ကျွန်တော်ယူတဲ့ အနုပညာကြေးဟာ ဈေးများတဲ့အထဲမှာ မပါပါဘူး မင်းမော်ကွန်း

0
263

သရုပ်ဆောင် မင်းမော်ကွန်းကတော့ ဒီနှစ်ထဲမှာ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး ပြောင်းလဲမှုတွေ လုပ်လာခဲ့ပါတယ်။ အဓိကကတော့ ဇာတ်ကားရိုက်ကူးမှုတွေမှာဆိုရင် သမားရိုးကျ ရိုက်ကူးလေ့ရှိတဲ့ ဇာတ်လမ်းဇာတ် အိမ်တွေထက် လူ့သဘာဝနဲ့ ပိုပြီးနီးစပ် တဲ့၊ လူ့သဘာဝမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့၊ ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ရိုက်ကူးလေ့မရှိသေး တဲ့ ကာရိုက်တာမျိုးတွေကိုသာ လက်ခံရိုက်ကူးနေတာဖြစ်ပါတယ်။

ဒီလိုဇာတ်လမ်းမျိုးတွေ စိစစ်ရွေးချယ် ရိုက်ကူးနေသလို ဇာတ်ကားအရေအတွက် ကိုလည်း သူ ဘယ်လိုဦးစားပေးရိုက်ကူးဖြစ်နေလဲဆိုတာကို မင်းမော်ကွန်းက….

”ကျွန်တော် ဇာတ်ကားအရေ အတွက်ကို အဓိကဦးစားပေးပြီးတော့လည်း လျှော့ချနေပါတယ်။ ကျွန်တော့်ဘက်က တတ်နိုင်သလောက် သေချာစိစစ်ပြီးတော့ လက်ခံဖို့ စဉ်းစားနေပါတယ်” လို့ ပြောပြပါ တယ်။ အနုပညာအလုပ်ကို မြတ်နိုးတန်ဖိုး ထားတဲ့စိတ်ကြောင့် အနုပညာအလုပ်ကို ကောင်းသထက်ကောင်းအောင်၊ သူ့ရဲ့ အနု ပညာအရည်အသွေးတွေ တက်သထက် တက်လာ အောင် သေချာစိစစ်လုပ်ကိုင်နေတဲ့ မင်းမော်ကွန်းက သူ့ရဲ့အနုပညာ ကြေးနဲ့ ပတ်သက်ပြီးလည်း ”ကျွန်တော်တို့ ယူတဲ့အနုပညာ ကြေးဟာ ဈေးများတဲ့အထဲမှာ မပါပါဘူး။ ဒါပေမဲ့ ကိုယ်လုပ် ရတဲ့ အလုပ်ကလေးကို ကိုယ့် ဟာနဲ့ကိုယ် ရင်ခုန်နေချင် တယ်။ ဒါက အနုပညာ သမားတွေရဲ့ စိတ်ပါ။ ဒါ ကြောင့်အနုပညာကြေးကို တိုးယူဖို့လည်း မရှိပါဘူး။ ကျွန်တော် ဒီအလုပ်ကလွဲ လို့ တခြားစီးပွားရေး အလုပ်လည်း မလုပ်တတ်ပါ ဘူး။ ဒီအလုပ်ကိုလည်း ကျွန်တော့်ကိုယ်ကျွန်တော် အများလုပ်နိုင်တဲ့ ဈေးနှုန်း မျိုးဖြစ်အောင် လုပ်ပါတယ်” လို့ မင်းမော်ကွန်းက ပြောပြ ခဲ့ပါတယ်။

ဇင်မာနွယ်


LEAVE A REPLY

Please enter your comment!
Please enter your name here