အနုပညာကလွဲလို့ ဘာမှမလုပ်တတ်ဘူးလို့ ခံယူထားတဲ့ စိုင်းစိုင်းခမ်းလှိုင်

0
160

နှစ်စဉ်နှစ်တိုင်း ဧပြီ ၁ဝ ရက်နေ့ဆိုရင် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စိုင်းစိုင်းBirthday Show ကျင်းပလာတာ ၁၄ နှစ်တိုင်ခဲ့ပြီ။ ကျင်းပတိုင်း၊ ကျင်းပတိုင်းလည်း အောင်ပွဲခဲ့တယ်။ ဒီနှစ်မှာလည်း ရန်ကုန်မြို့၊ သုဝဏ္ဏဘူမိမှာ ကျင်းပတဲ့ စိုင်းစိုင်းရဲ့Birthday Show က အောင်မြင်ခဲ့ပြန်ပြီ။ စိုင်းစိုင်းကတော့ သူ့မွေးနေ့နဲ့ သူဖြတ် သန်းခဲ့တဲ့ နှစ်ကာလတွေအပေါ် ရိုးရိုးလေးပဲ သုံးသပ်ပါတယ်။

“မွေးနေ့တစ်နှစ်ရောက်ပြီဆိုတိုင်း အသက်ကတော့ တစ်နှစ်ကြီးလာတာပေါ့လေ။ ဖေ့စ်ဘုတ်ခ်မှာ ကျွန်တော်ဖတ်ရတဲ့ ဆရာရွှေဂျော်ဂျော်ရဲ့ စာလေးကို ကိုးကားပြီးတော့ ပြောရရင် လူ့သက်တမ်းက အသက် ၈ဝ ပဲရှိတယ်။ ပျမ်းမျှအားဖြင့် ၇ဝ ပဲရှိမယ်ဆိုရင် တစ်နှစ်ကို တစ်ကျပ်နဲ့ တွက်မယ်ဆိုပါစို့။ ကျွန်တော်တို့ အိတ်ကပ်ထဲမှာ ၈ဝ ပဲပါလာတာကိုး။ အခုဆိုရင် ကျွန်တော်ဆိုရင် တော်တော်လေးကို သုံးပြီးသွားပြီ။ နောက် ထပ်ကျန်သွားတဲ့ အိတ်ထဲက ငွေအရေအတွက်က တစ်နှစ်ထက်တစ်နှစ်လျော့နည်းလာမှာကိုး။ အဲဒီတော့ တစ်ကျပ်၊ တစ်ကျပ်ကို ဘယ်လိုသုံးစွဲမလဲဆိုတာက အရေးကြီးပါတယ် ဆိုတဲ့ ဆရာရွှေဂျော်ဂျော်ရဲ့စာလေး ကျွန်တော် ဖတ်လိုက်ရ တယ်။ ကျွန်တော်လည်း အဲဒီလိုပဲ။ ဒီဂီတအနုပညာကို ဝါသနာပါပြီးတော့ ဒါကိုလုပ်ဖို့ မွေးဖွားလာတယ်လို့ ကျွန်တော့်ကိုယ် ကျွန်တော်ယုံကြည်တယ်။ ဒါက လွဲပြီး တော့ ကျွန်တော် ဘာမှမလုပ်တတ်ဘူး။ အဲဒီတော့ ကျွန်တော် ဝါသနာပါတဲ့အလုပ်ကို ကျွန်တော်လုပ်ခွင့်ရ နေတဲ့အခါမှာ ကျွန်တော်ကတော့ နှစ်တိုင်းနှစ်တိုင်း ကျွန်တော် လုပ်ခွင့်ရနေသေးသရွေ့ ကျွန်တော် ဆက်ပြီး တော့လုပ်မယ်။ ဒီအနုပညာလမ်းကို ဆက်ပြီးတော့လျှောက် မယ်။ နောက်နှစ်မှာ ကျွန်တော်ဆိုနိုင်မလား၊ ကျွန်တော့် ပရိသတ်တွေ အားပေးဦးမလား ကျွန်တော်မပြောနိုင်ပါဘူး။ ဒါပေမဲ့ လုပ်ခွင့်ရနေသေးသရွေ့ ဒီအနုပညာကိုပဲ ကျွန်တော် လုပ်မှာပါ။ ကျွန်တော် ဒါပဲလုပ်တတ်ပါတယ်”လို့ စိုင်းစိုင်း ခမ်းလှိုင်က ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here