ငြိမ်းချမ်းရေး ရနံ့တွေသင်းထုံလာတော့မယ့် မြန်မာ့နှစ်သစ်နဲ့အနုပညာရှင်တို့ဆုတောင်းစကားသံ(၁)

0
131

မြန်မာသက္ကရာဇ် ၁၃၈ဝ ပြည့်နှစ်ကို ရောက်ရှိလို့လာခဲ့ပြီဖြစ်ပါတယ်။ မြန်မာနှစ်သစ်ကူးအခါသမယမှာတော့ မြန်မာနိုင်ငံအတွက် အတိတ်နိမိတ်ကောင်းတွေ ပေါ်ထွန်းလို့ လာခဲ့ပြီဖြစ်ပါတယ်။ မြန်မာပြည်သူ၊ ပြည်သားတွေအနေနဲ့လည်း မြန်မာ့နှစ်သစ်အချိန်မှာ လိုအင်ဆန္ဒ ပြည့်စုံမှုတွေနဲ့အတူ တစ်နိုင်ငံလုံး ငြိမ်းချမ်းပါစေလို့ တောင်းဆုပြုရင်း အနုပညာရှင်တို့ရဲ့ ဆုတောင်းမေတ္တာစကားသံများကို စုစည်းဖော်ပြပေးလိုက်ရပါတယ်။

******************

ကောင်းခန့်

နှစ်သစ်မှာ ပရိသတ်တွေအကုန် လုံး ကျန်းမာချမ်းသာကြပါစေလို့ ဆု တောင်းပေးပါတယ်။

******************

အောင်မြင့်မြတ်

ကျွန်တော်တို့ရဲ့ နှစ်သစ်ဆိုတာ ဧပြီလကို ခေါ်တာပါ။ ဧပြီလထဲမှာ ကျွန်တော်တို့ရဲ့ မြန်မာ့ရိုးရာသင်္ကြန် ကို ကျင်းပတယ်။ မြန်မာ့ရိုးရာသင်္ကြန် ပြီးရင် နှစ်ဟောင်းရဲ့ အညစ်အကြေး တွေ ဆေးကြောဖို့ နှစ်ဆန်း ၁ ရက် နေ့ကို ဖြတ်သန်းရတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ နှစ်ဦးပါ။ နှစ်သစ် မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ဘဝတွေကို ဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။

******************

အောင်မင်းခန့်

နှစ်သစ်မှာ လုပ်သမျှအလုပ် အကိုင်များ စီးပွားရေးများ အဆင် ပြေချောမွေ့ကြပါစေ။လိုအင်ဆန္ဒတွေ လည်း ပြည့်ဝကြပါစေ။ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ကြပါစေဗျာ။

 


LEAVE A REPLY

Please enter your comment!
Please enter your name here