မဟာရန်ကုန် စံပြသဘင်မှ ဟန်ဇာမိုးဝင်း၊ အဂ္ဂါမိုးဝင်း၊ တင်ဇာမိုးဝင်းနဲ့ စံပြပရိသတ်များက မြန်မာနိုင်ငံ သဘင်လူမှုကူညီစောင့်ရှောက်ရေးအသင်း (ဗဟို)ကို ငွေကျပ် နှစ်ဆယ့်ငါးသိန်း လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
အဆိုပါအလှူငွေများကတော့ ပဲခူး ရွှေမော်ဓောဘုရားပွဲတော်ကြီးမှာ ကပြရင်း ပရိသတ်များက လှူဒါန်းခဲ့ခြင်းပဲဖြစ်ပြီး စံပြသဘင်အနေနဲ့လည်း ကပြရာ နေရာဒေသတွေတိုင်းမှာ သဘင်လူမှုကူညီစောင့်ရှောက်ရေး ကော်မတီအတွက် အလှူငွေများ ကောက်ခံပေးလျက်ရှိပါတယ်။ သဘင်လူမှုကူညီ စောင့် ရှောက်ရေး(ဗဟို) ကော်မတီမှာတော့ ဥက္ကဋ္ဌအဖြစ် ဦးတင် မောင်ဆန်းမင်းဝင်း၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဦးဟန်ဇာမိုးဝင်းနဲ့ အတွင်းရေးမှူးအဖြစ် ဒေါ်တင်ဇာမိုးဝင်းတို့က လုပ်ဆောင် လျက်ရှိပြီး သဘင်လောကသားများနဲ့ ပြည်သူများရဲ့ အခက် အခဲများကို ကူညီထောက်ပံ့လျက်ရှိရာမှာ အခုဆိုရင် ကျပ် သိန်းပေါင်း ၄ဝဝဝ ခန့် ကူညီထောက်ပံ့နိုင်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ နောက်ပိုင်းမှာလည်း ဆက်လက်ကူညီပေးသွား ဦးမယ်လို့ သိရပါတယ်။
လင်းအက္ခရာ