ကိုရီးယားနိုင်ငံ ၊ ဆိုးလ်မြို့မှာကျင်းပပြုလုပ်မယ့် LBMA Star Kit မှာ မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မယ့် မစ္စတာ စည်သူကျော်

0
171

LBMA Star Kit Myanmar ရဲ့Winner ဆုရှင် စည်သူကျော်ကတော့ ဧပြီလအတွင်းမှာ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာကျင်းပပြုလုပ်မယ့်LBMA Star Kid ပြိုင်ပွဲကြီးမှာသွားရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ အဆိုပါ အကြောင်း အရာများနဲ့ ပတ်သက်ပြီး ဧပြီလ ၄ ရက်နေ့က Panda Hotel မှာ ရှင်းလင်း ပြောကြားခဲ့ပါတယ်။

ပြိုင်ပွဲကြီးအတွက် ပြင်ဆင်မှု အပိုင်းကို ခုလိုပြောပြခဲ့တာက. . .

”ဧပြီလ ၁၄ ရက်နေ့မှ ဧပြီလ ၂ဝ ရက်နေ့အထိ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါ တယ်။ ပြိုင်ပွဲအတွက်ပြင်ဆင်ထားတာတွေကတော့ အများကြီးပါပဲ။ International ပွဲဖြစ်တဲ့အတွက် အများကြီး ဂရုစိုက်ရတယ်။ တာဝန်လည်း ကြီးတယ်။ မြန်မာ့ဂုဏ်ဆောင်ရမှာဖြစ်တဲ့အတွက်လည်း ရင်ခုန်ပါတယ်။ ကိုယ်ရဲ့အစွမ်း အစတွေလည်း အကုန်ထုတ်ပြရမယ့်အခြေအနေဖြစ်တယ်။ နိုင်ငံတကာက လူတွေ၊ ပြိုင်ပွဲဝင်တွေရှေ့မှာ အကောင်း ဆုံးလုပ်နိုင်ဖို့ အစွမ်းကုန်ကြိုးစားပြီးပြင်ဆင်ထားပါတယ်။ City ပွဲတွေ ဝင်ပြိုင်တုန်းကလည်း အခက်အခဲတွေ အများကြီးရှိပါတယ်။ အသက်ငယ်တာက တစ်ကြောင်း၊ ပြီးတော့ တိုက်ခိုက်မှုတွေကိုလည်း သည်းခံခဲ့ရတာ လည်း တစ်ကြောင်းပေါ့။ အဲဒါတွေ ရှိပါတယ်။ ကျွန်တော့်ဘက်က အစွမ်းကုန်ကြိုးစားပြီး ပြင်ဆင်ထားတဲ့ အတွက် ခုသွားပြိုင်မယ့် ပြိုင်ပွဲကြီး မှာလည်း ရလဒ်ကောင်းမယ်လို့ ယုံကြည်ပါတယ်။ မြန်မာ့ဂုဏ်ကိုဆောင်နိုင် မယ်လို့လည်း ယုံကြည်ပါတယ်။ မြန်မာ့ပရိသတ်တွေလည်း ကျွန်တော်ကို အားပေးကြပါဦး”လို့ ပြောပြခဲ့ပါတယ်။

International ပွဲကြီး ဝင်ရောက်ယှဉ်ပြိုင်ပြီးရင် နောက်တက်လာမယ့် Mister တွေကို လက်တွဲခေါ်သွား မယ်လို့ ပြောလာတဲ့ Mister စည်သူကျော်က … ”ဒီပြိုင်ပွဲကြီး ပြီးသွားရင် ကျွန်တော် နောက်တက်လာမယ့် Mister တွေနဲ့ Miss တွေကို လက်တွဲခေါ်မယ်။ ပြီးတော့ အနုပညာအလုပ်တွေလုပ်ဖို့ စိတ်ကူးထားပါတယ်။ အနုပညာလောကကို ဝင်တယ်ဆိုကတည်းက Model ပဲလုပ်မယ်၊ သရုပ်ဆောင်ဝါသနာမပါဘူး အဲ့ဒီလိုမရှိပါဘူး။ အနုပညာနဲ့ပတ်သက်ရင် အကုန်ဝါသနာပါတယ်။ အဆို၊ အက၊ သရုပ်ဆောင်၊ Model ရော၊ ဓာတ်ပုံရိုက်တာရော အကုန်လုံးဝါသနာပါတယ်။ အကုန်လုံးကိုလည်း ချစ်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here