0
317

သရုပ်ဆောင် ပက်ထရစ်ရှာက ဒါရိုက်တာ လူမင်းရိုက်ကူးထားတဲ့ ရောင်ပြန်(ျွန်ူနခအငသည)ရုပ်ရှင်ဇာတ်ကားကြီးမှာ အရိပ်ဆိုတဲ့ကောင်မလေး တစ်ယောက်အသွင်နဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားက အက် ရှင်နဲ့ဖက်ရှင်ကို ဦးစားပေးရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့အတွက် ပက်ထရစ်ရှာရဲ့ အလန်းစားဖက်ရှင်များနဲ့ သူမရဲ့ အလှအပအသွင်အပြင်ကို တဝကြီး ကြည့်ရှုခံစားခဲ့ရပါတယ်။ဲ အက်ရှင်နဲ့ ဖက်ရှင်အတွက် သူမဘယ်လို ပြင်ဆင်ခဲ့ရလဲဆိုတာကို ပက်ထရစ်ရှာက . . .

“ဖက်ရှင်ကိုကျတော့Stylelist ကိုပဲ တာဝန်ပေးလိုက်တာပါ။ အက်ရှင်မှာ ကျတော့ အင်တာနက်ကနေ မိန်းကလေးအက်ရှင်ဇာတ်ကားတွေကို ကြည့်ရ တာပေါ့နော်။ သူတို့မိတ်ကပ်တွေဘယ်လိုလိမ်းလဲကြည့်တယ်။ မျက်နှာမာတဲ့ ဘက်ကို ရောက်အောင်ပေါ့နော်။ ကိုယ်က လေ့လာထားပေမယ့်လည်း ဆင်းန် ပေါ်မှာကျတော့ ထိုးတဲ့ကြိတ်တဲ့အခန်းတွေကို ပြန်လေ့ကျင့်ရတာပေါ့နော်”လို့ ပြောပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကဆိုရင် မြန်မာနိုင်ငံမှာ တစ်ခါမှမရိုက်ဖူး သေးတဲ့ ဇာတ်ကားမျိုးဖြစ်ပြီး အခုလို ထိပ်တန်းမင်းသမီးတွေပဲ အစုံရိုက်ကူး ဖို့ဆိုတာ တကယ်မလွယ်ကူပါဘူး။ ဒီလိုထိပ်တန်းမင်းသမီးတွေနဲ့ တွဲဖက်ရိုက် ကူးခွင့်ရတဲ့ ပက်ထရစ်ရှာအနေနဲ့ . . .

“ဝါရင့်သရုပ်ဆောင်ကြီးတွေနဲ့ ရိုက်ရတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် Pressure တွေရပါတယ်။ တာဝန်လည်းပိုကြီးတယ်။ ကိုယ်ကလည်း အသစ် တစ်ယောက်လည်းဖြစ်တယ်။ နောက်ပြီးတော့ အက်ရှင်ဇာတ်ကားဆိုတော့ ပိုဆိုးတာပေါ့နော်။ အကောင်းဆုံးတော့ကြိုးစားခဲ့တယ်။အခုပြန်ကြည့် တဲ့အခါမှာ ဝါရင့်သရုပ်ဆောင်ကြီးတွေနဲ့ ယှဉ်ရင်တော့ မျက်နှာမုဒ် အပြောင်း အလဲတွေ ကိုယ့်မှာလိုနေသေးတာ၊ ကိုယ့်ကိုယ် ပြန်ပြီး သတိထားမိပါတယ်”လို့ ပက်ထရစ်ရှာကပြောပြပါတယ်။ သူမအနေနဲ့ ဒီဇာတ်ကားကို စိတ်ရော လူရောနှစ်ပြီး အကောင်းဆုံးကြိုးစားခဲ့ပေမယ့် ပရိသတ်များကြည့်ရှုတဲ့အခါ သူမရဲ့သရုပ်ဆောင်မှုတွေမှာ လိုအပ်ချက်တွေရှိလာခဲ့ရင်လည်း ချစ်တဲ့စိတ်နဲ့ ကြည့်ရှုပြီးသည်းခံနားလည်ပေးဖို့ ပက်ထရစ်ရှာက တောင်းဆိုခဲ့ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here