ကိုရီးယားနိုင်ငံမှာ ကျင်းပတဲ့ သင်္ကြန်ပွဲတော်မှာ စိုးပြည့်သဇင် သွားရောက် သီဆိုဖျော်ဖြေ

0
265

သရုပ်ဆောင် အဆိုတော် စိုးပြည့်သဇင်က ကိုရီးယားနိုင်ငံရောက် မြန်မာတို့စုပေါင်းကာ ဧပြီလ ၂၂ ရက်နေ့မှာ ကျင်းပ ပြုလုပ်တဲ့ သင်္ကြန်ပွဲမှာသီချင်းသီဆိုဖျော်ဖြေဖို့အတွက် ဧပြီလ ၁၈ ရက်နေ့ကစတင်ပြီးကိုရီးယားနိုင်ငံကို ထွက် ခွာခဲ့ပါတယ်။ ဒီဖျော်ဖြေပွဲမှာ စိုးပြည့်သဇင်နဲ့အတူအဆိုတော်တူးတူး၊ အိမ့်ချစ်တို့လည်းပါဝင်သီဆိုဖျော်ဖြေခဲ့ကြပါ တယ်။ ကိုရီးယား နိုင်ငံရောက် ရွှေမြန်မာတို့ ပြုလုပ်တဲ့ ပွဲတော်နဲ့ပတ်သက်ပြီး စိုးပြည့်သဇင်က …

”ကိုရီးယားရောက် မြန်မာတို့က သူများတွေကိုယ့်မြန်မာနိုင်ငံမှာ သင်္ကြန်ကျနေတဲ့အချိန်မှာ သူတို့သင်္ကြန်မကျရဘူး။ အခုမှ သူတို့ သင်္ကြန်ကို ကိုရီးယားမှာ ပြုလုပ်ရတာဆိုတော့ ဒီပွဲလေးမှာ လာရောက်ဖျော်ဖြေပေးရတဲ့အတွက်လည်း စိုးပြည့် တအားပျော်ပါတယ်။ သူတို့လည်းပျော်ကြမယ်ထင်ပါတယ်။ အခုလို နိုင်ငံရပ်ခြားမှာရောက်ရှိနေတဲ့ကိုယ့်လူမျိုးတွေနဲ့ တွေ့ရလို့လည်း ဝမ်းသာပျော်ရွှင်မိပါတယ်။ ကိုရီးယား နိုင်ငံကိုရောက်ရှိနေတဲ့ ကိုယ့်မြန်မာလူမျိုးအားလုံး နှစ်သစ်မှာ အစစ အရာရာအဆင်ပြေပါစေ။ ပျော်ရွှင်စရာကောင်းတဲ့နေ့ရက်များစွာကိုလည်း ပိုင်ဆိုင်နိုင်ကြပါစေလို့ စိုးပြည့်ဆုတောင်း ပေးပါ တယ်” လို့ ပြောပါတယ်။ ဖျော်ဖြေရေးအနေနဲ့ကတော့ တစ်ရက်တည်းဖြစ်ပြီး ဒီနိုင်ငံကိုအခုမှပထမဆုံးအကြိမ် ရောက်ဖူး တာဖြစ်လို့ လျှောက်လည်ပတ်ဦးမှာဖြစ်တဲ့အတွက် ကိုရီးယားခရီးစဉ်က တစ်ပတ်လောက်ကြာခဲ့တယ်လို့ စိုးပြည့်သဇင်က ပြောပါတယ်။

သူမက ပြည်ပဖျော်ဖြေရေးခရီးစဉ်များအဖြစ် စင်ကာပူ၊ မလေးရှားနဲ့ အခြားသောနိုင်ငံများကိုလည်း သွားရောက် ဖျော်ဖြေခဲ့ဖူးပြီလို့ သိရပါတယ်။ သရုပ်ဆောင် စိုးပြည့်သဇင်က မြန်မာနှစ်သစ်ကူး အလှူအဖြစ် ဧပြီလ ၁၇ ရက်နေ့က လှည်းကူးမြို့ နယ်က စိတ္တသုခတရားရိပ်သာမှာ ဆွမ်းပဒေသာအတွက် အလှူငွေကျပ် ၁ဝ သိန်းသွားရောက်လှူဒါန်းခဲ့ပါ တယ်။

ဇင်မာနွယ်၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here