Tuesday, March 11, 2025

MBC ၏ မြန်မာဘောက်ဆင်ပြိုင်ပွဲ တွဲဆိုင်း(၇)...

မြန်မာဘောက်ဆင်ကော်မရှင်(Myanmar Boxing Commis sion(MBC)က ကျင်းပပြုလုပ်သည့် PBM4 ပြိုင်ပွဲတွင် တွဲဆိုင်း (၇)ဆိုင်း ပါဝင်ထိုးသတ်သွားမည်ဖြစ် ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲအား...

မြန်မာ-တရုတ် နယ်စပ်ဒေသတစ်လျှောက် ငြိမ်း ချမ်းရေးနှင့်...

မြန်မာ-တရုတ် နယ်စပ်ဒေသတစ်လျှောက် ငြိမ်း ချမ်းရေးနှင့် တည်ငြိမ်ရေးကိုပိုမိုမြှင့်တင်ရန် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးအတွက် ဒု- ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊...

ရန်ကုန်တွင် ပြည်ထောင်စုအဆင့် MSME ကုန်စည်ပြပွဲနှင့်...

ပြည်ထောင်စုအဆင့် MSME ကုန်စည် ပြပွဲနှင့် ပြိုင်ပွဲအား ရန်ကုန်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တွင် ပြည်ထောင်စုအဆင့် MSME ကုန်စည်ပြပွဲနှင့် ပြိုင်ပွဲ ကျင်းပနိုင်ရေး...

တပေါင်းလ ရုံးပိတ်ရက်ရှည် ကာလအတွင်း ရန်ကုန်-မော်လမြိုင်...

တပေါင်းလ ရုံးပိတ်ရက်ရှည် ကာလအတွင်း ရန်ကုန်-မော်လမြိုင် အစုန်အဆန် အထူးရထားခရီးစဥ်အား AAR တွဲဆိုင်းများဖြင့် ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထား(မော်လမြိုင်)ဘူတာကြီးက ယနေ့တွင် အသိပေးထားသည်။ ထိုသို့...
HomeCelebrities' Newsအနုပညာအလုပ်နဲ့ ပတ်သက်ပြီး အေးအေးခိုင်...

အနုပညာအလုပ်နဲ့ ပတ်သက်ပြီး အေးအေးခိုင် ဘာတွေတွေ့ကြုံခံစားနေရလဲ

ဇာတ်ပို့သရုပ်ဆောင် အေးအေးခိုင်တစ်ယောက်ကတော့ အနုပညာလောကထဲကိုရောက်ရှိတာ နှစ်ပေါင်း ၃ဝ ကျော်လောက်ရှိနေပြီဖြစ်ပါတယ်။ သူလျှောက်လှမ်းလာတဲ့ ဒီအနုပညာသက်တမ်းတစ်လျှောက်မှာ သူ ပထမဆုံးရရှိခဲ့တဲ့ သင်ခန်းစာတစ်ခုအကြောင်းကို အေးအေးခိုင်က “အစ်မတို့ အရင်တုန်းကဇာတ်ကား တစ်ကား ရိုက်ရင် စရန်ဆိုတာ အစ်မတို့မယူဘူး။ အခုထက်ထိလည်း အစ်မတို့လူတွေနဲ့ ရိုက်နေတာမယူဘူး။ ပြီးမှယူတယ်။ တစ်ခါတလေရိုက်ကွင်းရောက်မှ ယူတာလေးတွေရှိတယ်။ အခုကျတော့ အစ်မက သင်ခန်းစာလေးတစ်ခုရသွားတယ်။ ဘာလဲဆိုတော့ အစ်မလုပ်လာတဲ့ တစ်သက်မှာ အဲဒီတစ်ခါပေါ့။ ဒီဇာတ်ကားမှာပါမယ်။ ဇာတ်ညွှန်းရော၊ ပိုက်ဆံရော အကုန်အဆင်ပြေအောင်လုပ်ပေးပြီးပြီ။ အဝတ်အစားလည်းအကုန်စီစဉ်ပြီးပြီ။ ရိုက်ကူးဖို့လည်းပြောပြီးပြီ။ အားလုံး ပြောပြီးပြီ။ ရိုက်ကူးဖို့အတွက် ပုပ္ပါးကနေ ပြင်ဦးလွင်မြို့ကူးဖို့ပဲ အစ်မကျန်တော့တယ်။

အစ်မတို့ဘက်ကသာမှားရင် လူတွေက တအားပြောချင်ကြတာ။ ကိုယ်တွေဘက်ကသာ အနည်း ငယ်လေးမှားကြည့် တအားပြောမှာ။ တကယ်တမ်းသူတို့ဘက်ကမှားတဲ့အခါကျတော့ ကိုယ် တွေအတွက် ဘယ်သူမှအစားပြန်မပေးဘူး။ မပေးလည်း အစ်မတို့က ဘာမှမဖြစ်ပါဘူး။ တ ကယ်တမ်းက အစ်မတို့က ဒီဇာတ်ကားမှာပါချင်လို့ ပြောထားတာမဟုတ်ဘူး။ သူတို့ဘက်က လာပြောပြီး လုံးဝ ဃသည်ငမာ လို့ပြောပြီးမှ အနားနီးမှဖျက်ခဲ့တာ။ ဒါကိုတော့ ရှင်းရှင်း ပြောရရင် အစ်မလုံးဝကို စိတ်ဆိုးပါတယ်။ စိတ်ဆိုးတယ်ဆိုတာလည်း အစ်မမှ မဟုတ်ပါဘူး။ ခံဖူးတဲ့လူတိုင်းဆိုးမှာပါ”လို့ ပြောပြပါတယ်။ သူ့ဘက်က အားလုံး ပြင်ဆင်ပြီးခါမှ ဇာတ်ကားရိုက်ကူးဖို့ အဖျက်ခံရခြင်းဟာ သူမကို မလေး စားရာရောက်ကြောင်း၊ လူတိုင်းမှာ မာနရှိသလို တစ်ကျပ်မှာလည်း တစ်ကျပ် အလျောက် မာနရှိကြကြောင်း၊ ဒီ့အတွက် နောက်နောင်ဆိုရင် သူအနုပညာ ကြေးအတွက် စရန်ငွေယူတော့မှာဖြစ်ကြောင်း အေးအေးခိုင်ကပြောပါတယ်။

“အစ်မဆိုရင် ၁၉၈၆ ခုနှစ်ကတည်းက အနုပညာအလုပ်ကို စလုပ်လာတာပေါ့နော်။ တစ်ခါမှ အဲဒီလိုမျိုးလည်းမကြုံဖူးဘူး။ အဲဒါ ကြောင့် မမျိုးမျိုးခိုင်တို့ဆို အစ်မကိုဘာပြောလဲဆိုရင် အစ်မခံရမှာပေါ့၊ အစ်မကစရန်ဆိုရင် ဘယ်တော့မှမှမယူတာလို့ ပြောတယ်။ အခု နောက်ပိုင်းတော့ အစ်မကြောက်သွားပြီ။ ကြောက်တယ်ဆိုတာက ဒီလိုပါအလုပ်တစ်ခုလုပ်တယ်။ စရန်ပေးနော်၊ ပြောရတော့မှာပေါ့။ ငွေမက်လို့ပြောတာမဟုတ်ပါဘူး။ လူဆိုတာကတော့ စရန်ပေးပြီးလို့ ပျက်သွားရင် ဒါသူ့ကိစ္စလေ။ အစ်မတို့က ၁ ရက် ကနေ ၁ဝ ရက်နေ့ ကို ရိုက်မယ်လို့ပြောပြီးတခြားလာတဲ့ဇာတ်ကားတွေကို ဖယ်လိုက်ရတယ်လေ။ ပေးထားတဲ့ရက်က တကယ်တမ်းပျက်သွားလို့ရှိရင် အစ်မတို့ကို ဘယ်သူမှ ဖြည့်ပေးမှာမဟုတ်ဘူး။ အစ်မတို့က မျောက်သစ်ကိုင်းလွတ်သလိုဖြစ်သွား မှာလေ။ အဲဒီလိုမျိုးလေးတွေက အခုနောက်ပိုင်းမှာ ကိုယ့်ဘဝမှာ သတိ ထားရတဲ့ သင်ခန်းစာပေါ့နော်”လို့ အေးအေးခိုင်က ပြောပြပါတယ်။ အခုလတ်တလောမှာတော့ အေးအေးခိုင်က ဒါရိုက်တာရာဇဝင်ကို ရိုက်ကူးနေတဲ့ ‘မေဂယက်တို့ ရပ်ကွက်’ရုပ်ရှင်ဇာတ်ကားမှာ ခန့်စည်သူ၊ မင်းမော်ကွန်း၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်တို့နဲ့အတူ ပါဝင်သရုပ် ဆောင်နေပါတယ်။

ဇင်မာနွယ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071