နေ့စဉ်နေ့တိုင်း ဘာသာရေးလုပ်လာတာ ၅ နှစ်လောက်ရှိနေပြီ လင်းမြတ်

0
239

 

သရုပ်ဆောင် မော်ဒယ် လင်း မြတ်က အနုပညာအလုပ်တွေအပြင် ဘာသာရေးကိုင်းရှိုင်းတဲ့သူတစ် ယောက်လည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ရဟန်း ဝတ်ဖို့ ရည်ရွယ်ထားပေမယ့် အလုပ် တွေ မအားတဲ့အတွက်ကြောင့် မဝတ် ဖြစ်ခဲ့ဘဲ အခုဧပြီလ ၂ ရက်နေ့မှာ တော့ လှိုင်သာယာမြို့နယ်မှာရှိတဲ့ သင်တံ ခါးကျောင်းတိုက်မှာ ရာဟု လာဘွဲ့အမည်နဲ့ ၅ ရက်တိတိ ရဟန်း ဝတ် ဖြစ်ခဲ့ပါတယ်။ အခုလို ရဟန်း ဝတ် ခွင့်ရခဲ့တဲ့အတွက်လည်း စိတ်ထဲ မှာ ပီတိဖြစ်မိကြောင်းကို လင်းမြတ် က …

“ရဟန်းဝတ်ဖို့ ကြံနေတာ ၂ နှစ်လောက်ရှိပြီ၊ ဝတ်မယ်လုပ်လိုက် အလုပ်တွေ ပေါ်လာလိုက်နဲ့ မဝတ် ဖြစ်ခဲ့တာ၊ အခုကျတော့ ရှိတဲ့အလုပ် တွေ အကုန်ဖျက်ပြီး တစ်ခါတည်း ဝတ်လိုက်တာ၊ ရဟန်းအနေနဲ့က တတိယအကြိမ်မြောက် ဝတ်ဖြစ်တာ ပါ။ တခြားကျန်တာတော့ ဘာမှမစဉ်း စားဘူး။ သာသနာ့ဘောင်ဝင်ချင်တာ ရယ်။ ရဟန်းဝတ်ချင်တာရယ်ကြောင့် ဝတ်လိုက်တော့ စိတ်ထဲမှာ ပီတိဖြစ်မိ ပါတယ်”လို့ ပြောပါတယ်။

လင်းမြတ်က လူငယ်တစ် ယောက်ဖြစ်ပေမယ့် နေ့စဉ်နေ့တိုင်း ဘာသာရေးလုပ်ဖြစ်လာတာ အခုဆို ရင် ၅ နှစ်လောက်ရှိနေပြီဖြစ်ပါတယ်။ ဘာသာရေးလုပ်တဲ့အခါမှာတော့ စိတ်အေးချမ်းမှုရရှိပြီး အစွန်း မ ရောက်ဖို့ကိုတော့လင်းမြတ်ကခု လို ပြောပြခဲ့ပါတယ်။

“နှစ်တိုင်းနှစ်တိုင်း အဓိဋ္ဌာန်ဝင် တယ်။ နေ့တိုင်းလည်း သရဏဂုံတည် ဖြစ်တယ်။ သတိရတိုင်း တစ်နေ့ကို နှစ်ထောင်၊ သုံးထောင်တည်ဖြစ်ပါ တယ်။ အခုလိုလုပ်ဖြစ်တာက ၅ နှစ် ကျော်ပါပြီ။ ကုသိုလ်လိုချင်လို့ လုပ် တာပါ။ တခြား ဘာမှတော့ မရှိပါ ဘူး။ စိတ်ကတော့ ပုံမှန်ပါပဲ။ ဘယ် သူမဆို ကိုယ်ကိုးကွယ်ရာဘာသာရဲ့ အဆုံးအမတွေကို လေ့ကျင့်လိုက်နာ ရမယ်။ ဒါပေမဲ့ အစွန်းမရောက်ဖို့ ပြောချင်ပါတယ်”လို့ လင်းမြတ်က ပြောပါတယ်။

တွယ်တာ

 

 

 

 

 

 

 


LEAVE A REPLY

Please enter your comment!
Please enter your name here