သမီးတွေရဲ့ ဝါသနာအကြောင်း စမိုင်းပြောပြ

0
345

သမီးနှစ်ယောက်ရဲ့ မိခင်သက်လတ်ပိုင်း အမျိုးသမီးဖြစ်နေပြီဖြစ်တဲ့ သရုပ်ဆောင်စမိုင်းအတွက်တော့ မိသားစု က နံပါတ်တစ်ပါပဲလို့ ဆိုပါတယ်။ စမိုင်းက အမြဲတမ်းလည်း မိသားစုကို အချိန်ပေးသလို ခင်ပွန်းနဲ့ သမီးနှစ်ယောက်ကလည်း စမိုင်းရဲ့ အနုပညာလှုပ်ရှားမှုတွေအတွက် အဓိကပံ့ပိုးပေးတာကို တွေ့ရပါတယ်။ မိခင်တစ်ယောက်အနေနဲ့ မေမေစမိုင်းရဲ့ သမီးတွေအပေါ် စောင့်ရှောက်မှုက …

“ကိုယ်ဘက်ကလည်း မိခင်တစ်ယောက်အနေနဲ့ သမီးနှစ်ယောက်ကို ရင်အုပ်မကွာ စောင့်ရှောက်တဲ့ သဘောပါ။ အစ်မက မိသားစုနဲ့ အမြဲ သွားလာဖြစ်တယ်။ ခရီးတွေလည်း ထွက်တယ်။ ပရိသတ်တွေလည်း သိပါတယ်။ အချိန်တွေတိုင်းကို သူတို့နဲ့ ကုန်ဆုံးချင်တယ်။ အဓိကကတော့ ကလေးတွေကလည်း တဖြည်းဖြည်း အသက်ကြီးလာကြမယ်ဆိုရင် သူတို့ တွေကိုယ်နဲ့နေတုန်းလေး သူတို့နဲ့ ကိုယ့်ရဲ့ အချိန်လေးတွေကို ကုန်ဆုံးတယ်။ သူတို့တွေ အပျိုကြီးတွေဖြစ်ပြီး ရည်းစားတွေ ဘာတွေရသွားတဲ့အခါကျရင် သူတို့နဲ့ အတူရှိဖို့ဆိုတာ သိပ် ပြီး မလွယ်တော့ဘူးလေ။ ဒါကြောင့် ပါ”လို့ စမိုင်းက ပြောပြပါတယ်။ စမိုင်းအနေနဲ့လည်း သရုပ်ဆောင် အလုပ်ကို ပြန်လည်လုပ်ကိုင် ချိန်မှာတော့ သမီးတွေက လည်း အမေဖြစ်သူကို အပြည့်အဝအားပေး သလို သူတို့ကိုယ်တိုင်လည်း အနု ပညာဝါသနာ ပိုးကိုယ်စီရှိတယ်လို့ စမိုင်းကဆိုပါတယ်။ သမီးနှစ်ယောက်ရဲ့ ဝါသနာအကြောင်းကိုလည်း စမိုင်းက အခုလိုပြောပြပါတယ်။ “အစ်မရုပ်ရှင် ဇာတ်ကားရိုက်ကူးတဲ့အချိန်ဆိုရင် ကလေးနှစ်ယောက်ကလည်း လိုက်ချင် တယ်။

အစ်မက အခုရှုတင်ကို မလိုက်နဲ့ နေပူတယ်။ နေပြင်းတယ်လို့ ပြောပေမယ့်လည်း သူတို့တွေက အမေ နောက်ကတော့ တကောက်ကောက်ပါပဲ။ သမီးအကြီးက အစ်မလိုပဲ အနုပညာကို ဝါသနာပါတယ်။ ဓာတ်ပုံရိုက်ရတာ Post ပေးရတာကိုလည်း သူကကြိုက် တယ်။ ဒါပေမဲ့ သူက နည်းနည်းလေးလည်း အေးတယ်။ အသက်ကလည်း ၁၃ နှစ်ဆိုတော့ အနုပညာလုပ်ဖို့က ငယ်လည်း ငယ်သေးတယ်လို့ အစ်မထင်တယ်။ နောက်တစ်နှစ် လောက် နေရင်တော့ သူလုပ်ချင်ရင်ပေးလုပ်မယ်။ တဖြည်းဖြည်းနဲ့ အစ်မတို့လည်း စောင့်ကြည့် ရမှာပေါ့။ အငယ်လေးကတော့ အခု ဆယ်နှစ်ပြည့်တော့မယ်” လို့ စမိုင်း က ပြောပြပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here