လူပျိုကြီး မလုပ်ပါဘူး စွမ်း

0
306

အိမ်ထောင်ပြုတော့မယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ် လာမှုနဲ့ပတ်သက်လို့ စွမ်းနဲ့တွေ့ဆုံခိုက်မှာ . . .

အဲဒီအကြောင်း မေးကြည့်တဲ့အခါမှာတော့ သူ့အနေ နဲ့ အိမ်ထောင်ပြုဖို့ ရည်ရွယ်ချက်ရှိပြီး လူပျိုကြီးမလုပ် ပါဘူးလို့ ပြောလာပါတယ်။

“ကျွန်တော်မိန်းမယူမှာပါ။ ဘယ်သူ့ကို ယူဖြစ်မယ်၊ ဘယ်သူ့ကို ယူမယ်ဆိုတာကတော့ အခု အချိန်အထိ စဉ်းစားထားတာလည်း မရှိသေးဘူး။ အခုအချိန်မှာ သိပ်ပြီးအဲဒီအကြောင်းလည်း မတွေး သေးပါဘူး။ ကျွန်တော့်ဘဝအတွက်ရော ကျွန်တော့် မိသား စုအတွက်ပါ စောင့်ရှောက်ရမယ့် တာဝန်တွေအများကြီး ရှိပါသေးတယ်။ အလုပ်ကိုပဲ ဦးစားပေးထားပါ တယ်”လို့ စွမ်းက ပြောပါတယ်။

သူ့အနေနဲ့ ဘယ်အသက်အရွယ် လောက် မှာ အိမ်ထောင်ပြုမယ်ဆိုတာမျိုးလည်း ဆုံးဖြတ်ထားတာမရှိဘဲ မိန်းမတော့ ယူချင်ပါ တယ်လို့ ပြောပါတယ်။ “ကျွန်တော်တည် ဆောက်ချင်တဲ့ သာယာတဲ့မိသားစုဘဝလေး ကတော့ ဝါသနာပါတဲ့အနုပညာ အလုပ် ကိုလုပ်ပြီး မိသားစုအေးအေးချမ်းချမ်း လေးနဲ့ နေရရင်ကျေနပ်ပြီ”လို့ သူလို ချင်တဲ့ မိသားစုဘဝလေးကို ပြောပြပါ တယ်။ သူအိမ်ထောင်ပြုတော့မယ် ဆိုရင် လည်း ပရိသတ်တွေကိုအရင်ဆုံးပြောပြ သွားမှာဖြစ်ပြီး ပရိသတ်ကို သူဘယ်တော့မှ မညာ ပါဘူးလို့ ဆိုပါတယ်။

“အခုအချိန်အထိကတော့ တစ်ယောက်တည်းပါပဲ။ ကျွန်တော် အခုဆိုရင် ပိုပြီးချစ်တတ်လာတယ်။ လော လောဆယ်မှာတော့ နှလုံးသားရေးထက် ဘဝအရေး ကို ဦးစားပေးနေရတာပါ။ ပြီးတော့ ဦးနှောက်နဲ့ ဆုံး ဖြတ်ရမယ့်အသက်အရွယ်လည်း ရောက်နေပြီဆို တော့ ဘဝအတွက် အလုပ်တွေ လုပ်နေတာပါ”လို့ စွမ်းက ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here