နှစ်ဦးကာလနဲ့ အနုပညာရှင်တို့ရဲ့ နှစ်သစ်အလှူဒါနများ

0
242

နှစ်သစ်အခါသမယကိုရောက် ရှိပြီဖြစ်တဲ့အတွက်ကြောင့် မြန်မာ ပြည်သူပြည်သားအားလုံးက ကောင်း မှုကုသိုလ်များပြုလုပ်ရင်း နှစ်သစ်ကို ကြိုဆိုလေ့ရှိကြပါတယ်။ ဒါ့အပြင် နှစ်သစ်အလှူများကိုလည်း မြန်မာ နိုင်ငံအနှံ့အပြားမှာရှိတဲ့ စေတီပုထိုး များနဲ့ ဘုန်းကြီးကျောင်းများမှာလည်း စတုဒိသာလှူဒါန်းမှုများကို အများ အပြားမြင်တွေ့ခဲ့ရပြီး ရပ်ကွက်များ အတွင်းမှာလည်း စတုဒိသာကျွေး မွေးမှုများကို များစွာမြင်တွေ့ရမှာ ဖြစ်ပါတယ်။

ပြည်သူများနည်းတူ ပြည်သူတွေထဲကပြည်သူတွေဖြစ်တဲ့ အနုပညာရှင်တွေကလည်း နှစ်သစ် မှာ အလှူအတန်းတွေပြုလုပ်ရင်း နှစ် သစ်ကို ကြိုဆိုခဲ့ကြပါတယ်။ နှစ်ဆန်း တစ်ရက်နေ့ဖြစ်တဲ့ ဧပြီလ ၁၇ ရက် နေ့မှာတော့ စိုးမြတ်သူဇာတို့ မိသားစု က ဖားအောက်ဆရာတော်ဘုရားကြီး နဲ့ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး တို့ကို လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြပါတယ်။

ဒါ့အပြင် ဦး မေတ္တာ၊ ဦးအရိုင်း၊ ဦးမိုးဝင်း၊ တင် ဇာမိုးဝင်း၊ ပတ္တမြားကေခိုင်တို့နဲ့ အ တူ မိတ်ဆွေသူငယ်ချင်းများကလည်း YGW မိဘမဲ့ကလေးများနဲ့ ဆင်းရဲ ချို့တဲ့တဲ့ တိုင်းရင်းသား ကလေး ငယ်များစောင့်ရှောက်ရေး ကျောင်း အတွက် ဧပြီလ ၁၇ ရက်နေ့မှာတော့ ငွေကျပ် ၁၆ သိန်းကျော် လှူဒါန်းခဲ့ပါ တယ်။ အဆိုပါနေ့မှာပဲ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကလည်း နှစ်ဦး အလှူအဖြစ် သံဃာတော်ငါးပါးကို ဆွမ်းကပ်လှူခဲ့ကြပြီး ပရိတ်တရားနာ ခဲ့ကြပါတယ်။

 

ဒါကတော့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေနဲ့ နှစ်စဉ် နှစ်ဆန်းတစ်ရက်နေ့မှာ ပြုလုပ်နေကျ အလှူတစ်ခုလည်းဖြစ်ပါတယ်။ သရုပ် ဆောင်ခင်လှိုင်ကလည်း မွေးနေ့ အလှူအဖြစ် ဧပြီလ ၁၇ ရက်နေ့မှာ ပြင်ဦးလွင်မြို့၊ စစ်ဆေးရုံကြီးမှာ ဆေးကုသနေကြတဲ့လူနာ ၆ဝဝ အတွက် နံနက်စာ ထမင်းတစ်နပ် လှူဒါန်းခဲ့ပြီး အနုပညာရောင်းရင်း များနဲ့ စက်မှုလုပ်သားကြီးများကို စတီးချိုင့်များနဲ့ ငွေသားတစ်ယောက် ၅ဝဝဝ ကျပ်စီလှူဒါန်းခဲ့ပါတယ်။ မြင့်မြတ်တို့ မိသားစုကလည်း ဖြူးမြို့၊ ဘုရားထီးတင်ပွဲမှာ ပါဝင်ကုသိုလ် ယူ လှူဒါန်းခဲ့ကြပါတယ်။ ဒီလို နှစ်သစ် အလှူများကို လှူဒါန်းရင်း ကုသိုလ် ဘာဝနာများ ပွားများကာ မြန်မာ့ နှစ်သစ်မှာ မင်္ဂလာနဲ့ ပြည့်စုံကြပါစေ လို့ တောင်းဆုခြွေလိုက်ရပါတော့ တယ်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here