ဒီနှစ်သင်္ကြန် သရုပ်ဆောင်မေ ဘယ်မှာရှိနေမလဲ

0
258

သင်္ကြန်ကာလရောက်ပြီဆိုရင် အပျော်ခရီးထွက်တာနဲ့ သင်္ကြန်ရေ ကစားလေ့ရှိတဲ့ သရုပ်ဆောင် မေက အခုနှစ် သင်္ကြန် ရေသဘင်ပွဲတော် ရက်မှာတော့..

“ပြည်လမ်းကBarrack မှာ ရှိနေမယ်။ အဲဒီမဏ္ဍပ်မှာ ညီမ ၄ ရက်လုံးရှိနေမယ်။သီချင်းဆိုဖို့တော့မဟုတ်ဘူး။ သူငယ်ချင်း မဏ္ဍပ်ဆိုတော့ အဲဒီမှာ ကိုယ်လည်း တခြား စီးပွားရေးလေး လုပ်မလားပေါ့နော်။ အဲဒီလိုနဲ့ ပြည်လမ်း မဏ္ဍပ် မှာရှိနေ မှာပါ။ သင်္ကြန်မှာလေ နှစ်တိုင်း ညီမက အလုပ်မလုပ်ဘူး။ သင်္ကြန်မှာ ပျော်ပျော်လေး နေချင်တယ် လေ။ အမှန်ဆို ဒီနှစ်ကခရီးထွက်မလို့။ မနှစ်ကတော့ ခရီးထွက်ဖြစ် တယ်။ အခုနှစ်ကိုလည်း ခရီးထွက်မယ်လို့ စဉ်းစားနေတဲ့ အချိန်မှာသူငယ်ချင်းဖြစ်သူကလည်း သူကမဏ္ဍပ် လုပ်တာနဲ့ သူနဲ့ စီးပွား ရှာကြည့်မလားဆိုပြီးလုပ် ဖြစ်လိုက်တာပါ”လို့ သင်္ကြန်တွင်းကာလမှာသူမ စီးပွားရှာရင်းနဲ့ဖြတ်သန်းသွားမယ့်အကြောင်း ကို ပြောပြပါတယ်။

ရေသဘင်မဏ္ဍပ်ထိုင်ကြမယ့်မိတ်ဆွေ များ၊ ချစ်ပရိသတ်များကိုအခုကတည်းကမဏ္ဍပ် လက်မှတ်များ ရောင်းချနေပြီဖြစ်ကြောင်း ကို လည်း မေက …

“မဏ္ဍပ်ကAll day ကို သူတို့ က ၄ သောင်းခွဲနဲ့ အကုန်ရောင်းနေတယ်။ VIPဆို ၉ သောင်း။ လက်မှတ်တွေကတော့ ရောင်းတာလည်း တော် တော်တော့ ရောင်းနေ ရပါပြီ။ ဒါပေမဲ့ Barrack ကလည်း နဂိုကတည်းက အောင်မြင် ပြီးသား မဏ္ဍပ်တစ်ခုဖြစ်တယ်။ လူငယ်တွေလည်း အများ ကြီးလာတယ်။ ပျော်စရာ လည်းကောင်း တယ်။ ဒီနှစ်ကကိုယ်ရှိ နေတော့ပိုပြီးတော့ လာ စေချင် တယ်။ ကိုယ်လည်းရှိနေတယ် ဆိုတော့ အကုန်လုံးအတူတူပျော်ရအောင်လာခဲ့ပါ”လို့ ပြောပြ ခဲ့ပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here