ငြိမ်းချမ်းရေးရနံ့ တွေသင်းထုံလာတော့မယ့် မြန်မာ့နှစ်သစ်နဲ့ အနုပညာရှင်တို့ ဆုတောင်းစကားသံ (၆)

0
147

မြန်မာသက္ကရာဇ် ၁၃၈ဝ ပြည့်နှစ်ကို ရောက်ရှိလို့လာခဲ့ပြီဖြစ်ပါတယ်။ မြန်မာနှစ်သစ်ကူးအခါသမယမှာတော့ မြန်မာနိုင်ငံအတွက် အတိတ်နိမိတ်ကောင်းတွေ ပေါ်ထွန်းလို့ လာခဲ့ပြီဖြစ်ပါတယ်။ မြန်မာပြည်သူ၊ ပြည်သားတွေအနေနဲ့လည်း မြန်မာ့နှစ်သစ်အချိန်မှာ လိုအင်ဆန္ဒ ပြည့်စုံမှုတွေနဲ့အတူ တစ်နိုင်ငံလုံး ငြိမ်းချမ်းပါစေလို့ တောင်းဆုပြုရင်း အနုပညာရှင်တို့ရဲ့ ဆုတောင်းမေတ္တာစကားသံများကို စုစည်းဖော်ပြပေးလိုက်ရပါတယ်။

အေးဝတ်ရည်သောင်း

ပေါက်စီရဲ့ ပရိသတ်ကြီး နှစ် သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ပြီး လိုအင်ဆန္ဒတွေ ပြည့်ဝနိုင်ကြပါ စေ။ လူမှုရေး၊ စီးပွားရေးတွေ အဆင် ပြေပြီး အေးအေးချမ်းချမ်းလေး နေ ထိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးပါ တယ်။

*********************

စိုးပြည့်သဇင်

နှစ်သစ်မှာ ပရိသတ်ကြီးများ အားလုံး စိတ်၏ချမ်းသာခြင်း ၊ ကိုယ် ၏ ကျန်းမာခြင်းတွေ ပြည့်ဝကြ ပါစေ။ ဘေးရန်ခပ်သိမ်းကင်းဝေး၍ အေးအေးချမ်းချမ်းလေးနဲ့ ဘဝကို ဖြတ်သန်းနိုင်ကြပါစေ။

*********************

 အိချောပို

နှစ်သစ်မှာ ပျော်ရွှင်သော နေ့ ရက်များစွာကို ပိုင်ဆိုင်နိုင်ကြပါစေ။ စီးပွားလာဘ်လာဘများလည်း အစဉ် အမြဲ တိုးတက်ကြပါစေ။ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ နေ့ရက်များစွာကို ဖြတ်သန်းနိုင်ကြပါစေ။

*********************

 


LEAVE A REPLY

Please enter your comment!
Please enter your name here