အနုပညာမှာ မိမိကိုယ် မိမိ အကုန်သိပြီလို့ ထင်တဲ့နေ့က ကျဆုံးတဲ့နေ့ပဲ အကယ်ဒမီ နေတိုး

0
275

တချို့၊ တချို့သော မြန်မာရုပ်ရှင်ဇာတ်ကားတွေကို ပရိသတ်တွေ ဝေဖန်နေကြတဲ့ခေတ်။ မြန်မာ့ရုပ်ရှင်တိုးတက်စေချင်လို့လား၊ ဒါမှမဟုတ် သူများပြောလို့ လိုက်ပြောနေတာလား။ ဒါတွေခဏထားလိုက်ဦး။ မြန်မာရုပ်ရှင်ဇာတ်ကားတွေ ဖန်တီးကြတဲ့ အနုပညာရှင်တွေ၊ အတတ် ပညာရှင်တွေအနေနဲ့ လေ့လာဖန်တီးမှု၊ ကြိုးစားမှုအားတွေများစွာလိုအပ်နေပြီလား။ အသစ်အသစ်တွေကို ပရိသတ်က တောင့်တနေတာလား။ တချို့၊ တချို့သော မြန်မာရုပ်ရှင်ဇာတ်ကားတွေကို ဘာကြောင့် ပရိသတ်တွေက ဝေဖန်နေ ကြတာလဲဆိုတဲ့ အပေါ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦး ဖြစ်တဲ့ အကယ်ဒမီ နေတိုးရဲ့ အမြင်ကို မေးမြန်းဖြစ်တဲ့အခါ …

“ကျွန်တော်တို့ကAnalog ဆို တဲ့ ဖလင်နဲ့ရိုက်တဲ့ ရုပ်ရှင်နည်းပညာ ခေတ်ရယ်၊DSLRမပေါ်ခင်မှာSLR ဆိုတဲ့ခေတ် တစ်ခုရှိသေးတယ်။ အဲဒီခေတ်ကြီးတစ်ခုကို ကျွန်တော်တို့ ကျော်သွား တာ။ ကျော်သွားတော့ အခုDSLR ခေတ်မှာ ကမောက်ကမ တွေဖြစ်ရော။ အမှန်ကတော့ ဒါပဲ။ ခေတ်ကြီးတစ်ခုလုံး နောက်ကျကျန် ခဲ့တာ။ ဆိုတော့ အခု Social ခေတ် ကိုရောက်တဲ့အချိန်မှာ ဖြစ်မှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ အရှင်းဆုံး ပြောရလို့ရှိရင် သူက ၄ တန်းအောင် ပြီးတော့ ၁ဝ တန်းကို ခုန်တက်သွား တာလေ။ ကြားထဲက ၈ တန်း၊ ၉ တန်းတွေကျော်သွားပြီ။ ကျွန်တော် တို့က အဲဒီဟာတွေ မသင်ခဲ့ရဘူး။ အ လယ်ကကျန်ခဲ့တဲ့ဟာတွေပြတ်ကျကျန်ခဲ့တာဆိုတော့ အဓိကကတော့ ကျွန်တော် တို့ခေတ်နောက်ကျကျန်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာပေါ်မှာ လည်း မူတည် တယ်။ ဒါပေမဲ့ ဒီဟာ တွေကြောင့်ပဲလား ဆိုတော့လည်း မဟုတ်ဘူး။ အနည်းနဲ့ အများကတော့ အဲဒီဟာတွေကြောင့်ပေါ့နော်။ ဒါပေမဲ့ လူတစ်ယောက် က ဒီဘက်ခေတ် ကြီးထဲမှာ ကြိုက်တဲ့ကဏ္ဍကို ကျွန်တော်တို့က အွန်လိုင်းမှာ လေ့လာလို့ ရတယ်။ You Tube တွေမှာလေ့လာလို့ရတယ်။ ကျွန်တော်တို့ အွန်လိုင်းက နေပြီးတော့တောင်မှ တချို့ ပညာ တွေက သင်ယူလို့ရတဲ့အနေ အထားမှာ သင်ယူချင် တဲ့ စိတ်ရယ်၊ တကယ်ကို စူးစမ်းလေ့လာချင်တဲ့ စိတ်ရယ်ရှိဖို့တော့လိုတယ်။ အဓိကကတော့ အရာ ရာကို စိတ်ကပဲ ဦးဆောင်တာ ဆိုတော့ အဲဒီလိုဖြစ် ချင်တဲ့စိတ်မရှိရင်တော့လည်း ဖြစ်လာ မှာမဟုတ် ဘူး။ အဓိကကတော့ မိမိ က အောင် မြင်ချင်တဲ့၊ တိုးတက်ချင်တဲ့ စိတ်ရှိဖို့တော့ လိုတယ် လို့မြင် တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာကြီး တစ်ခုလုံး ကို ငါလုပ်လို့ရမှာမဟုတ် တော့ဘူး။ ငါဆက် မလေ့လာတော့ပါဘူးဆိုပြီး နေရင်တော့ ဒီ အတိုင်းပဲဖြစ်နေမှာပဲ။ ဆိုတော့ကျွန်တော့် အမြင်ပြောရရင်အနုပညာဆိုတာ အမြဲ တမ်း လေ့လာနေဖို့ လိုအပ် တယ်။ တခြားပညာ ရပ် နဲ့မတူဘူးပေါ့နော်။ အနုပညာမှာ မိမိကိုယ် မိမိအကုန်သိပြီလို့ထင်တဲ့နေ့ကကျဆုံးတဲ့ နေ့ပဲ။ ဒါသေချာတယ်” လို့နေတိုးကသူ့ အမြင်ကို ပြောပါတယ်။

ထောက်ပြဝေဖန်ကြတဲ့ပရိသတ် တွေရဲ့အသံကိုရော နေတိုးအနေနဲ့ လက်ခံ ပါသလားဆိုတော့ …

“ပရိသတ်ဆိုတာ တကယ်တမ်း ကျတော့အနုပညာ စားသုံးသူ ပေါ့နော်။ စားသုံးသူကနေ ပြီးတော့မှ ဒီနေရာ မှာ ဒါတွေ၊ ဒါတွေ လိုအပ်တယ် ဆိုပြီး မှတ် ထားရမယ်။ ငါတို့ ဒါတွေ ဘယ်လိုလုပ် ကြ မလဲဆိုပြီးတော့ဆွေးနွေးတိုင်ပင် ဖို့လို တယ်။ မင်းတို့ပြောချင်တာပြော၊ ငါတို့ လုပ်ချင်တာ လုပ်မယ်ဆိုပြီးတော့ အနု ပညာရှင်တွေက လုပ်လို့မရဘူး။ ဒါ က ပရိသတ်ကို မလေးစားရာရောက် တယ်လို့ ကျွန်တော်မြင်တယ်။ အဲဒီလို မျိုးလည်း ဖန်တီးတဲ့ အနုပညာရှင်တွေက ပြောပိုင် ခွင့်မရှိဘူး။ တချို့စကားလုံးတွေက တော့ သူများယောင်လို့ လိုက်ယောင် တာတွေတော့ ရှိတာပေါ့။ ဒါပေမဲ့သိသာပါတယ်။ တကယ်စေတနာနဲ့ ပြောထားတဲ့ဟာလား၊ တကယ်ကိုတိုးတက်စေချင်လို့ ပြော ထားတဲ့အကြောင်း အရာလားဒါက တော့သိသာပါတယ်။ တချို့အရာ တွေက မှန်ကန်တဲ့ဟာတွေ အများကြီးရှိပါတယ်။ ၈ဝ ရာခိုင်နှုန်းလောက်ကတော့ ပရိ သတ်ရဲ့ Comment ကို ကျွန်တော်လက်ခံပါတယ်”လို့ နေတိုးက ပြောပြခဲ့ပါတယ်။

မျိုးမောင်
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here