မိဘနှစ်ပါး သွားချင်တဲ့နေရာကို ပို့ခွင့်ရခဲ့တဲ့အတွက် ပျော်ရွှင်ခဲ့ရတယ် ထွန်းကိုကို

0
241

အနုပညာအလုပ်တွေအပြင် ပရဟိတတွေမှာပါ အမြဲတမ်း ကူညီ လုပ်ကိုင်ပေးတတ်တဲ့ သရုပ်ဆောင် ထွန်းကိုကိုက ဒီနှစ်သင်္ကြန်မှာတော့ မိဘနှစ်ပါးနဲ့အတူ ဗုဒ္ဓဂယာကို တစ်ပတ်ကြာ သွားရောက်ဖူးမြော်ခဲ့ပါ တယ်။ မိဘတွေ သွားချင်နေတဲ့နေရာကို ပို့ပေးခွင့်ရခဲ့တဲ့အပြင် အလှူတွေလည်း ပြုလုပ်ခွင့်ရခဲ့တဲ့အတွက်လည်း အတိုင်း မသိ ကြည်နူးမိကြောင်း ထွန်းကိုကိုက ပြောပါတယ်။

”ကျွန်တော် ပို့ပေးချင်နေတာတော့ တော်တော်ကြာနေပြီ။ ဒါပေမဲ့အကြောင်း အမျိုးမျိုးကြောင့် မပို့ပေးဖြစ်ဘူး။ ဒီနှစ်ကျမှ ပို့ပေးဖြစ်ခဲ့တယ်။ အခုလို မိဘနှစ်ပါးလုံးကို ပို့ပေးနိုင်ခဲ့တဲ့အတွက်လည်း ပီတိဖြစ်မိတယ်။ နောက်ပြီး ကျွန်တော် ဗုဒ္ဓမြတ်စွာဘုရားပွင့်ခဲ့တဲ့ နေရာကို ပို့ပေးခွင့်ရခဲ့တဲ့အတွက်လည်း အတိုင်း မသိကြည်နူးမိပါတယ်။ အမေက ခြေထောက်နာတော့ ဝီးချဲနဲ့ သွားရတယ်။ အဲဒီမှာက ဝီးချဲကို မုန့်ဖိုးပေးပြီး တွန်းပေးတဲ့သူတွေရှိတယ်။ ဒါပေမဲ့ ကျွန်တော် အဲဒီလိုမျိုး မတွန်း ခိုင်းခဲ့ဘူး။ ကျွန်တော်ကိုယ်တိုင် အမေ့ဝီးချဲကို နေ့တိုင်းတွန်းပေးခဲ့တယ်။ အဲဒီအတွက်လည်း ပီတိဖြစ်ရတယ်” လို့ ပြောပါတယ်။ မော်ဒယ်လောကကနေ အောင်မြင်မှုရရှိလာခဲ့တဲ့ ထွန်းကိုကိုက သရုပ်ဆောင်လောကမှာလည်း နေရာတစ်နေရာ ရယူထားနိုင်ပြီဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာလည်း ဇာတ်ရုပ်မျိုးစုံကို သရုပ်ဆောင်လာပြီး ဇာတ်ကားရိုက်ကူးမှုတွေ လည်း စိပ်လာတာကို တွေ့ရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ထွန်းကိုကိုက …

”ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးဖို့ ရှိပါတယ်။ ခုနောက်ပိုင်းတော့ ဇာတ်ကားရိုက်ကူးမှုတွေ စိပ်လာတယ်လို့ ပြောလို့ရတယ်။ ကျွန်တော်တို့ ရိုက်ကူးထားတဲ့ မီးသတ်ဂုဏ်ပြုဇာတ်ကားလေးလည်း မကြာခင်ထွက်တော့မှာ၊ အဲဒီဇာတ်ကားလေးကိုလည်း အားပေးကြပါဦးလို့ ပြောချင်ပါတယ်။ ကျွန်တော် အနုပညာအလုပ်ပေါ်မှာ ဒီထက်ပိုကြိုးစား သွားမှာပါ။ အရင်တုန်းကထက်စာရင်တော့ ကိုယ့်အနုပညာအလုပ်ကို ကျေနပ်မှု တော့ရှိလာပါတယ်” လို့ ပြောပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here