ငြိမ်းချမ်း ရေး ရနံ့တွေ သင်းထုံ လာတော့မယ့် မြန်မာ့နှစ်သစ်နဲ့ အနုပညာရှင်တို့ ဆုတောင်းစကားသံ (၂)

0
134

မြန်မာသက္ကရာဇ် ၁၃၈ဝ ပြည့်နှစ်ကို ရောက်ရှိလို့လာခဲ့ပြီဖြစ်ပါတယ်။ မြန်မာနှစ်သစ်ကူးအခါသမယမှာတော့ မြန်မာနိုင်ငံအတွက် အတိတ်နိမိတ်ကောင်းတွေ ပေါ်ထွန်းလို့ လာခဲ့ပြီဖြစ်ပါတယ်။ မြန်မာပြည်သူ၊ ပြည်သားတွေအနေနဲ့လည်း မြန်မာ့နှစ်သစ်အချိန်မှာ လိုအင်ဆန္ဒ ပြည့်စုံမှုတွေနဲ့အတူ တစ်နိုင်ငံလုံး ငြိမ်းချမ်းပါစေလို့ တောင်းဆုပြုရင်း အနုပညာရှင်တို့ရဲ့ ဆုတောင်းမေတ္တာစကားသံများကို စုစည်းဖော်ပြပေးလိုက်ရပါတယ်။

ကျော်ထူး

မြန်မာပြည်သူပြည်သားတွေ အားလုံး ကပ်ကြီး၃ပါးကိုကျော်လွှား ပြီးတော့ အရာရာ စိတ်နဲ့ဆန္ဒ တစ် ထပ်တည်းကျပါစေလို့ မေတ္တာပို့ပေး ချင်ပါတယ်။

***************

ဧရာ

ဒီနှစ်ကစလို့ ကျွန်တော်တို့တစ် တိုင်းပြည်လုံးလိုချင်နေကြတဲ့ ငြိမ်း ချမ်းရေးဆိုတာကြီးကို တကယ့်ပိုင် ပိုင်နိုင်နိုင်ဆုပ်ကိုင်နိုင်ပြီးတော့ အမြဲ တမ်းဆင်းဆင်းရဲရဲနေခဲ့ကြရတဲ့ ကျွန် တော်တို့ တိုင်းသူပြည်သား အားလုံး စိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ နေနိုင် ကြပါစေလို့ဆုတောင်းပါတယ်။

***************

မေတ္တာ မြင့်မြတ်ဟိန်း

နှစ်သစ်မှာ စီးပွားလာဘ်လာ ဘတိုးတက်ပြီးတော့ ကျန်းမာစွာနဲ့ ပျော်ရွှင်စွာနေထိုင်နိုင်ပါစေ။

 


LEAVE A REPLY

Please enter your comment!
Please enter your name here