အရင်က ရွှေသမီး အခုရွှေသမီး ဘာတွေကွာခြားသွားပြီလဲ

0
276

ဒါရိုက်တာ စတီး(လ်) ရိုက်ကူးနေတဲ့ ‘ဘယ်တော့မှ အရှုံးမပေးဘူး’ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ရွှေသမီးက သရုပ်ဆောင်နေပါတယ်။ တစ်လောက Golden Hour Entertainment က မိတ်ဆက်တဲ့ ရုပ်ရှင် ဇာတ်ကားတွေထဲမှာ ရွှေသမီး သရုပ်ဆောင်ထားတဲ့ ‘အဆိပ်ရှိလူရိုင်း’ ရုပ်ရှင် ဇာတ်ကားလည်း ပါဝင်နေတယ်။ ဒါလည်း ဒါရိုက်တာစတီး(လ်) ရိုက်တာပဲ။ ဒါရိုက်တာ စတီး(လ်)နဲ့ ရွှေသမီး ကံစပ်နေတယ်လို့ ပြောရမလားပဲ။ ရွှေ့သမီး က ၂ဝ၁၈ ခုနှစ်ထဲမှာ ရိုက်ကူးပြီးသား၊ ရိုက်ကူးနေဆဲ ရုပ်ရှင်ဇာတ်ကား တွေ အများကြီးရှိနေတာပါ။ အရင်က ရွှေသမီးနဲ့ အခုရွှေသမီး ကွာခြားသွားပါပြီလို့ဆိုတဲ့ သူမက …

“ကိုယ်သရုပ်ဆောင်ခဲ့သမျှ ကားတွေအားလုံးကို ကျေနပ် ပါတယ်။ ဒါပေမဲ့ ကိုယ်ကြိုးစားရမှာတွေတော့ အများကြီး ရှိသေး တာပေါ့နော်။ လေ့လာသင်ယူစရာတွေကတော့ အများကြီးရှိပါ သေးတယ်။ ဒါပေမဲ့ ကိုယ်ရိုက်ကူးခဲ့သမျှ ဇာတ်ကားလေးတွေကို ကျေနပ်ပါတယ်။ ‘အဆိပ်ရှိလူရိုင်း’ ဆိုရင်လည်း ထွေလာလေးကြည့် တာနဲ့တင် ကျေနပ်ပါတယ်။ ကွာခြားသွားတွေကတော့ အများ ကြီးရှိပါပြီ။ အိုက်တင်ပိုင်းတွေဆိုရင်လည်း ပိုပြီး လုပ်နိုင်လာတယ် လို့ထင်တယ်။ ကိုယ့်ရဲ့ စီနီယာတွေ၊ ကိုယ်လေးစားအားကျရတဲ့ အနုပညာရှင်တွေဆီကနေ သိချင်တာလေးတွေကို မေးဖြစ် တယ်။ အဲဒါတွေကို ဇာတ်ကားရိုက်ကူးတဲ့အခါမှာ ပြန်ပြီး အသုံးချဖြစ်တယ်။ အဲဒီအတွက် အိုက်တင်ပိုင်းရော၊ ဒိုင်ယာ လော့ခ်ပြောတဲ့နေရာမှာပါ အများကြီးပြောင်းလဲလာပါပြီ။ အများကြီး ကြိုးစားနေတုန်းပါ”လို့ ပြောပါတယ်။

ရွှေသမီးတို့လို အနုပညာရှင်တွေအတွက် ပရိသတ်နဲ့ ထိတွေ့မှုက အရေးကြီးသလား။ ဘယ်လိုမျိုး ထိတွေ့မှုတွေ ရှိသလဲလို့ ဆိုတော့ …

“ပရိသတ်နဲ့ကတော့ အမြဲတမ်း ညီမရဲ့Page ကနေReply ပြန်ဖြစ်တယ်။ ပရိသတ်နဲ့ကတော့ အမြဲ တမ်း ထိတွေ့ဖြစ်ပါတယ်။ သူတို့ပေးတဲ့ Comment လေးတွေကိုလည်း အမြဲတမ်းဖတ်ဖြစ်တယ်။ အဲဒီတော့ ကိုယ့် ဇာတ်ကားလေးထွက်ပြီးတိုင်း အမျိုးမျိုး ဝေဖန်မှု ပေးကြတာပေါ့နော်။ ကိုယ်က ဘာလေးတွေပြင်ဆင်ရ မယ်။ ဘာလေးတွေ လေ့လာရမယ်ဆိုတာကို ပိုပြီး တော့ သိလာတာပေါ့နော်။ ပရိသတ်နဲ့ အထိအတွေ့ က အမြဲတမ်း ပြတ်လို့မရပါဘူး” လို့ ရွှေသမီးက ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here