ်။ အဲဒီဘဝလေးက အမှတ်တရပါပဲ။ သင်္ကြန်ကိုတော့ မြန်မာလူမျိုးအား လုံးက ပျော်ကြတာပဲ။ ပျော်ကြပါ၊ အပျော်ကနေ အပျက်မဖြစ်အောင် ထိန်းကြပါ။ မိန်းကလေးတွေလည်း ဒီရက်မှာ သိပ်ဟော့တဲ့ အဝတ်အစား တွေ သိပ်မဝတ်ပါနဲ့။ ကိုကိုမောင် မောင်တွေကလည်း အရက်သေစာ တွေတအားမသောက်စားဘဲ ကောင်း ကောင်းမွန်မွန်နဲ့ ပျော်ရွှင်နိုင်ကြပါ စေလို့ ပြောချင်ပါတယ်။

 

***********************

 

ခေးဆက်သွင်

 

 

ခေးကတော့ သင်္ကြန်ဆိုရင် တခြားလူငယ်တွေလို EDM ပွဲတွေ သွားရတာမျိုးကို သိပ်ပြီးမကြိုက်ဘူး။ မနှစ်ကဆိုရင် သင်္ကြန်ကိုရန်ကုန်မှာ အိမ်မှာပဲနေဖြစ်တယ်။ ဒါပေမဲ့ ဒီနှစ် တော့ မန္တလေးကိုသွားဖြစ်မှာပါ။ သင်္ကြန်ဆိုရင်တော့ မြန်မာလူမျိုး တွေက သင်္ကြန်သီချင်းကြားရင်ပျော် တယ်။ မြေသင်းနံ့လေးကိုကြိုက်တယ်။ ပိတောက်ပန်းမြင်ရင်ပျော်တယ်။ အမြဲတမ်း သင်္ကြန်ရောက်ရင်တော့ ဒီလို ဖီလင်လေးဖြစ်မိပါတယ်။ ဒီနှစ် မှာလည်း ပရိသတ်တွေ စိတ်သစ်လူ သစ်နဲ့ နှစ်သစ်ကိုဖြတ်သန်းနိုင်ပါစေ။

 

***********************

 

မြတ်သူသူဇင်

 

 

သင်္ကြန်ဆိုရင်တော့ အပြင် ကိုထွက်ပြီး လျှောက်မလည်ဖြစ်တာ ဒီနေ့ဒီအချိန်ထိပါပဲ။ အရင်နှစ်တွေ ကတော့ သင်္ကြန်မှာဖွင့်ပွဲဆိုရင်ခဏလောက်သွားဖူးတယ်။ ဒီလောက်ပဲ။ ထူးထူးခြားခြားလျှောက်လည်တာမျိုးကို ဒီအသက်အထိကိုမလုပ်မိတာပါ။ ဒီနှစ်တော့ တရားစခန်းဝင်ဖြစ်ဖို့ များတယ်။ ဒါပေမဲ့ အလုပ်ကိစ္စလေး တစ်ခုရှိလို့ အဲဒီအလုပ်ကိုပဲလုပ်ဖြစ် မလား၊ တရားစခန်းပဲဝင်ဖြစ်မလား မသေချာပါဘူး။ ပရိသတ်တွေကို လည်း သင်္ကြန်မှာ အန္တရာယ်ကင်း ကင်းနဲ့ ပျော်နိုင်ပြီး နှစ်သစ်ကိုကူး ပြောင်း ဖြတ်သန်းနိုင်ပါစေလို့ ဆု တောင်းပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here