သူနဲ့ ကျွန်တော်နဲ့ Relationship က လည်း ၃ နှစ်နဲ့ ၄ လထဲ ရောက်နေပါပြီ’လို့ ပြောလာတဲ့သရုပ်ဆောင်အောင်မြင့်မြတ်

0
190

‘ဥပါယ်တံမျဉ်’ ရုပ်ရှင်ဇာတ်ကားနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိလာတဲ့ သရုပ်ဆောင်အောင်မြင့်မြတ်ဟာ လတ်တလောမှာ တော့ ရုပ်ရှင်ကားတွေ ရိုက်ကူးဖို့ရှိတယ်လို့ သိရပါတယ်။ ရုပ်ရှင်ကားတွေ ရိုက်ကူးဖို့ကမ်းလှမ်းထားတဲ့ အောင်မြင့်မြတ်က “ကျွန် တော့်ကို လတ်တလောမှာ ရုပ်ရှင်ကားတွေရိုက်ကူးဖို့ ကမ်းလှမ်းထားတာရှိတယ်။ ဒါပေမဲ့ အခုညှိနေတဲ့ကာလပေါ့နော်။ ကမ်းလှမ်း တဲ့သူတွေလည်း လာတယ်။ ဒါပေမဲ့ သူတို့ဘက်က ဇာတ်နဲ့ ကမ်းလှမ်းတာတွေနဲ့ ကျွန်တော်ဘက်က ပြောတဲ့ လိုအပ်ချက်တွေနဲ့ မတူတာလေးတွေ ရှိနေတယ်။ တချို့မရိုက်ဖြစ်တော့တာတွေလည်းရှိနေတယ်။ သူတို့ကမ်းလှမ်းတာနဲ့ ကိုယ်သတ် မှတ်ထားတဲ့ အချက်တွေပါရင်တော့ ရိုက်ကူးဖြစ်မှာပါ”လို့ ပြောပါတယ်။

ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရာမှာ သတ်မှတ်ထားတဲ့ စံချိန်တွေက ဘာတွေဖြစ်မလဲ။ ဘယ်လိုကာရိုက်တာ တွေ ရိုက်ကူးရတာကြိုက်လဲလို့ မေးကြည့်တဲ့အခါမှာတော့ အောင်မြင့်မြတ်က “အဓိကကတော့ ကျွန်တော်နဲ့ ကျွန်တော်လက်ခံထားတဲ့ကာရိုက်တာက လိုက်နေရမယ်။ ပြီးတော့ ကိုယ့်ဘက်က ဒီဇာတ်ကားအတွက် ပြင်ဆင်မှုဘယ်လောက်ရှိနေရမယ်။ ကာရိုက်တာတစ်ခုက ကျွန်တော်နဲ့ ဆန့်ကျင်ဘက်ကြီးဖြစ်နေပေမယ့် ကာရိုက်တာချိုးနေရင် ချိုးနေသလို ရမယ့်ဟာမျိုးတွေရှိနေတယ်။ အဲဒီအခါကျတော့ ပြင်ဆင်မှုအပိုင်းနဲ့ကွာသွားပြီ။ ပြင်ဆင်မှုမရှိဘဲ သွားလုပ်လိုက်ရင် ကျွန်တော်အခက်အခဲတွေ့သွားမှာပေါ့။ အဲဒီတော့ ဇာတ်ကားရွေးတဲ့အပေါ်ကို အဲဒီလိုသတ်မှတ်တဲ့စံချိန်တွေထားထားတယ်။ ကာရိုက်တာအပိုင်းကတော့ ဗန့်တို့၊ ဗီလိန်တို့ဘက်ကို အသားပေး ပြီး မလုပ်ချင်သေးဘူး။ ဒါပေမဲ့လည်း တကယ်ကြိုက်တဲ့ ဒါရိုက်တာနဲ့တကယ်ကြိုက်တဲ့ သရုပ်ဆောင်တွေနဲ့တွဲရင်တော့ တစ်မျိုးဖြစ်ရင်ဖြစ်သွားနိုင်တယ်”လို့ ပြောပါတယ်။

ချစ်သူဖြစ်တဲ့သူနဲ့လည်း ပွဲတွေ အတူတူတက်ဖြစ်ပုံကိုလည်း “ကျွန်တော့်ကို ဖိတ်တဲ့ပွဲတွေဆို သူ့ကို ခေါ်သွားတာများတယ်။ သူကလည်းလိုက်တယ်။ သူနဲ့ကျွန်တော်နွဲျ့နူအေငသညျ့ငစ ကလည်း ၃ နှစ်နဲ့ ၄ လထဲရောက်နေပြီ။ နားလည်မှုတွေကတော့ သူကလည်း ကျွန်တော့်ကို နားလည်ပေးလိုက်၊ ကျွန် တော့်ကလည်း သူ့ကိုနားလည်ပေးလိုက်နဲ့ အဲဒီလိုမျိုးနဲ့ပဲရှေ့ဆက်နေရတယ်။ စိတ်ကောက် တဲ့အချိန်ကျတော့လည်း ချော့လိုက်ပေါ့။ ဒီလိုပဲသွားရတော့လည်းရိုးနေပါပြီ”လို့ အောင် မြင့်မြတ်က ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here