နေခြည်မှာရွှေရည်လောင်း ရုပ်ရှင်ဇာတ်ကား မြန်မာပြည်အနှံ့ပြသဖြန့်ဝေမယ့်အစီအစဉ်

0
209

‘နေခြည်မှာ ရွှေရည်လောင်း’ ရုပ်ရှင်ဇာတ်ကားဟာ ၂ဝ၁၇ ခုနှစ် အတွက် အကယ်ဒမီဆုပေးပွဲမှာ အကောင်းဆုံးဇာတ်ကားဆု ရခဲ့တဲ့ အထိမ်းအမှတ်အနေနဲ့ ရုပ်ရှင်ဇာတ်ကားထဲပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့ သရုပ်ဆောင်အဖွဲ့သားများအားလုံးကို ဂုဏ်ပြုခြင်းနဲ့အတူ အမှတ်တရ ပြန်လည်တွေ့ဆုံခြင်း အစီအစဉ်တစ် ရပ်ကို အဲဒီဇာတ်ကား ထုတ်လုပ်ရိုက် ကူးခဲ့တဲ့ မင်္ဂလာဇော် ရုပ်ရှင်ထုတ်လုပ် ရေးက ဦးစီးပြုလုပ်ခဲ့ပါတယ်။

မင်္ဂလာဇော်ရုပ်ရှင်ထုတ်လုပ် ရေးပိုင်ရှင် ဦးဇော်မင်း(မင်္ဂလာ) က တော့ ”ဒီနေ့ပွဲလေးက ‘နေခြည်မှာ ရွှေရည်လောင်း’ ဇာတ်ကားရိုက်ကူးခဲ့ တုန်းက တစ်တပ်တစ်အားနဲ့ ကြိုးစား ပေးခဲ့ ကြတဲ့ ဒါရိုက်တာ ဦးဇော်မြင့်နဲ့ ရုပ်ရှင်အဖွဲ့သားတွေကို ဂုဏ်ပြုတဲ့ ပွဲဖြစ်ပါတယ်။ ဒါ့အပြင် ‘အမေများ အဖွဲ့’၊ ‘မမများအဖွဲ့’၊ ‘ကိုလူချောအဖွဲ့’ တို့ကို ၁ဝ သိန်းစီ လှူဒါန်းခဲ့တဲ့အပြင် ကျွန်တော်တို့ ရုပ်ရှင်ဇာတ်ကားကို သွားရိုက်ခဲ့တဲ့တုန်းက လိုကေးရှင်း တွေကို ကူညီပေးခဲ့တဲ့ ကျောက်ပန်း တောင်းမြို့နယ် လယ်ယားရွာအတွက် ကို ကျပ် ၁ဝ သိန်းလှူဒါန်းပါတယ်။ ပြီးတော့ ဒီဇာတ်ကားလေးကို ကျွန် တော်တို့က ဒီမိုကရေစီရုပ်ရှင်ပွဲတော် အတွက် ဆိုပြီးတော့ ရိုက်ကူးခဲ့ကြ တာဖြစ်တယ်။ ပြီးတော့ ဒီဇာတ်ကား က ကျောင်းဆရာ၊ ဆရာမတွေရဲ့ ဘဝတွေကို ဖော်ညွှန်းခွင့်ရတဲ့အတွက် အလွန်ပဲ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရ ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း နိုင်ငံအတွက် အကျိုးရှိမယ်ဆိုရင် ဇာတ်ကားတွေ ထပ်မံရိုက်ကူးသွားဖို့် အစီအစဉ်ရှိနေပါတယ်”လို့ ပြောပြ ခဲ့ပါတယ်။

‘နေခြည်မှာ ရွှေရည်လောင်း’ ရုပ်ရှင်ဇာတ်ကား အကောင်းဆုံး ဇာတ်ကားဆု ရရှိခဲ့ခြင်းနဲ့ ပတ်သက် ပြီး အဲဒီဇာတ်ကားကို ပုံဖော်ခဲ့တဲ့ ဒါ ရိုက်တာ ဦးဇော်မြင့်ဦးက ”ဇာတ်ကား ဆုရတယ်ဆိုတာ အနုပညာရှင်၊ အ တတ်ပညာရှင်တွေ အားလုံးကောင်း လို့ရခဲ့တာကြောင့် ဖြစ်တယ်။ အဲ့ဒါ ကြောင့် အားလုံးအကယ်ဒမီရခဲ့တယ် လို့ပဲ မှတ်ယူပါတယ်။ ဒီဇာတ်ကားကို စမရိုက်ခင် ပြည်ထောင်စုဝန်ကြီးနဲ့ တွေ့ဆုံခဲ့စဉ်ကတည်းက ဝန်ကြီးက ပြောခဲ့ပါတယ်။ ပေါ်လစီကားပုံစံမျိုး မဟုတ်ဘဲ ရသမြောက်တဲ့ ရုပ်ရှင် ဇာတ်ကားတစ်ကားအဖြစ်မြင်ချင်ပါ တယ်တဲ့။ အဲ့ဒါနဲ့ ဒီဇာတ်ကားကို ရိုက်ကူးပေးဖို့ တာဝန်ကျလာတဲ့ အချိန်မှာတော့ ရသမြောက်တဲ့ ရုပ် ရှင်ဇာတ်ကားတစ်ကားဖြစ်အောင် ကြိုးစားထားခဲ့ပါတယ်။ ကျွန်တော်တို့ ထုတ်လုပ်သူနဲ့လည်း ညှိထားပါတယ်။ ဒီဇာတ်ကားကို မြန်မာပြည်အနှံ့ Mobile Tour ပုံစံ လိုက်ပြဖို့အစီအစဉ် ရှိသလို မြန်မာပြည်အနှံ့က အထက် တန်းကျောင်းတွေကိုလည်း ဒီဇာတ် ကား အခွေတွေကို ဖြန့်ဝေပေးသွားဖို့ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီဇာတ်ကား လေးကို ကြည့်လို့ ရင်ထဲမှာ တစ်ခုခု ရသွားတယ် ဆိုရုံနဲ့ပဲ ကျေနပ်ပါပြီ” လို့ ပြောပြခဲ့ပါတယ်။

‘နေခြည်မှာ ရွှေရည်လောင်း ‘ ရုပ်ရှင် ဇာတ်ကားအကယ်ဒမီ ဆုရရှိ ခဲ့ခြင်းနဲ့ ပတ်သက်တဲ့ ဂုဏ်ပြုပွဲ အစီ အစဉ်ကိုတော့ ဧပြီ ၈ ရက်နေ့ ည ပိုင်းက ရန်ကုန်မြို့ရှိြ၃ စားသောက် ခန်းမမှာ ပြုလုပ်ခဲ့ရာမှာတော့ ရုပ်ရှင် တစ်သက်တာဆုရှင် ဘဘစည်သူ ဗိုလ်ကလေးတင့်အောင် အပါအဝင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအမှု ဆောင်အဖွဲ့ဝင်များ၊ ရုပ်ရှင်နာယက ကြီးများ၊ အမေများ အဖွဲ့၊ မမများ အဖွဲ့နှင့်အနုပညာရှင်များစွာ တက် ရောက်ခဲ့ကြပါတယ်။

ထက်လူ

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here