ကောင်းပြည့် နဲ့ သန္တာဗို တို့ ချစ်သူနှစ်ဦးကိုတွဲဖက်မြင်ရမယ့် အဝါရောင်ဒဏ်ရာ

0
208

ကောင်းပြည့်နဲ့ သန္တာဗိုတို့ ချစ်သူနှစ်ဦးက ‘အဝါရောင်ဒဏ်ရာ’ ဆိုတဲ့ ဇာတ်ကားမှာ တွဲဖက်သရုပ်ဆောင်နေပါတယ်။ အရင်ကလည်း ကောင်းပြည့်နဲ့အတူ ဇာတ်ကားတွေ ရိုက်ဖူးခဲ့ပေမယ့် ဒီဇာတ်ကားမှာတော့ ထူးခြားမှုတွေရှိနေတယ်လို့ သန္တာဗိုက ပြောပါတယ်။

”ဒီဇာတ်ကားက ဗီဒီယိုဇာတ်ကားဆိုပေမယ့် ညီမရော ကိုကောင်းရော တအားကြိုးစားထားပါတယ်။ ဒီဇာတ်ကားမှာ ညီမက ကိုကောင်းရဲ့ ရည်းစားနေရာက သရုပ်ဆောင်ထားပါတယ်။ နောက်ထပ်ကာရိုက်တာတစ်ခုကတော့ ကလေးအမေတစ်ယောက်ပုံစံမျိုးပါ။ ဒါကိုတော့ ခဏဖွက်ထားဦးမယ်။ ဇာတ်ကားထွက်လာရင် ကြည့်ကြပါပေါ့။ ကလေးအမေနေရာက သရုပ်ဆောင်ရမယ်ဆိုတော့ ပထမက ညီမတအား စိတ်ပူခဲ့တယ်။ ကိုယ်ကမလုပ်ဖူးတော့ လုပ်နိုင်ပါ့ မလားဆိုပြီး တွေးထားတာပါ။ ရိုက်ကွင်းမှာလည်း ကိုကောင်းရော၊ ဒါရိုက်တာကပါ ညီမကို အစစအရာရာ သင်ပေး ပါတယ်။ ညီမလည်း ကလေးအမေကာရိုက်တာအတွက် တော်တော်လေးကြိုးစားခဲ့တယ်။ ကြိုးစားရကျိုး လည်းနပ်မယ်လို့ ထင်ပါတယ်” လို့ ပြောပြပါတယ်။ ချစ်သူနဲ့ အတူ ဇာတ်ကားတွေ ရိုက်ကူးတဲ့အခါ နေ့စဉ်ဘဝနဲ့ ရိုက်ကွင်းပေါ် ကွာခြားမှုတွေက …

”ကိုကောင်းနဲ့က အပြင်မှာရော ရိုက်ကွင်းပေါ်မှာရော ပေါ့ပေါ့ပါးပါး ရှိပါတယ်။ နှစ်ယောက်စလုံး ရိုက်ကွင်းပေါ်မှာမို့ အနေရခက်တာမျိုးတွေလည်း မရှိပါဘူး။ ကိုကောင်းနဲ့က အရင်ကလည်း ဇာတ်ကား ရိုက်ဖူးတယ်။ ဒါပေမဲ့ ဒီဇာတ်ကားမှာတော့ နှစ်ယောက်လုံး ပင်ပန်းတယ်။ အိမ်ထောင်ရေးပုံစံလေးလည်း ဖြစ်တယ်လေ။ ငိုရတာတွေလည်းပါတော့ ပိုပြီး ပင်ပန်းတယ်”လို့ ပြောပြပါတယ်။
အစ်မဖြစ်သူ ချောရတနာက ဒုတိယမြောက် ရင်သွေးသမီးလေးကို မွေးဖွားခဲ့တာကြောင့် အဒေါ် နှစ်ထပ်ကွမ်းဖြစ်သွားတဲ့ သန္တာဗိုရဲ့ ဖီလင်က …

”မချောက အခုဒုတိယမြောက် ကလေးမွေးထားတယ်။ ညီမလည်း တူလေးတစ်ယောက်တော့ ရပြီးပြီ။ အခု တူမလေးလည်း ရပြီဆိုတော့ တကယ်ကို ဝမ်းသာပါတယ်။ တူလေးကိုလည်း ညီမက ချစ်တယ်။ တစ်ခါတလေ ဝိုင်းကူဆော့ပေးတယ်။ အခုလည်း တူမလေးဆိုတော့ အဖော်ရတာပေါ့။ ကလေးတွေနဲ့လည်း တစ်ပတ်တစ်ခါတော့ အနည်းဆုံးတွေ့ ဖြစ်တယ်။ တစ်ခါတလေကျရင်လည်း သုံးလေးခေါက်လောက်ကို သွားကြည့်ဖြစ်ပါတယ်” လို့ ပြောပြပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here