အနုပညာ အလုပ်များကို ပြန်လည် လုပ်ကိုင်လာရတဲ့ အကြောင်းရင်းကို ပြည်သူ့ အချစ်တော် ထက်ထက်မိုးဦး ဖွင့်ဟပြောပြ

0
241

ပြည်သူ့အချစ်တော် မင်းသမီးထပ်ဆင့်အကယ်ဒမီထက်ထက်မိုးဦးက အနုပညာအလုပ် တွေ ပြန်လည်လုပ်ကိုင်တော့မယ့်အကြောင်း သတင်းမီဒီယာများအား အသိပေးပွဲအခမ်း အနားကို ဧပြီလ ၁၉ ရက်နေ့က ဆူးလေရှန်ဂီလာဟိုတယ်မှာပြုလုပ်ခဲ့ပါတယ်။ထက်ထက်မိုးဦးက ၁၉၉၂ ခုနှစ်ကတည်း အနုပညာ အလုပ်များကို လုပ်ကိုင်လာခဲ့ပြီး ကြားကာလတစ်ခုအတွင်းမှာတော့ အနုပညာအလုပ်များကိုခဏတာရပ်နားထားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ အနုပညာ အလုပ်များ ကိုအနည်းငယ်လက်ခံလုပ်ကိုင်လာခဲ့ပြီး အခုနောက်ပိုင်းမှာ အနုပညာအလုပ်များကို စဉ်ဆက် မပြတ်လုပ်ကိုင်သွားတော့မှာပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင် လာရခြင်းရဲ့ အဓိကအကြောင်းရင်းကိုတော့ ထက်ထက်မိုးဦးက…

“ဒီအနုပညာကိုပြန်လည်လုပ်ကိုင်တဲ့အခါမှာ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်သားသမီးအတွက် ကျွေးနိုင်မွေးနိုင်မယ် ။ ကိုယ်လည်း သုံးနိုင်မယ်။ လူကြားထဲ မျက်နှာမငယ်ရအောင် ပြီးတော့ ကိုယ်လှူနိုင်တန်းနိုင်မယ်။ အားလုံးပိုက်ဆံလိုချင်လို့ အလုပ်လုပ်ကြတာ။ထက်ထက် အနုပညာ လောကထဲပြန်ဝင်ရောက်လာတယ်ဆိုတာကလည်း ထက်ထက်ပိုက်ဆံရှာချင်လို့ပါ။ အဓိက ကအဲဒါပါပဲ။ အခုစိတ်သစ်လူသစ်နဲ့ အလုပ်လုပ်မယ်။ ကိုယ်ကမွေးကတည်းကဒီအနုပညာအလုပ်ကို ဝါသနာပါခဲ့တယ်။ ရူးသွပ်ခဲ့တယ်။ နားတဲ့အချိန်မှာလည်း နားချင်လို့နားခဲ့တာမဟုတ်ဘူး ပေါ့နော်။အကြောင်းကြောင်းတွေက အများကြီးပဲ။အဲဒီအချိန်တုန်းက ဗီဒီယို ဈေးကွက်ပျက်နေ တာတွေ၊ ကိုယ်ကကလေးမွေးထားတော့ တအားဝနေတာတွေ အဲဒီလိုတိုက်ဆိုင်မှုတွေရှိ ခဲ့ တယ်။ဘယ်လိုပဲဖြစ်ဖြစ်ကိုယ်က အနုပညာကိုဝါသနာပါတယ်ဆိုတော့ မစွန့်လွတ်နိုင် ဘူးပေါ့ နော်။အဲဒီတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ကြိုးစားဦးမယ်။ လုပ်ဦးမယ်”လို့ ပြောပြပါတယ်။

ထက်ထက် မိုးဦးလျှောက်လှမ်းခဲ့ရတဲ့ ဘဝလမ်းခရီးက ပျော်ရွှင်စရာတွေရှိသလို ဝမ်း နည်းစရာစိတ်ညစ်စရာတွေကိုလည်းများ စွာကြုံတွေ့ခဲ့ရပြီးပြီဖြစ်တယ် လို့ပြောပါတယ်။ဒီဘဝအမောတွေ စိတ်သောကတွေ ငြိမ်းချမ်း နိုင်ဖို့အတွက် မကြာသေးခင်က သီလ ရှင်ဝတ်ခဲ့ပါသေးတယ်။အချိန် ၄ လကြာမြင့်ခဲ့ပါတယ်။ သာသနာ့ ဘောင်မှာခဏတာခိုလှုံပြီး ကျန်ရှိနေသေးတဲ့ဘဝကို ဘယ်လိုပုံစံ လျှောက်လှမ်းမလဲဆိုတဲ့ ဆုံးဖြတ်ချက်ကိုလည်း ချမှတ်ခဲ့တယ်လို့ဆို ပါတယ်။

‘အကယ်ဒမီထက်ထက်မိုးဦးက ၁၉၉၂ ခုနှစ်ကစပြီး အနုပညာ လောကထဲ ကိုဝင်ရောက်ခဲ့ပြီး ကြော်ငြာဘုရင်မလို့တင်စားခေါ်ဝေါ်ခံခဲ့ရတဲ့ သူမ၊ ကြော်ငြာပေါင်း တစ်ထောင် နီးပါး ရိုက်ကူးခဲ့ပြီး၊ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားပေါင်း ၃ဝဝ ကျော် ရိုက်ကူး ခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်မှာ ‘ပန်းသခင်’ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပထမဆုံး အကယ်ဒမီထူးချွန်ဆုကြီးကို ဆွတ်ခူး ရရှိခဲ့ပြီး ဒုတိယမြောက် အကယ် ဒမီဆုကိုတော့ ‘သမီးမိုက်’ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ ထပ်မံ ရရှိခဲ့ပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here