နှိုင်းယှဉ်ခံရတာကို မသက်မသာ ဖြစ်ခဲ့ရသူ

0
257

အသက်ရွယ်တူ ငွေကြယ်ပွင့်နှစ်ဦးဟာ ကလေးဘဝကတည်းက အနုပညာလောကထဲဝင်ရောက်လာသူတွေ ပါ။ ပရိသတ်တွေက သူတို့နှစ်ဦးကို အမြဲနှိုင်းယှဉ်လေ့ရှိပါတယ်။ မကြာသေးခင်က Sports Todayနဲ့ အင် တာဗျူးမှာ မင်းသမီးချောလေးKim So Hyun က အခုလို ဝန်ခံခဲ့ပါတယ်။ “အမှန်အတိုင်းပြောရရင် မင်း သမီး Kim Yoo Jung နဲ့ ငယ်ငယ်လေးကတည်း နှိုင်းယှဉ်ခံခဲ့ရတာကို မကြိုက်ပါဘူး။ အသက်အရွယ်တူလို့ ဒါမှမဟုတ် မျက်နှာတူနေလို့ နှိုင်းယှဉ်နေကြတာလားဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။ အခုဆို မင်းသမီး Kim Yoo Jung နဲ့ ကျွန်မကို နှိုင်းယှဉ်တာတွေ ကြားရရင် ဘာမှမခံစားရတော့ပါဘူး။ ကျွန်မတို့နှစ်ဦးဟာ ပြိုင်ဘက်တွေလို့ လူတွေ ထင်ကြပေမယ့် ကျွန်မတို့ နှစ်ဦးဟာ တကယ့်ကို သူငယ်ချင်းကောင်းတွေပါ။ ငယ်စဉ် ကတည်းက ပရိုမိုးရှင်းတွေမှာ အတူပါဝင်ခဲ့ကြပြီး ယခုKim Yoo နေမကောင်းဘူးလို့ ကြားရတဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ အမြန်ဆုံး နေပြန်ကောင်းဖို့ ဆုတောင်းပေးနေမှာပါ”


LEAVE A REPLY

Please enter your comment!
Please enter your name here